အော်စကာဆုဆိုသည်မှာ သူမလိုချင်လို့မရတာဖြစ်ကြောင်း Johnny Depp ပြောကြား
28 May 2019 1,506 Views
ကမ္ဘာကျော် ပင်လယ်ဓားပြမင်းသားကြီး Johnny Depp ဟာဆိုရင် Jack Sparrow ဇာတ်ကောင်နဲ့ အောင်မြင်ကျော်ကြားသူတစ်ဦးဖြစ်ပါတယ်။ Johnny Depp ဆိုရင် Jack Sparrow , Jack Sparrow ဆိုရင် Johnny Depp ဆိုပြီး တစ်သားတည်း မှတ်ထားကြတာပါ။ ပင်လယ်ပျော်ဓားပြကြီးဆိုပြီး လူသိများတဲ့ မင်းသားကြီးဟာ ယနေ့တိုင် အော်စကာဆု ဆွတ်ခူးနိုင်ခြင်းမျိုးမရှိသေးပါဘူး။ ပင်လယ်ဓားပြမင်းသားကြီး ဘာကြောင့် အော်စကာဆုကို စိတ်မဝင်စားသလဲဆိုတာ ဆက်လက်ဖတ်ရှုလိုက်ရအောင်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<
Johnny Depp မင်းသားကြီးဟာ အော်စကာ ဆုပေးပွဲနဲ့ ပတ်သတ်ပြီး Newsbeat အင်တာဗျူးမှာပြောကြားလာပါတယ်။ “ကြိုးစားတဲ့လူတိုင်း ကိုအသိအမှတ်ပြုတဲ့အနေနဲ့ ဆုပေးတာဟာ ကောင်းပါတယ်။ ဆုရတဲ့ ဇာတ်ကားက နာမည်ပိုကြီးတာကလဲ သဘာဝပဲလေ” လို့ပြောသွားခဲ့ပါတယ်။ ဒီအကြောင်းအရာတွေကို မင်းသားကြီးက ၂၀၁၅ ခုနှစ် လန်ဒန်ရုပ်ရှင်ပွဲတော်မှာပြောသွားတာဖြစ်ပါတယ်။
“ကျွန်တော်ကတော့ ဆုရဖို့ကို စိတ်ကိုမဝင်စားဘူး၊ ဒီဆုကိုမှမဟုတ်ဘူး တခြားဆုတွေလဲ ဒီအတိုင်းပဲ သေချာတာကတော့ ကျွန်တော်မလိုချင်လို့ မရတာလဲပါပါတယ်” ဆိုပြီး အော်စကာနဲ့ ပတ်သတ်တဲ့ သူ့ခံစားချက်ကို ပြောပြလာပါတယ်
“သူတို့ကတော့ ကျွန်တော့်ကို စကားတင်စာရင်းထဲထည့်ပေးပါတယ် ၂ ကြိမ် ၃ ကြိမ်ဖြစ်မယ်နဲ့တူတယ် အတိအကျတော့မမှတ်မိတော့ဘူး” ဆိုပြီး ပြောသွားပါတယ်။ Johnny Depp ဟာ Neverland (2004), Sweeney Todd(2007) နဲ့ Caribbean film (2003) တို့ဖြင့် အော်စကားတင်စာရင်း ဝင်ခဲ့တာပါ။ Johnny Depp ဟာ Captain Jack Sparrow ဇာတ်ကောင်ကို ချစ်လွန်းတာကြောင့် သူ့ရဲ့ ရွှေသွားကြီးကိုတောင် မချွတ်နိုင်ပဲ အမြဲတစေ ဆင်မြန်းခဲ့တာပါ။
တစ်ဖန် ဆုတစ်ခုရရှိခြင်းရဲ့အဓိပ္ပါယ်ကို မေးမြန်းတဲ့အခါမှာတော့ “ဆုတစ်ခု အနိုင်ရတယ်ဆိုတာ ပြိုင်တဲ့လူရှိလို့ရတာပါ။ ကျွန်တော်ယ်သူ့ကို မှမပြိုင်နေတဲ့အတွက် မရတာပါ” လို့ ပြောသွားပါတယ်။ “တကယ်တော့ ကျွန်တော်လဲ လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်နေတာပါပဲ ဘာမှထူးဆန်းတာမပါပါဘူး၊ ကြိုက်တဲ့သူရှိသလို ကျွန်တော့်ကို မကြိုက်တဲ့သူလဲ ရှိမှာပေါ့” ဆိုပြီး ပြောသွားပါတယ်။
(ပိုပိုလေး)