လင်ရှိမယားကို ခိုးပြေးမှုနှင့် လူ ၃ ဦးကို သစ်ပင်မှာ ကြိုးတုပ်ပြီး ဝိုင်းရိုက် (ရုပ်သံ)
17 May 2019 2,429 Views
အိန္ဒိယနိုင်ငံ မဒရာပါရာဒက်ရှ် စီရင်စုတွင် အမျိုးသားတစ်ဦးနှင့် သူ၏ဆွေမျိုးတော်စပ်သူ အမျိုးသမီး နှစ်ဦးတို့ကို သစ်ပင်မှာ ကြိုးတုပ်ထားပြီး ဒေါသထွက်နေတဲ့ လူအုပ်ကြီးက တုတ်တွေ၊ ကြာပွတ်တွေနဲ့ ဝိုင်းရိုက်နေတာကို ရာနဲ့ချီတဲ့ ရွာသားတွေက ဝိုင်းကြည့်နေခဲ့ကြပါတယ်။
ချည်နှောင်ရိုက်နှက်ခံနေရတဲ့ အမျိုးသားဟာ အိမ်ထောင်ရှိ အမျိုးသမီးတစ်ဦးကို ခိုးပြေးခဲ့ပြီး သူရဲ့ဆွေမျိုးဖြစ်တဲ့ အမျိုးသမီးနှစ်ဦးက ကူညီပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၃ ယောက်လုံး ကြိုးတုပ်ရိုက်ခံရတာဖြစ်ပါတယ်။
>>Read More ကို နှိပ်ပြီးဖတ်ရှုပါ<<
ရာနဲ့ချီတဲ့ လူအုပ်စုကြီးက ဝန်းရံထားပြီး သူတို့ ၃ ဦးကို ရှေးခေတ်ရိုးရာ အပြစ်ပေးတဲ့ ပုံစံနဲ့ သစ်ပင်မှာ ကြိုးတုပ်ထားတာဖြစ်ပါတယ်။ ရုပ်သံမှာတော့ အမျိုးသားက သူ့ရဲ့အပြစ်အတွက် သနားပါလို့ ရိုက်နှက်နေတဲ့ သူတွေကို တောင်းပန်တာ မြင်တွေ့ရပါတယ်။
ကြိုးတုပ်ခံထားရတဲ့ အမျိုးသမီး နှစ်ဦးကိုလည်း အခြားအမျိုးသမီးတွေက တစ်လှည့်စီ ကြာပွတ်တဲ့ ရိုက်နေကြတာကို တွေ့ရပါတယ်။ အပြစ်ပေးရိုက်နှက်မှုဟာ သူတို့ကို ပြန်မလွှတ်ပေးခင်ထိ နာရီအနည်းငယ်ကြာခဲ့ပါတယ်။ ဒါအပြင် အမျိုးသမီးနှစ်ဦးကို အပြစ်ပေး လက်စားချေတဲ့အနေနဲ့ လူတွေဝိုင်းပြီး ဗလက္ကာယလုပ်တာကိုလည်း ခံခဲ့ရပါတယ်။
ဒီလိုကိုယ်တိုင် တရားစီရင် အပြစ်ပေးမှုမှာ ပါဝင်ခဲ့တဲ့ လူ ၉ ဦးကို ရဲစခန်းက အမှုဖွင့်ထားပြီး ၄ ဦးကတော့ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ပါတယ်။ မကြာခင်မှာ ပြန်လည်ဖမ်းဆီးနိုင်လိမ့်မယ်လို့ ရဲအရာရှိ Sanjai Muwel က အိန္ဒိယသတင်းစာကို ဖြေကြားခဲ့ပါတယ်။
လွန်ခဲ့တဲ့ ရက်အနည်းငယ်က အိမ်ထောင်ရှိ အမျိုးသမီးတစ်ယောက်ဟာ သူမရဲ့ ချစ်သူနဲ့ ခိုးရာလိုက်ပြေးသွားခဲ့ပြီး သူမရဲ့ ခင်ပွန်းက ရဲစခန်းမှာ လူပျောက်တိုင်ကြားခဲ့ပါတယ်။ သိပ်မကြာခင်မှာ ခိုးရာလိုက်သွားတဲ့ ဇနီးကို ခြေရာခံမိခဲ့ပြီး ညှိနှိုင်းစေ့စပ်မယ်လို့ ပြောကာ နှစ်ယောက်စလုံးကို ပြန်ခေါ်ခဲ့ကြပါတယ်၊ အဲဒီနောက် သူတို့ကို ကူညီခဲ့တဲ့ မိန်းကလေးနှစ်ယောက်ကိုပါ အခုလို အပြစ်ပေးတာဖြစ်ကြောင်း ရဲအရာရှိက ရှင်းပြခဲ့ပါတယ်။