တူကိုင်ကျွမ်းကျင်လို့ အွန်လိုင်းမှာနာမည်ကြီးလာတဲ့ အသက်(၂) နှစ်အရွယ်ကလေးလေး နောက်ကွယ်ကဖြစ်ရပ်မှန်
07 May 2019 1,583 Views
တရုတ်အွန်လိုင်း ဆိုရှယ်မီဒီယာနဲ့ tik tok မှာအသက်(၂) နှစ်အရွယ်လေးနဲ့ တူကိုင်ကျွမ်းကျင်လို့ နာမည်ကြီးလာတဲ့ ကလေးလေးကို မှတ်မိသေးရဲ့လား? သူန့နာမည်ကတော့ Hai Hai ပါ။ Hai Hai ဟာ အသက် တစ်နှစ်သားအရွယ်ကတည်းက leukemia အမည်ရှိ ကင်ဆာရောဂါဝေဒနာကို ခံစားနေရတာပဲဖြစ်ပါတယ်။ နေမကောင်းပေမဲ့ ကိုယ့်အားကိုယ်ကိုးတတ်တဲ့ Hai Hai လေးဟာ အသက် (၂) နှစ်အရွယ်မှာကိုယ်တိုင် တူကိုင်ပြီး စားတတ်နေပါပြီ။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ<<
Hai Hai တစ်ယောက် သူ့ဟာသူ တူကိုင်ပြီးစားတတ်တဲ့အကျင့်ကို သူ့အမေက အကျင့်လုပ်ပေးခဲ့တာဖြစ်ပါတယ်။ Hai Hai ရဲ့ အဖွားဟာလဲ ရင်သားကင်ဆာ ရောဂါဝေဒနာ ခံစားနေရတာကြောင့် Hai Hai အမေမှာ နှစ်ဦးစလုံးကို ကြည့်ရှုစောင့်ရှောက်ဖို့ အခက်အခဲရှိလာခဲ့ပါတယ်။
အသက်(၂) နှစ်သာရှိသေးပေမဲ့ ခါးသက်သက်အရသာရှိတဲ့ ဆေးတွေကို တစ်ချက်မငြင်းပဲ သောက်လေ့ရှိတဲ့ Hai Hai လေးဟာ လိမ္မာလွန်းလှပါတယ်။ သူ့ရည်ရွယ်ချက်က အမြန်ဆုံးနေပြန်ကောင်းလာစေဖို့ပါတဲ့။ Hai Hai ဟာငိုပြီး ဂျီကျတတ်တဲ့ကလေးမဟုတ်ပေမဲ့ တစ်လတစ်ခါ ဆေးသွင်းတဲ့အခါတိုင်း နာကျင်လွန်းတာကြောင့် အပြင်းအထန်ငိုလေ့ရှိတယ်လို့ သူ့မေမေကပြောပါတယ်။
ဆေးတစ်ခါသွင်းပြီးတဲ့ မေမေက Hai Hai အရမ်းကြိုက်တဲ့ ဖက်ထုပ်ပေါင်းလုပ်ကျွေးတာကြောင့် ဆေးထိုးပြီးတိုင်း ပျော်နေတတ်တဲ့ Hai Hai လေးပါ။ လက်ရှိမှာ Hai Hai ရော သူ့အဖွားပါ ရောဂါဝေဒနာခံစားနေရတာဖြစ်တဲ့အတွက် မိသားစုစားဝတ်နေရေးဟာလဲ အဆင်မပြေလှပါဘူး။ Hai Hai အမေဟာ ဆွေမျိုးသားချင်း၊ မိတ်ဆွေသူငယ်ချင်းတွေဆီကနေ ပိုက်ဆံချေးပြီး ဆေးကုပေးနေရတာပဲဖြစ်ပါတယ်။
ဒီဗွီဒီယိုလေးကနေတစ်ဆင့် အွန်လိုင်းမှာ နာမည်ကြီးတဲ့ Hai Hai လေးအတွက် အလှူငွေတွေလိုအပ်နေကြောင်းပြောကြားထားပါတယ်။ ကင်ဆာရောဂါဝေဒနာ ခံစားနေရတဲ့ Hai Hai လေးရဲ့ အဖြစ်မှန်ဗွီဒီယိုကို ကြည့်ရှုခံစားကြည့်လိုက်ကြပါဦး ပရိတ်သတ်ကြီးရေ။
(ပုိပိုေလး)