ပေါ့ဆမှုကြောင့် အပျော်စီးသင်္ဘောငယ် ပေါက်ကွဲပြီး လူသေဆုံး (ရုပ်သံ)
09 May 2019 1,341 Views
ခရီးသွားကုမ္ပဏီတစ်ခု ပိုင်ဆိုင်သော အပျော်စီး ဇိမ်ခံသင်္ဘောငယ် တစ်စင်းကို ပြုပြင်ရာမှ အလုပ်သမားတစ်ဦး၏ ပေါ့ဆမှုကြောင့် မီးလောင်ပေါက်ကွဲထွက်ကာ တစ်စစီလွင့်စင်လျှက် လူသေဆုံး ဒဏ်ရာရခဲ့မှု ကိုလံဘီယာတွင် မေလ ၅ ရက်နေ့က ဖြစ်ပွားခဲ့သည်။
စီစီတီဗီရုပ်သံအရ အမျိုးသားတစ်ဦးဟာ သင်္ဘော၏ အနောက်ဖက်ပိုင်းမှာ ထိုင်နေစဉ် ရုတ်တရက် မီးပွင့်တစ်ခုပွင့်ထွက်လာပြီး သင်္ဘောတစ်စီးလုံး ကြေမွကာ အစိတ်အပိုင်းများ လူနဲ့အတူ ပင်လယ်ထဲသို့ လွှင့်စင်ပေါက်ကွဲထွက်သွားတာကို တွေ့လိုက်ရပါတယ်။
>>Read More ကိုနှိပ်ပြီးဖတ်ရှုပါ<<
(မှတ်ချက်။ ။ သတင်းနဲ့အတူပါရှိသော ရုပ်သံတွင် ကြည့်ရှုသူများ စိတ်အနှောက်ယှက်ဖြစ်ဖွယ်ရာ ပုံရိပ်များ ပါဝင်သဖြင့် သတိပြုနိုင်ရန် ကြိုတင်အသိပေးအပ်ပါတယ်)
သက်ဆိုင်ရာ စစ်ဆေးရေးအရာရှိတွေရဲ့ အဆိုအရ သင်္ဘောကို ခရီးသွားကုမ္ပဏီက ပိုင်ဆိုင်ပြီး ဆိပ်ကမ်းမြို့ဖြစ်တဲ့ Necocli မှာ ပြုပြင်ဖို့ ဆိုက်ကပ်ထားတာဖြစ်ပါတယ်။ ပြုပြင်ရေး လုပ်သားတွေထဲက တစ်ယောက်က ဂဟေဆော်ရာမှာ ဆီတိုင်ကီကို ထိသွားပြီး အခုလို ပေါက်ကွဲရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ပေါက်ကွဲမှုကြောင့် အသက် ၄၈ နှစ်အရွယ် အလုပ်သမားတစ်ဦးသေဆုံးခဲ့ပြီး ၂ ဦးဒဏ်ရာရကာ ဆေးကုသမှုခံနေရသည်။ ဆိပ်ကမ်းအာဏာပိုင်၏ ပြောကြားချက်အရ အဆိုပါသင်္ဘောကို ပြုပြင်ဖို့ လုံလောက်တဲ့ ခွင့်ပြုချက်တွေ ရယူထားတာမရှိသလို အလုပ်သမားတွေကလည်း ချမှတ်ထားတဲ့ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး အချက်လက်တွေကို လိုက်နာဖို့ ပျက်ကွက်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ သင်္ဘောငယ်ဟာ Necocil နဲ့ Acandi မြို့ နှစ်မြို့အကြား နိုင်ငံခြားခရီးသွားဧည့်သည်တွေကို ပို့ဆောင်ပေးတဲ့ သင်္ဘောဖြစ်ပြီး လူ ၁၀၀ ခန့် စီးနင်းလိုက်ပါနိုင်ကြောင်း သိရှိရသည်။