BEC-TERO TV

သခင်ရဲ့နားကြပ်ကို ကိုက်ဖြတ်မိလို့ အစားလျော်ပေးပြီး တောင်းပန်တဲ့ ကြောင်လေး

08 May 2019     1,914 Views


ကြောင်ကလေး,လေးတွေဟာ ချစ်စရာကောင်းသလောက် တစ်ချက်မှ အငြိမ်မနေပဲ အလွန်ဆော့တဲ့အတွက် တစ်ခါတစ်ရံသူတို့ကြောင့် သခင်တွေ့ရဲ့ အဖိုးတန်ပစ္စည်းတွေ ပျက်ဆီးဆုံးရှုံးရတာတွေရှိပါတယ်။
 
>>Read More ကိုနှိပ်ပြီး ဖတ်ရှုပါ<<
 
ရှုးဖိနပ်အကောင်းစားတွေကို သူတို့သွားတွေနဲ့ ကိုက်ပစ်တာမျိုး လယ်သာဆိုဖာ ဆက်တီတွေကို လက်သည်းနဲ့ ကုတ်ခြစ်ပစ်တာမျိုး စသည်ဖြင့် အမျိုးမျိုး လုပ်တတ်ကြပါတယ်။ 
 
လက်တလောမှာတော့ ကြောင်လေးတစ်ကောင်က သူ့သခင်ရဲ့ ဖုန်းနာကြပ်ကြိုးကို ဆော့ရင်းနဲ့ ကိုက်ဖြတ်မိသွားပါတယ်။ ဒါပေမယ့် သိပ်မကြာခင်မှာ သူ့ရဲ့အမှားအတွက် သခင်ကို တောင်းပန်တဲ့ အနေနဲ့ အစားပြန်လျော်ပေးခဲ့တဲ့ အရာကြောင့် သခင်ဖြစ်သူ အံ့သြထိတ်လန့်ခဲ့ရပါတယ်။
 
 
 
အင်ဒိုနီးရှားနိုင်ငံက Haryanto Pherwhirra Ramadhani ဆိုသူက သူ့ရဲ့ ဖေ့စ်ဘွခ်မှာ ဓါတ်ပုံလေးတွေနဲ့ အကြောင်းစုံကို တင်ထားပြီးနောက် ဝင်ရောက်ရေးသား ပြန်လည်ဝေမျှသူတွေနဲ့ များပြားခဲ့ပါတယ်။ သူရေးထားတာက - “ဒီနေ့မနက် စောစောပိုင်းက အိပ်ယာထဲမှာရှိတဲ့ ကျနော့်ရဲ့ နားကြပ်ကို သူဆော့နေရင်း မတော်တဆ ပြတ်သွားတယ်။ ဒါနဲ့ ကျနော်ဆူလိုက်တော့ သူအိမ်ကနေထွက်သွားတယ်။ တစ်နာရီလောက်ကြာတော့ ပြန်ရောက်လာပြီး ကျနော့ ရှေ့မှာမြွေအသေးလေးတစ်ကောင်လာချပေးတယ်။ ရုတ်တရက်ဆိုတော့ လန့်သွားတာပဲ။ နောက်တော့မှ ဘယ်ဟုတ်မလဲသူက ကျနော့်ကို တောင်းပန်တဲ့အကြေည့်လေးနဲ့ ကြည့်နေတာ” လို့ ရေးသားခဲ့ပါတယ်။
 
 
သူ့ရဲ့ပိုစ့်အောက်မှာ ဝင်ရောက်ရေးသားသူတွေက ကြောင်လေးဟာ သူ့ရဲ့အသိဉာဏ်လေးနဲ့ သူ့ကြောင့်ပျက်ဆီးသွားတာကို တာဝန်ယူတတ်တယ်လို့ ချီးမွမ်းကြပါတယ်။ တစ်ယောက်ကလည်း သခင့်အတွက် နားကြပ်အစား တပ်ဖို့ နားကြပ်နဲ့တူနဲ့ဟာ ယူလာတာနေမှာပေါ့လို့ ရေးသားထားတာကိုတွေ့ရပါတယ်။
 
 
မိတ်ဆွေရော ကြောင်ချစ်ပါသလား..? ဘာအဓိပ္ပါယ်နဲ့ မြွေလေး ယူလာပေးတယ်ဆိုတာကို နားလည်သလောက် ပြောပြပေးခဲ့ပါဦး။
 

08 May 2019     1,914 Views




RELATED

Most Popular of Special or Others

Most Popular of NEWS