BEC-TERO TV

ကလေးသရုပ်ဆောင် Wang Suk Hyun ကိုအသက်အန္တရာယ်ပေးဖို့ ခြိမ်းခြောက်သူဖမ်းဆီးခံရ

16 May 2019     1,573 Views


တောင်ကိုးရီးယားနိုင်ငံ နာမည်ကြီးကလေးသရုပ်ဆောင် Wang Suk Hyun ကိုပြီးခဲ့တဲ့ ၂၀၁၉၊ ဇန်နဝါရီမှာ လူတစ်ဦးက အသက်အန္တာရာယ်ပေးဖို့ ခြိမ်းခြောက်ခဲ့ပြီး Wang က Seongdong ရဲစခန်းကို တိုင်ကြားခဲ့ပါတယ်။ လုပ်ကြံခြိမ်းခြောက်သူဟာ အများသုံးဖုန်းနဲ့ ဆက်ခဲ့တာကြောင့် ဖုန်းရှိရာ အရပ်ကိုခြေရာခံပြီး CCTV တွေကို စစ်ဆေးခဲ့ကြရင်း တရားခံကိုဖမ်းမိခဲ့ကြပါတယ်။ ရဲဋ္ဌာနက ဆက်လက်စစ်ဆေးရာ အဆိုပါ လူပဂ္ဂိုလ်က ဘာကြောင့် Wang Suk Hyun ကိုသတ်ဖို့ ခြိမ်းခြောက်ခဲ့သလဲဆိုတာ ဝန်ခံလာပါတယ်။ သူဘယ်လို ဝန်ခံသလဲဆိုတာ သိရဖို့ ဆက်လက်ဖတ်ရှုလိုက်ကြရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

Wang Suk Hyun ကိုခြိမ်းခြောက်ခဲ့တဲ့ တရားခံရဲ့ ဖွင့်ဆိုချက်

“ကျွန်တော် Wang Suk Hyun ကို Can’t live without you ကားမှာ စသိခဲ့ပြီး သူနဲ့ သူငယ်ချင်းဖြစ်ချင်ခဲ့ပါတယ်။ ဒါကြောင့် သူတက်တဲ့ကျောင်းကိုသွားပြီး သူနဲ့ရင်းနှီးအောင်ကြိုးစားခဲ့ပြီး ဖုန်းနံပါတ်ချင်း ဖလှယ်ကြတဲ့ထိ ခင်မင်ရင်းနှီးခဲ့ကြပါတယ်။ နောက်ပိုင်းမှ သူကျွန်တော့်ကို သစ္စာဖောက်ပြီးထားခဲ့တာကြောင့် သူ့အကြောင်း အွန်လိုင်းမှာရှာပြီး ခြိမ်းခြောက်ဖို့ စီစဉ်ခဲ့ပါတယ်။ ကျွန်တော့်အမှားတွေအတွက် ထိုက်သင့်တဲ့အပြစ်ဒဏ်ကို ခံယူသွားမှာပါ တောင်းပန်ပါတယ်” လို့ တရားရုံးမှာထွက်ဆိုခဲ့ပါတယ်။

တဖန် Wang Suk Hyun ကို ခြိမ်းခြောက်သူဟာ လူတွေနဲ့ထိတွေ့ဆက်ဆံဖို့ ခဲယဉ်းတဲ့ရောဂါဝေဒနာ Asperger Syndrome ကိုခံစားနေရတာပဲဖြစ်ပါတယ်။ တရားရုံး ထုတ်ပြန်ချက်အရ Wang Suk Hyun ကိုခြိမ်းခြောက်သူ တရားခံဟာ ၂၀၁၇ မှာ သူတက်ခဲ့တဲ့ ကျောင်းအတွင်း အလားတူ အဖြစ်အပျက်မျိုး ကျူးလွန်ဖူးကြောင်း သိရှိရပါတယ်။ ရောဂါဝေဒနာသည် တစ်ဦးဖြစ်ပြီး သူ့ရဲ့ IQ ကိုစစ်ကြည့်တဲ့အခါ ပျမ်းမျှ 105 ရှိတာကြောင့် ရူးတဲ့အဆင့်အနေဖြင့် သတ်မှတ်လို့ မရသေးပါဘူး။ တရားခံဟာ စိတ်ဓာတ်ကျဆင်းမှုရောဂါ ခံစားနေရတဲ့သာမန်လူတစ်ဦးအဖြစ် ယူဆရတာကြောင့် တရားရုံးမှ ထောင်ဒဏ် ၁၀ လ ချမှတ်ခဲ့ကြောင်း အတိအလင်းထုတ်ပြန်ကြေညာလိုက်ပါတယ်။

ကလေးသရုပ်ဆောင် Wang Suk Hyun ရဲ့အေဂျင်စီမှ ‘အခုဆိုရင် Wang Suk Hyun ဟာ ဘေးကင်းသွားပြီဖြစ်ကြောင်း’ ပရိတ်သတ်ကြီးစိတ်အေးလို့ ရပြီဖြစ်ကြောင်းကိုလဲ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

(ပိုပိုလေး)

 


16 May 2019     1,573 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS