ဖန်ဂရာဇီရေခဲတောင်မှာ ပျောက်ဆုံးသွားတဲ့မိန်းကလေး ခန္ဓာကိုယ်အလောင်းပြန်ရှာတွေ့ပြီ
28 May 2019 1,453 Views
ဖန်ဂရာဇီရေခဲတောင်မှာ ပျောက်ဆုံးသွားတဲ့ မစိမ့်ထက်ရဲ့ ကိုယ်ခန္ဓာအလောင်းကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပါပြီ။ မစိမ့်ထက်ဟာ ဧပြီလ ၆ ရက်နေ့မှာ တောင်စတက်ခဲ့ပြီး ၁၂ ရက်နေ့မှာ တောင်ထိပ်သို့ရောက်ရှိခဲ့တာဖြစ်ပါတယ်။ ၁၂ ရက်နေ့ မနက် ၉ နာရီတောင်အောက်သို့ ပြန်အဆင်းမှာ ခြေချော်ကျပြီး ပြုတ်ကျသွားခဲ့တာဖြစ်ပါတယ်။ မစိမ့်ထက် သေဆုံးတာနဲ့ပတ်သတ်ပြီး တောင်တက်အဖွဲ့မှ ကိုယ်ခန္ဓာအလောင်း တစ်စစီ ကျိုးပဲ့ပျက်စီးသွားလို့ သယ်ဖို့ မဖြစ်နိုင်ဘူးဆိုပြီး ထွက်ဆိုထားပေမဲ့ ယခု အလောင်းကို ပြန်ရှာတွေ့တဲ့အခါမှာတော့ ထိခိုက်ပွန်းပဲ့ဒဏ်ရာကလွဲလို့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ကျိုးပဲ့ပျက်စီးခြင်းမျိုးမရှိပါဘူး။ ဒီကိစ္စနဲ့ စပ်လျဉ်းပြီး မတရားသဖြင့် သေဆုံးသွားတဲ့ မစိမ့်ထက်ရဲ့ မိသားစုက ဘယ်လို သဘောထားသလဲဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<
သေဆုံးသူ မစိမ့်ထက်ရဲ့ ဖခင်ဦးမောင်မောင်လေးက တောင်တက်အဖွဲ့ခေါင်းဆောင်ကို တရားစွဲမည်ဟု ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့ ၊ ရန်ကုန်မြို့ စင်ထရယ်ဟိုတယ်မှာကျင်းပပြုလုပ်တဲ့ မစိမ့်ထက်အား ကယ်ဆယ်ရှာဖွေရေး သတင်းမှတ်တမ်း အတွေ့အကြုံရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။ လက်ရှိမှာတော့ တောင်တက်အဖွဲ့ခေါင်းဆောင် ကိုပန်းသီး(ခေါ်) ကိုဇော်ဇင်ခိုင်က နိုင်ငံခြားခရီးလွန်နေတယ်လို့ သိရပါတယ်။
မစိမ့်ထက် ပြုတ်ကျခဲ့တဲ့နေရာကို မြန်မာနိုင်ငံခြေလျင်တောင်တက်အဖွဲ့ချုပ်အဖွဲ့ဝင် ဒုဥက္ကဋ္ဌ ဦးကျင်ဦးခေါင်းဆောင်သောအဖွဲ့ဟာ ဧပြီလ ၂၄ ရက်နေ့မှစတင်ကာ မေလဆန်းပိုင်းထိ အားတက်သရောရှာဖွေခဲ့ကြပြီး ယမန်နေ့ မေလ ၂၈ ရက်နေ့မှာ ရုပ်အလောင်းကို အောင်မြင်စွာရှာဖွေနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။
မစိမ့်ထက်ဟာ တောင်တက်အဆင်းလမ်းမှာ ဓာတ်ပုံအရိုက်ခံရင်းတောင်အောက်သို့ ပြုတ်ကျသွားခဲ့တာဖြစ်ပါတယ်။ အတူသွားရောက်ခဲ့တဲ့ တောင်တက်အဖွဲ့မှ ခေါင်းဆောင်နဲ့ လမ်းပြတို့သာ မစိမ့်ထက်သေဆုံးပြီဖြစ်ကြောင်း အတည်ပြုခဲ့ကာ ကျန်တဲ့လူတွေကတော့ အလောင်းကိုမမြင်ခဲ့ရပါဘူး။ လမ်းပြနဲ့ တောင်တက်အဖွဲ့ခေါင်းဆောင်တို့က မစိမ့်ထက်ရဲ့ ကိုယ်ခန္ဓာတစ်စစီ ကျိုးပဲ့သွားတာကြောင့် သယ်ဖို့ မဖြစ်နိုင်လို့ ပစ်ထားခဲ့ရတယ်လို့ ပြောဆိုထားကြပါတယ်။ ယခု ကယ်ဆယ်ရေးအဖွဲ့မှာ ပြန်လည်ရှာဖွေတွေ့ရှိတဲ့အခါမှာတော့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ကျိုးပဲ့ပျက်စီးတာမျိုးမရှိပဲ ပွန်းပဲ့ ဒဏ်ရာသာရှိကြောင်း သိရပါတယ်။
လက်ရှိမှာ မစိမ့်ထက်ရဲ့ ကိုယ်ခန္ဓာအလောင်းကအနည်းငယ် ပုပ်ပွနေပြီဖြစ်လို့ ရန်ကုန်ထိ ပြန်လည်သယ်ဆောင်ဖို့ မဖြစ်နိုင်တော့တဲ့အတွက် ပူတာအိုမြို့မှာသာ မီးသဂြိုလ်ဖို့ စီစဉ်ထားကြောင်း သိရှိရပါတယ်။ မစိမ့်ထက်အတွက် မတရားမှုတွေတော့ အမှန်အကန်ပေါ်ပေါက်လာပြီဖြစ်ပါတယ်။ တရားကို နတ်စောင့်ပြီး အမှန်တကယ်အပြစ်ရှိတဲ့သူကို ပြစ်ဒဏ်ချမှတ်နိုင်ပါစေ။
Source- Justice for Saint Htet
(ပိုပိုလေး)