သမီးဖြစ်သူကို ချစ်စရာအမူအယာလေးတွေနဲ့ အားပေးလိုက်တဲ့ နေခြည်ဦးမေမေ
16 May 2019 1,359 Views
Beauty Blogger တစ်ယောက်အဖြစ် ပရိသတ်တွေက စတင်လက်ခံအားပေးခဲ့ရတဲ့ နေခြည်ဦးဟာဆိုရင် တစ်နေ့ထက်တစ်နေ့ ပိုတိုးလာတဲ့အောင်မြင်ကျော်ကြားမှုတွေနဲ့အတူ သရုပ်ဆောင်တစ်ယောက်အဖြစ်ပါ အနုပညာလောကထဲမှာ ကျင်လည်နေပြီဖြစ်ပါတယ်။ အလှအပရေးရာနဲ့ပတ်သက်ပြီး မိန်းကလေးတိုင်းကို အကောင်းဆုံးသောအကြံညာဏ်များပေးလေ့ရှိတဲ့ ချီချီကတော့ သူမကိုယ်တိုင်လည်း အလှအပကိုမြတ်နိုးခုံမင်သူဖြစ်ပြီး အမြဲဖက်ရှင်ကျကျ ပြင်ဆင်ဝတ်စားနေသူမို့ မိန်းမထုကြီးက အချစ်တွေပိုနေရတာပဲဖြစ်ပါတယ်။
>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<
ကိုယ့်ကိုကိုယ်ယုံကြည့်မှုအပြည်နဲ့ အမြဲသွက်လက်ထက်မြတ်နေတဲ့ နေခြည်ဦးဟာဆိုရင် လက်ရှိမှာ အကယ်ဒမီနေတိုးနဲ့အတူ “အခမ်းနားဆုံးမေတ္တာ” ဆိုတဲ့ ရုပ်ရှင်ကားကြီးကိုရိုက်ကူးနေတာပဲဖြစ်ပါတယ်။ နေခြည်ဦးတစ်ယောက် မနက်ခင်းအပြင်သွားခါနီးမှာ ခြံတံခါးဝကနေ ချစ်စရာအမူအယာလေးတွေနဲ့ အားပေးစကားပြောလိုက်တဲ့ သူမရဲ့မေမေ အန်တီဆွေကြောင့် သဘောကျပျော်ရွှင်ခဲ့ပါတယ်။
“Shooting သွားရင် စိတ်အေးအေးထားတဲ့ ကြာပန်းလေး စိတ်လန်းအောင် ခူးပေးလိုက်တယ်။ Chillies တွေရှိတာ မမေ့နဲ့တဲ့။ ဪ… အပူအပင်ကင်းတဲ့ ကလေးလေး မေမေ’’ ဆိုကာ မေမေ့ရဲ့ချစ်စရာကောင်းတဲ့ အမှာစကားလေးနဲ့အတူ ချစ်စဖွယ်အမူအယာတွေနဲ့ သမီးဖြစ်သူကိုအားပေးနေတဲ့ အန်တီဆွေရဲ့ဗီဒီယိုလေးကို ချီချီက သူမရဲ့လူမှုကွန်ယက်မှာတင်ထားဖြစ်ပါတယ်။ မနက်ခင်းအပြင်သွားမယ့်သမီးဖြစ်သူကို ခြံဝကနေ ချစ်စရာအမူအယာလေးတွေလုပ်ပြပြီး အားပေးစကားပြောလိုက်တဲ့ နေခြည်ဦးမေမေ အန်တီဆွေရဲ့ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်။
(ပိုပိုလေး)