ဂျိုအင်ဆောင်းနဲ့အတူ ဗုဒ္ဓမွေးနေ့ပွဲ တက်ရောက်လာတဲ့ ကင်မ်ဝူဘင်
14 May 2019 1,389 Views
တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော်မင်းသား တစ်လက်ဖြစ်တဲ့ ကင်မ်ဝူဘင်ဟာ ဆိုရင် nasopharyngeal လို့အမည်ရတဲ့ ကင်ဆာရောဂါဝေဒနာကို ခံစားနေရတာပဲဖြစ်ပါတယ်။ ဒီရောဂါကတော့ လည်ချောင်းနဲ့ သက်ဆိုင်တဲ့ ကင်ဆာရောဂါပဲဖြစ်ပါတယ်။ ကင်မ်ဝူဘင်ဟာ ရောဂါ စဖြစ်ကတည်းက ဆေးကုသမှု ခံယူနေတာဖြစ်ပြီး သရုပ်ဆောင် အလုပ်ကို ခေတ္တရပ်နားထားတာဖြစ်ပါတယ်။ ပရိတ်သတ်ရှေ့ကို လူလုံးမထွက်ပြတာ ကြာပြီဖြစ်လို့ ပရိတ်သတ်ကြီးက ကင်မ်ဝူဘင်တစ်ယောက် နေကောင်းကျန်းမာရဲ့လားဆိုတာ သိချင်နေကြပါပြီ။ ကင်မ်ဝူဘင်ဟာ ပြီးခဲ့တဲ့ရက်အနည်းငယ်က ပြုလုပ်ခဲ့တဲ့ ဗုဒ္ဓမွေးနေ့ဆုတောင်းပွဲကို ညီအစ်ကိုလို ခင်မင်ရတဲ့ သရုပ်ဆောင် ဂျိုအင်ဆောင်းနဲ့ တက်ရောက်လာပါတယ်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ<<
ကင်မ်ဝူဘင်ဟာ အနားယူနေတဲ့ ဒီနှစ်ပိုင်းတွေမှာ ဆေးကုသမှုခံယူနေတာဖြစ်ပြီး လုံးဝအကောင်းပကတိမဟုတ်သေးပေမဲ့ အရင်ကထက် ကျန်းမာရေးအခြေအနေ ပိုမိုကောင်းမွန်လာကြောင်းကို သူ၏အေဂျင်စီမှ သတင်းထုတ်ပြန်ဖူးပါတယ်။လူအများစုက ဝူဘင်းဟာ ကျန်းမာရေးမကောင်းတာကြောင့် သရုပ်ဆောင်အလုပ်ကို စွန့်လွှတ်လိုက်ပြီလို့ ထင်မှတ်နေကြတာပါ။ ဒါပေမဲ့ ကင်မ်ဝူဘင်းကဆေးကုသမှုခံယူပြီး အကောင်းပကတိဖြစ်တဲ့အခါ သရုပ်ဆောင်လောကကို ပြန်လာမယ်လို့ ကတိပေးသွားပါတယ်။
ဝူဘင်းဟာ ညီအစ်ကိုလို ခင်မင်ရင်းနှီးရတဲ့ သရုပ်ဆောင် ဂျိုအင်ဆောင်းနဲ့အတူ ဗုဒ္ဓဘုရားရှိခိုးကျောင်းက ပြုလုပ်တဲ့ ဗုဒ္ဓမွေးနေ့ဆုတောင်းပွဲကို အတူတက်ရောက်ခဲ့ကြပါတယ်။ ဝူဘင်း နေမကောင်းဖြစ်နေတဲ့အချိန် ဂရုစိုက်ပေးတဲ့ ဂျိုအင်ဆောင်းဟာ အစ်ကိုပီသလှပါပေတယ်။
သရုပ်ဆောင် ဂျိုအင်ဆောင်း၊ လီကွမ်ဆူး၊ လင်းမ်ဂျူဟွမ်း၊ ကင်မ်ဝူဘင်၊ ဆောင်းဂျွန်ကီနဲ့ Exo အဖွဲ့မှာ D.O တို့ဟာ ပြင်ပမှာ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေသူငယ်ချင်းများဖြစ်ကြပါတယ်။ ဒီလို ဒိတ်ဒိတ်ကျဲတွေ သူငယ်ချင်းအဖြစ် စုမိနေတဲ့ အဖွဲ့ကို “Jo In Sung and brothers” ဆိုပြီး ပရိတ်သတ်များက နာမည်ပေးထားကြပါတယ်။
ကင်မ်ဝူဘင် နေမကောင်းဖြစ်နေစဉ် အတောအတွင်း သူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့ သူ့ချစ်သူ ရှင်မင်အ တို့က ဝိုင်းဝန်းအားပေးခဲ့တဲ့ အကျိုးကျေးဇူးတွေကြောင့် ဝူဘင်းတစ်ယောက် အမြန်ဆုံး နေကောင်းကျန်းမာလာပါပြီ။ မကြာခင်မှာ ပရိတ်သတ်ရှေ့ပြန်ရောက်လာပြီး ကျန်းကျန်းမာမာနဲ့ ဇာတ်ကားတွေပြန်ရိုက်နိုင်ဖို့ မျှော်လင့်မိပါတယ်။
(ပိုပိုလေး)