ပရိသတ်ပေးတဲ့ဆုကို နာမကျန်းဖြစ်နေတဲ့ သရုပ်ဆောင်ကြီးတွေဆီ အိမ်တိုင်ရာရောက်သွားလှူခဲ့တဲ့ မီစုံတွဲ
14 May 2019 1,429 Views
မီစုံတွဲလို့ ပရိသတ်တွေက ချစ်စနိုးလေးခေါ်ကြတဲ့ ဒါရိုက်တာဏကြီးနဲ့ ပိုင်ဖြိုးသုတို့ဇနီးမောင်နှံကတော့ အနုပညာပိုင်းမှာ ပါရမီအရည်အချင်းတွေကိုယ်စီပြည့်ဝသူများဖြစ်ကြပြီး ပရိသတ်ရဲ့အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ စုံတွဲလေးဖြစ်ပါတယ်။ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ ပရိသတ်တွေကမျှော်မှန်းခဲ့ကြပေမယ့် အကယ်ဒမီနဲ့ဝေးကွာခဲ့တဲ့ ပိုင်ဖြိုးသုတို့ဇနီးမောင်နှံကတော့ ပရိသတ်တွေပေးတဲ့ အကယ်ဒမီဆုကိုရရှိခဲ့ကြပါတယ်။
ချစ်ရတဲ့ပရိသတ်တွေက စုပေါင်းပြီးပေးတဲ့ ပြည်သူ့အကယ်ဒမီဆုကိုတော့ ခီမောင်နှံလို့ခေါ်ကြတဲ့ ဒါရိုက်တာခရစ်တီးနားခီနဲ့ သရုပ်ဆောင် ဇာဏ်ခီတို့စုံတွဲနဲ့ မီစုံတွဲလေးဖြစ်တဲ့ ဒါရိုက်တာဏကြီးနဲ့ သရုပ်ဆောင်ပိုင်ဖြိုးသုတို့စုံတွဲက ရရှိခဲ့ပြီး မေလ (၁၂) ရက်နေ့က ဆုပေးပွဲကိုကျင်းပပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။
ဒါရိုက်တာဏကြီးနဲ့ပိုင်ဖြိုးသုတို့ဇနီးမောင်နှံကတော့ ဆုပေးပွဲကရရှိလာတဲ့ ပရိသတ်တွေချီးမြှင့်ထားတဲ့ ရုပ်ထုနဲ့ ချီးမြှင့်ငွေများကို နာမကျန်းဖြစ်နေတဲ့ ၀ါရင့်သရုပ်ဆောင်ကြီးတွေကို ပြန်လည်အလှူဒါနပြုလုပ်ခဲ့ပါတယ်။ တစ်အိမ်တက်တစ်အိမ်ဆင်းပြီး နာမကျန်းဖြစ်နေတဲ့ ၀ါရင့်ဇာတ်ပို့သရုပ်ဆောင်ကြီးတွေဆီကို ဆုရရှိငွေများသွားရောက်လှူဒါန်းခဲ့ကြောင်းကို ပိုင်ဖြိုးသုက သူမရဲ့လူမှုကွန်ယက်ပေါ်ကနေ ရေးသားမျှဝေထားတာပါတယ်။
“၁၂ရက်ညနေက ပြည်သူ့အကယ်ဒမီ ဆိုပြီးအနယ်နယ်အရပ်ရပ်က သုသုတို့ပရိတ်သတ်တွေ ပေးခဲ့တဲ့ ပန်းပုရုပ်ထုနဲ့ အတူသုသုတို့ရရှိခဲ့တဲ့ ချီးမြှင့်ငွေအားလုံးကို ကျန်းမာရေးမကောင်းဖြစ်နေတဲ့ ဝါရင့်ဇာတ်ပို့သရုပ်ဆောင်ကြီးတွေဖြစ်တဲ့ ဘဘဦးမန်းဝင်း ဘဘဦးပေါ်လေး ဘဘဦးဝင်းနိုင်(အနုပညာ) လေးလေးဦးဧရာ မကြီးကစ်ကစ် မကြီးနွယ်နီ တို့ကိုခွဲဝေကန်တော့ခဲ့ပါတယ်