မန်ယူအသင်းက သူဆီကနေ အကြံညဏ်တောင်းယူခြင်းမရှိတာကြောင့် ဖာဂူဆန် နာကျင်ခံစားရ
27 May 2019 1,463 Views

မန်ယူအသင်း ဂန္ထဝင်နည်းပြဖြစ်သူ ဆာ အဲလက်စ်ဖာဂူဆန်ဟာ နည်းပြ ဆိုးရှားလ် အပါအဝင် ဘုတ်အဖွဲ့ ဝင်များက မိမိထံမှ အကြံညဏ် တောင်းယူခြင်းမရှိတာကြောင့် နာကျင်ခံစားရကြောင်း ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရာသီက မန်ယူအသင်းဟာ ရလဒ်ဆိုးတွေကြုံတွေခဲ့ရပြီး အဆင့် (၆) နေရာနဲ့ ရာသီသိမ်းခဲ့ပြီး ချန်ပီယံဝင်ခွင့်တောင် ဆုံးရှုံးခဲ့ရပါတယ်။ ရလဒ် ဆိုးတွေ ကြုံတွေနေရသော်လည်း ဖာဂူဆန်ထံမှာ မည်သူမှ အကြံညဏ် တောင်းခံခြင်းမရှိတာကြောင့် နည်ပြကြီးက စိတ်ဆိုးနေခြင်းဖြစ်ပါတယ်။
ဖာဂူဆန်ဟာ မန်ယူနည်းပြရာထူးမှ အနားယူပြီးသော်လည်း မန်ယူအသင်းပွဲစဉ်များကို လိုက်ပါကြည့်ရူ အားပေးနေသူ တစ်ဦးဖြစ်ပါတယ်။မန်ယူအသင်း သမိုင်းမှာ အောင်မြင်ဆုံးနည်းပြ တစ်ဦးဖြစ်ခဲ့ပြီး မန်ယူအသင်း ကို ၁၉၈၆ မှ ၂၀၁၃ ခုနှစ်အထိ ၂၇ နှစ်ကြာ တာဝန်ယူကိုင်တွယ်ခဲ့ပါတယ်။
ပရီးမီးယား လိဂ်ချန်ပီယံ ၁၃ ကြိမ်၊ FA ဖလား လေးကြိမ်၊ လိဂ်ဖလား လေးကြိမ်၊ ချန်ပီယံလိဂ်ဖလား နှစ်ကြိမ်၊ ဥရောပစူပါဖလားနှင့် ကလပ်ကမ္ဘာ့ဖလား တစ်ကြိမ်စီအပါအဝင် အောင်မြင်မှု တွေ စိုက်ထူထားနိုင်ခဲ့ပြီး အိုးလ်ထရက်ဖို့ဒ်ကွင်း၏ မြောက်ဘက်ပွဲကြည့်စင်ကိုတောင် ဆာအဲလက်စ်ဖာဂူဆန်ပွဲကြည့်စင် အဖြစ် အမည်နာမ ပေးပြီး ဂုဏ်ပြုခံထားရသူဖြစ်ပါတယ်။.
''ဆာအဲလက်စ်က မန်ယူအသင်းက သဘောထားကွဲလွဲ နေတယ်လို့ ခံစားနေရတယ်။ အနားယူသွား ချိန်ကစပြီး အသင်းအတွက် စဉ်းစားကူညီပေးဖို့ အချိန်ပိုရခဲ့ပေမယ့် နည်းပြဆိုးရှားနဲ့ ဘုတ်အဖွဲ က အကြံညဏ်တောင်ခံခြင်းတာကြောင် နာကျင်ခံစားနေရပါတယ် ''လို့ ဖာဂူဆန်နှင့်နီးစပ်သည့် သူတစ်ဦးကပြောကြားခဲ့တယ်လို့ သိရပါတယ်။