BEC-TERO TV

အဖြူကောင်မို့ ချစ်သူအဖြစ်ရွေးချယ်လိုက်တာမဟုတ်ဘူးဆိုတဲ့ သင်ဇာဝင့်ကျော်

16 May 2019     1,803 Views


အနုပညာလောကထဲမှာ အောင်မြင်ကျော်ကြားသူတစ်ယောက်ဖြစ်သလို သူမရဲ့အလှအပကလည်း အားလုံးရဲ့ပါးစပ်ဖျားမှာ နေရာယူထားနိုင်သည်အထိ ရေပန်းစားနာမည်ကြီးတဲ့ သရုပ်ဆောင်သင်ဇာဝင့်ကျော်ကတော့ ပရိသတ်အချစ်တော်မင်းသမီးလေးတစ်ယောက်ဖြစ်ပါတယ်။ လှပပြီးဆွဲဆောင်မှုရှိတဲ့ ကောက်ကြောင်းအလှကြောင့် ပုရိဿတွေရဲ့အခိုင်အမာဝန်းရံခြင်းခံထားရတဲ့ သင်ဇာကတော့ အသက် (၃၀) ကျော်အပျိုကြီးမမအဖြစ် တစ်ကိုယ်တည်းဘ၀မှာပျော်ရွှင်နေပြီး သူမရဲ့အချစ်ရေးကတော့ အားလုံးရဲ့စိတ်ဝင်စားစရာတစ်ခုဖြစ်ခဲ့ပါတယ်။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

ပရိသတ်တွေက သင်ဇာ့ရဲ့အချစ်ကိုပိုင်ဆိုင်ထားတဲ့ မောင်ကံကောင်းကဘယ်သူဖြစ်မလဲဆိုတာသိချင်နေကြပေမယ့် သင်ဇာကတော့ သူမရဲ့ချစ်သူကိုဖော်ပြခြင်းမရှိခဲ့ပါဘူး။ သို့ပေမယ့် မကြာသေးခင်ကတော့ သူမတင်လိုက်တဲ့ဓာတ်ပုံကတစ်ဆင့် သင်ဇာ့ရဲ့ချစ်သူကို ပရိသတ်တွေကရှာဖွေဖော်ထုတ်နိုင်ခဲ့ပြီး ယောကျာ်းထုကြီးအားလုံးကြေကွဲသွားခဲ့ကြရပါတယ်။ သင်ဇာ့ရဲ့ချစ်သူက နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားတစ်ယောက်ဖြစ်ပြီး တစ်ချို့ကတိုင်းတစ်ပါးသားကိုချစ်သူထားတာကြောင့် ဝေဖန်မှုတွေပြုခဲ့ကြသလို တစ်ချို့ကတော့ သင်ဇာ့ရဲ့အချစ်ရေးကိုသဘောတူကြည်ဖြူခဲ့ကြပါတယ်။

ဘယ်လိုပင်ဖြစ်စေ ဝေဖန်မှုတွေသာပိုနေခဲ့တဲ့ သူမရဲ့အချစ်ရေးနဲ့ပတ်သက်ပြီး မီဒီယာတွေနဲ့အင်တာဗျူးမှာ သင်ဇာက ယခုလိုပဲပွင့်ပွင့်လင်းလင်းပြောပြသွားခဲ့ပါတယ်။ သင်ဇာက သူမရဲ့အချစ်ရေးအကြောင်းကို “ဒါက အခုတွဲဖြစ်နေတဲ့ Relationship လေးပါ။ သင်ဇာ့ကို တကယ်ချစ်တယ် အားပေးတယ်ဆိုရင် နားလည်ပေးကြမှာပါ။ သင်ဇာလဲအပျိုပဲလေ ဘာပဲဖြစ်ဖြစ် တစ်ချိန်ချိန်ကျရင် အိမ်ထောင်ပြုရတော့မှာပဲ။ အိမ်ထောင်ပြုတာက လူမျိုးခြားပဲဖြစ်ဖြစ်၊ ဗမာလူမျိုးပဲဖြစ်ဖြစ် ဘယ်လိုလူပဲဖြစ်ပါစေ ကိုယ့်အပေါ်ရေရှည်တကယ်ကောင်းပြီးတော့ သစ္စာရှိနိုင်တဲ့လူမျိုးကိုပဲ သင်ဇာရွေးချယ်မှာပဲ။ လူမည်းပဲဖြစ်ဖြစ် လူဖြူပဲဖြစ်ဖြစ် အဓိကက ကိုယ့်ကိုနားလည်ပြီး၊ ကိုယ့်ကိုတကယ်ချစ်ပြီး၊ သစ္စာရှိတဲ့လူမျိုးကိုပဲရွေးချယ်ဖြစ်တာပါ။ အဖြူကောင်မို့လို့လဲ ရွေးလိုက်တာမဟုတ်ပါဘူး” ဆိုကာ အားလုံးကဝေဖန်ပြောဆိုနေကြတဲ့အပေါ် ဖြေရှင်းလိုက်တာဖြစ်ပါတယ်။

