စကာၤပူက ပြဲတစ္ခုကို ခပ်လန်းလန်းဖက်ရှင်ဝတ်ပြီး တက်ရောက်ခဲ့တဲ့ သင်ဇာဝင့်ကျော်
22 May 2019 1,455 Views
ယခုနောက်ပိုင်း ဆိုရှယ်မီဒီယာတစ်ခွင်မှာ ၀တ်စားမှုဖက်ရှင်ပိုင်းနဲ့ပတ်သက်ပြီး ဟိုးလေးတကျော်နာမည်ကြီးလာတဲ့ သင်ဇာဝင့်ကျော်ကတော့ အများကချစ်ခင်အားပေးရတဲ့ အောင်မြင်ကျော်ကြားပြီးသားအနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သင်ဇာ့ကိုတော့ ပရိသတ်တွေက သူမရဲ့အနုပညာနဲ့ပတ်သက်ပြီး စတင်အားပေးခဲ့ကြတာဖြစ်ပြီး တိုးတက်လာတဲ့ ခေတ်ရေစီးကြောင်းနဲ့အညီ ပြောင်းလဲလာတဲ့သူမရဲ့နေထိုင်မှုပုံစံ၊ ၀တ်စားဆင်ယင်မှုဖက်ရှင်ဒီဇိုင်းတို့ကြောင့် အများအမြင်နဲ့အနည်းငယ်သွေဖယ်နေတဲ့သင်ဇာ့ကို တစ်ချို့ပရိသတ်တွေက ပြင်းထန်စွာဝေဖန်ခဲ့ကြပါသေးတယ်။
>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<
ဖက်ရှင်ပိုင်းနဲ့ပတ်သက်ရင် အမြဲဆိုသလို ဝေဖန်တိုက်ခိုက်မှုတွေခံနေရပေမယ့် သူမရဲ့အသက်မွေးဝမ်းကျောင်းအလုပ်တစ်ခုမို့ သင်ဇာကတော့ အနုပညာလောကထဲဝယ် Sexy model အဖြစ်ပါရပ်တည်လာတာဖြစ်ပါတယ်။ ပွဲတစ်ခါတတ်တိုင်း လူမှုကွန်ယက်အွန်လိုင်းသုံးစွဲကြသူတွေကြား အမြဲဂယက်ထအောင်လုပ်နိုင်စွမ်းသူမို့ပင် ပွဲတွေတိုင်းမှာလည်း သူမကမပါမဖြစ် တက်ရောက်ဖို့ဖိတ်ကြားခံရသူပါ။
လတ်တလောမှာတော့ သင်ဇာကတော့ စင်္ကာပူမှာပြုလုပ်တဲ့ အခမ်းအနားပွဲတစ်ခုကို သွားတက်ရောက်ပေးခဲ့တာကိုတွေ့ရပါတယ်။ သူမရဲ့ကိုယ်လုံးအလှကို ပေါ်လွင်နေစေတဲ့ အပြာရောင်ဖက်ရှင်ဆန်းလေးနဲ့ တောက်ပစွာတက်ရောက်ခဲ့တဲ့ပုံရိပ်တွေကိုတော့ သင်ဇာက သူမရဲ့ဖေ့စ်ဘွတ်မှာတင်ထားတာပဲဖြစ်ပါတယ်။
အမြဲဆွဲဆောင်မှုအပြည့်နဲ့ လှပနေတဲ့ သင်ဇာဝင့်ကျော်ရဲ့ပုံရိပ်တွေကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်….
(ပိုပိုလေး)