စစ်သင်တန်းမှာ တောက်တဲ့ အစိမ်းလိုက် စားပြခဲ့တဲ့ နည်းပြဆရာ (ရုပ်သံ)
24 May 2019 1,438 Views
စစ်သားတွေဟာ တောတောင်တွေထဲမှာ တာဝန်ထမ်းဆောင်ရင်း ရိက္ခာပြတ်လပ် စားစရာမရှိတဲ့ အခြေအနေနဲ့ ဘယ်အချိန်မျိုးမှာမဆို ကြုံတွေ့နိုင်ပါတယ်။ ဒီလိုအချိန်မျိုး ကြုံလာတဲ့အခါ အသက်ရှင်ရပ်တည်ဖို့ နည်းလမ်းတွေကိုလည်း စစ်သင်တန်းတွေ့မှာ ပို့ချပေးပါတယ်။
ထိုင်းစစ်တပ်ရဲ့ တပ်သားသစ် စစ်သင်တန်းမှာတော့ အသက်ရှင်သန်ရေး နည်းလမ်းကို ပို့ချနေတဲ့ သင်တန်းဆရာက တောက်တဲ့ အစိမ်းစားနည်းကိုပါ လက်တွေ့ ပြသခဲ့ပါတယ်။ ဒီသင်ခန်းစာကတော့ တပ်သားသစ်တွေကို အော့အန်ပြီး အစားသောက်ပါ ပျက်သွားစေပါတယ်။
>>Read More ကိုနှိပ်ပြီး ဖတ်ရှုပါ<<
ရုပ်သံမှာ နည်းပြဆရာက တောက်တဲ့ တစ်ကောင်ကို ကိုင်ထားပြီး ဘယ်လို လုပ်ဆောင်ရတယ်ဆိုတာကို တစ်ဆင့်ခြင်းရှင်းပြပါတယ်။ အဲဒီနောက် တောက်တဲ့ကို ပါးစပ်နဲ့ကိုက်ကာ အရေခွံဆွဲခွာပြီး အစိမ်းလိုက်စားလို့ရတယ်ဆိုတဲ့အကြောင်း၊ ကင်စားရင်ပိုပြီးသင့်လျော်တဲ့ အကြောင်းတွေကို လက်တွေ့ပို့ချခဲ့ပါတယ်။ သင်တန်းသားသစ်တွေကတော့ နည်းပြဆရာ တစ်ခုခုလက်တွေ့လုပ်ပြတိုင်း အံ့သြရွံရှာတဲ့ အသံတွေနဲ့ သင်ကြားနေကြတာကို တွေ့ခဲ့ရပါတယ်။
သင်ခန်းစာအဆုံးမှာတော့ သင်တန်းသားတွေထဲက တစ်ယောက်ကို ထခိုင်းပြီး ပြန်လုပ်ခိုင်းရာမှာ သင်တန်းသားက ကြောက်ရွံ ရွံရှာစွာနဲ့ တောက်တဲ့ ကို ပါးစပ်ထဲအစိမ်းဝါးနေခဲ့ရပါတယ်။ ရုပ်သံဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်နေ့က ထိုင်းနိုင်ငံအရှေ့ပိုင်း ချွန်ဘူရီခရိုင်မှာရှိတဲ့ စစ်စခန်းမှာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။
“ဒီအခြေအနေဟာ လုံးဝရွံစရာကောင်းပြီး မင်းတို့ မလုပ်နိုင်သေးဘူးဆိုတာ ငါနားလည်တယ်၊ အေး.. ဒါပေမယ့် တစ်နေ့ မင်းတို့အခက်ကြုံပြီး စားစရာမရှိလို့ သေရတော့မယ့်အချိန်မှာ ဒီလိုလုပ်ရဲတဲ့ သတ္တိတွေ ရှိလာမှာပါ” လို့ နည်းပြက ပြောကြားခဲ့ပါတယ်။ စာဖတ်သူတွေရော ဒီလိုအခြေနေရောက်ရင် သူလို့ လိုက်လုပ်နိုင်ပါ့မလား ဆိုတာ မန့်ခဲ့ကြပါဦး။