Yannik ကို ချစ်သူအဖြစ် လက်ခံရွေးချယ်ဖြစ်ပုံကို “မြန်မာနိုင်ငံလာပြီး သင်ဇာ့ကိုနှစ်ခါလာတွေ့တယ်၊ သူနှစ်ခါလာတွေ့ပြီးမှ အရင်ဒိတ်ကြည့်တယ်။ သူကလဲကိုယ့်ကိုသဘောကျတယ် သင်ဇာကြိုက်တဲ့အချက်တွေအကုန်လုံးလဲ သူ့မှာပြည့်စုံနေတဲ့အခါကျတော့ ရွေးချယ်ပြီးတွဲဖြစ်သွားတာပါ။ အသက်ကတော့ နဲနဲကြီးတယ်။ ဒါပေမယ့် အရမ်းနားလည်မှုပေးတယ်၊ အလုပ်ကိုလည်း နားလည်တယ်။ ပြီးတော့ဝါသနာလဲတူတယ် သူကသင်ဇာ့အတွက်လည်း ခွန်အားဖြစ်စေတယ်။ သူ့စိတ်ဓာတ်အတွေးအခေါ် သူ့လုပ်ပုံကိုင်ပုံတွေ သူ့အားကစားလိုက်စားမှုတွေ အဲ့တာတွေအားလုံးက သင်ဇာ့အတွက် Motivation ဖြစ်စေတယ် အဲ့တာကြောင့်မို့ပါ” ဆိုကာ သူမနဲ့ဝါသနာတူ၊ အကြိုက်တူကာ အရာရာနားလည်မှုပေးနိုင်တဲ့သူဖြစ်ကြောင်း ပြောပြသွားသလို ချစ်သူက သူမမျက်နှာအညှိုးမခံပဲ အမြဲပျော်ရွှင်အောင်ထားကြောင်းကိုလည်း “သူကအမြဲတမ်း သင်ဇာ့ကိုပျော်အောင်ထားတယ် ရယ်အောင်ထားတယ် မျက်နှာအမြဲတမ်းပြောင်နေတာပေါ့။ စိတ်ညစ်တယ်ဆိုရင်လည်း ပြောင်ပြ၊ ပြူးပြနေတော့ ပျော်ရပါတယ်သူနဲ့က” လို့ဆိုပါတယ်။ ချစ်သူကအမြဲစိတ်ချမ်းသာအောင်ထားတယ်ဆိုတာ မမသင်ဇာကိုကြည့်ရုံနဲ့သိနိုင်ပါတယ်နော်…

ဒါ့အပြင်မော်ဒိုက်ခရီးစဉ်က သူမအတွက်အထူးခြားဆုံးနဲ့ ပျော်ရွှင်စရာခရီးစဉ်တစ်ခုဖြစ်ကြောင်းကို “မော်ဒိုက်သွားခဲ့တာကလည်း မော်ဒိုက်က သင်ဇာ့ရဲ့အိပ်မက်ကမ္ဘာလို့တောင်ပြောလို့ရတယ်။ သင်ဇာ့ဘ၀မှာ အရမ်းကိုသွားချင်တဲ့ အသွားချင်ဆုံးနေရာတစ်ခု။ အဲ့လိုနေရာမျိုးကို ကိုယ်ချစ်တဲ့သူနဲ့သွားရတဲ့အခါကျတော့ ဘာပဲဖြစ်ဖြစ်ပျော်ပါတယ်။ အဲ့လိုမျိုး အေးအေးချမ်းချမ်းလေးပဲနေချင်တယ်၊ ပိုက်ဆံမချမ်းသာရင်နေပါစေ။ ကိုယ့်အပေါ်တကယ်ချစ်ပြီးကောင်းတဲ့ယောကျာ်း ပြီးရင်ကလေးလေးတွေ အဲ့လိုမျိုးလေးပေါ့။ ကိုယ့်မိသားစုဆိုတာကလည်း တစ်သက်လုံးအတူတူနေလို့မရဘူးလေ။ ကိုယ်ပိုင်မိသားစုတည်ဆောက်ဖို့ဆိုတာက အချိန်အခါကျရင်တော့ လုပ်ရတော့မှာပဲဆိုတော့ ကိုယ့်မိသားစုနဲ့အတူ အရမ်းအေးချမ်းတဲ့နေရာမျိုးလေးမှာ နေချင်တယ်၊ အခြေချချင်တယ်။ မြို့ကြီးပြကြီးမှာမဖြစ်ရင်တောင် အေးချမ်းတဲ့တောင်ပေါ်ဒေသလေးမှာပေါ့ အဲ့လိုမျိုးစိတ်ကူးလေးတွေတော့ရှိတယ်” ဆိုကာ တစ်ချိန်သူမပိုင်ဆိုင် တည်ဆောက်ချင်တဲ့မိသားစုပုံစံလေးကိုလဲပြောပြသွားခဲ့ပါတယ်။

ပရိသတ်ကြီးအားလုံးလဲ မတ်မတ်သင်ဇာတစ်ယောက် တိုင်းတစ်ပါးသား နိုင်ငံခြားသားကို ဘာကြောင့်ချစ်သူအဖြစ်ရွေးချယ်ခဲ့တာလဲဆိုတာ သိသွားတဲ့အတွက် မမသင်ဇာ့တို့အချစ်ရေးကို နားလည်ကာသဘောတူကြည်ဖြူကြမယ်လို့ထင်ပါတယ်နော်…

 

Source_MC

(ပိုပိုလေး)


16 May 2019     1,803 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment