BEC-TERO TV

မိုးမရွာလို့ ကြောင်လေးတွေနဲ့ မိုးခေါ် ပူဇော်ပသ ဆုတောင်းပွဲပြုလုပ်

09 May 2019     1,692 Views


ထိုင်းနိုင်ငံ မြောက်ပိုင်း အတ္ထရာဒစ် ပြည်နယ်က ဒေသခံတွေဟာ ပူအိုက်တဲ့ ရာသီဥတုဒဏ်ကြောင့် သူတို့ရဲ့ ရှေးရိုးစွဲ ထုံးတမ်းစဉ်လာအတိုင်း ကြောင်လေးတွေကို လှောင်အိမ်ထဲမှာ ဖမ်းထည့်၊ သူတို့ရဲ့မျက်နှာတွေကိုလည်း ကြောင်တွေလို ချယ်သပြင်ဆင်ပြီး မြို့အနှံ့လှည့်လည်ကာ မိုးနတ်မင်းကို ပူဇော်ပြသပွဲ ပြုလုပ်ခဲ့ပါတယ်။
 
>>Read More ကိုနှိပ်ပြီးဖတ်ရှုပါ<<
 
 
ဒေသစွဲရိုးရာ အယူအဆဖြစ်ပေမယ့် ဒီလုပ်ရပ်ဟာ နုနယ်လှတဲ့ ကြောင်လေးတွေအတွက်တော့ အလွန်ရက်စက်ရာ ရောက်ခဲ့ပါတယ်။
 
ကလေးတွေနဲ့ အရွယ်ရောက်ပြီးသား လူကြီးအချို့က သူတို့ရဲ့မျက်နှာပေါ်မှာ မိတ်ကပ်တွေနဲ့ ကြောင်ပုံစံပြင်ဆင်ထားကြပါတယ်။ ဒီလိုပြင်ဆင်ထားတဲ့သူတွေကိုတော့ ဒေသအခေါ်အဝေါ်  ကြောင်အော်တဲ့အသံနဲ့ ‘ညောင် လူသား’ တွေလို့ ပွဲမှာ သမုတ်ကြပါတယ်။
 
 
ဒီပွဲမှာ ဒေသခံတွေက ဗုံတွေတီးဝိုင်းတွေနဲ့အတူ ကြောင်တွေကို လှောင်အိမ်တွေထဲထည့်ကာ ထမ်းစင်တွေနဲ့ ထုတ်လာကြပြီး မြို့အနှံ့ လူတွေစီတန်းလှည့်လည်ကြပါတယ်။ လမ်းတလျှောက်မှာ လှောင်အိမ်ထဲက ကြောင်တွေကို ရေနဲ့ပက်ကြပြီး ကြောင်အော်သံ “ညောင်..ညောင်” ကြားရအောင် အဆက်မပြတ် လုပ်ကြပါတယ်။ ‘ညောင်လူသား’ တွေကလည်း ကြောင်တွေနည်းတူ လိုက်အော်ကြပါတယ်။
 
 
ဒေသခံတွေရဲ့ အယူအဆက ကြောင်တွေက ‘ညောင်ညောင်’ လို့ ကျယ်ကျယ်အော်လေ မိုးရွာဖို့ အခွင့်အလမ်းများလေးလို့ ယုံကြည်ပြီး ကြောင်တွေ အသံကျယ်ကျယ်အော်အောင် ရေတွေနဲ့ ပက်ကြပါတယ်။ 
 
 
 
ကြောက်ရွံ့ထိတ်လန့်ပြီး အော်နေတဲ့ “ညောင်ညောင်” ဆိုတဲ့ အသံဟာ သူတို့အတွက် မိုးခေါ်သံ ဖြစ်ကောင်းဖြစ်ပေမယ့် ကြောင်ချစ်သူတွေအတွက်တော့ အသည်းနှလုံး ဆတ်ဆတ်ခါအောင် နာကျင်ရပါတယ်။
 
ရေအလွန်ကြောက်တတ်တဲ့ ကြောင်းလေးတွေဟာ လှောင်အိမ်ထဲမှာ ပြေးပေါက်မရှိပဲ အဖန်ဖန်အလဲလဲ ရေလောင်းခံနေရတာကတော့ ရက်စက်လွန်းရာကျတယ်လို့ တိရိစ္ဆာန်ချစ်သူတွေက ဝေဖန်နေကြပါတယ်။ စာဖတ်သူတွေကရော ဘယ်လို ထင်မြင်မိလဲဆိုတာ ကွန်မန့်မှာ ရေးခဲ့ကြပါဦး။

 


09 May 2019     1,692 Views




RELATED

Most Popular of Special or Others

Most Popular of NEWS