ခရီးသည်ကို လက်ညိုးငေါက်ငေါက်ထိုးပြီး တုံ့ပြန်တဲ့ YBS 36 ယာဉ်မောင်း(ရုပ်သံ)
07 May 2019 2,007 Views
ဘတ်စ်ကားစီး ခရီးသွားပြည်သူတွေကို ကိုယ့်ရဲ့လက်အောက်ငယ်သားတွေလို ဟိန်းဟောက်ကြိမ်းမောင်း ပြောဆိုခဲ့တဲ့ (မ.ထ.သ.)ခေတ်ကို ပြည်သူကတင်မြှောက်တဲ့ အစိုးရလက်ထက်မှာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ရဲ့ ဦးဆောင်လမ်းညွှန်မှုအောက်မှာ YBS စနစ်အဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။
စနစ်သာပြောင်းလဲနိုင်ခဲ့ပေမယ့် ဝန်ဆောင်မှုနဲ့ YBS ဝန်ထမ်းတွေရဲ့ စိတ်ဓါတ်ခံယူချက်တွေကိုတော့ ယနေ့ထိ အလုံးစုံအောင်မြင်အောင် မပြောင်းလဲနိုင်သေးတာတွေ့ရပါတယ်။
မေလ ၆ ရက်နေ့က ဖြစ်ပျက်ခဲ့ပြီး အွန်လိုင်းပေါ်မှာ ချက်ခြင်းဆိုသလို ပျံ့နှံ့ခဲ့တဲ့ ရုပ်သံဖိုင်မှာ YBS 36 ယာဉ်မောင်းက ကားကို တရကြမ်းမောင်းပြီး ခရီးသည်ပါတဲ့ မှတ်တိုင်မှာ ရပ်ဖို့ ဘဲလ်တီးပေမယ့် ဘဲလ်ကို ကြိုမတီးလို့ဆိုပြီး ကားကို လမ်းဘေးထိုးရပ်ကာ တံခါးလည်းမဖွင့်ပေးပဲ ခရီးသည်ဆီကိုလာပြီး လက်ညိုးငေါက်ငေါက်ထိုးကာ ရန်တွေ့သလို ပြောဆိုတဲ့ အမူအယာဟာ လုံးဝ လက်ခံနိုင်စရာမကောင်းခဲ့ပါဘူး။
>>Read More ကို နှိပ်ပြီးဖတ်ရှုပါ<<
ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေမှာ စားသုံးသူကို ပြေပြေလည်လည်ဆက်ဆံရမယ့်အစား အခုလို လူမိုက်ဆန်ဆန် တုံ့ပြန်တာကတော့ ကုမ္ပဏီရဲ့ ဝန်ထမ်းတွေကို လေ့ကျင့်သင်ကြားပေးမှု လိုအပ်ချက်လား၊ ကာယကံရှင်ရဲ့ ပင်ကိုယ်အမူအကျင့်လားဆိုတာကိုတော့ မသိနိုင်ပါဘူး။
ရန်တွေ့ခံခဲ့ရတဲ့ ခရီးသည်က ဖြစ်စဉ် အစ/ဆုံးကို အောက်ပါအတိုင်း ရေးသားဖော်ပြခဲ့ပါတယ်။
YBS 36 (5N/4394) ယနေ့ နံနက် ၇ နာရီခန့်တွင် မြောက်ဥက္ကလာ ၂ စျေး မှတ်တိုင်တွင် ကျွန်မတို့ ဆင်းဖို့ကို မှတ်တိုင်နီးမှ ဘဲလ်တီးလို့ဆိုပြီး ကားသမားက ရပ်မပေးပဲ ဆက်မောင်းသွားပါတယ် ...
ကျွန်မတို့က ၂စျေးမှတ်တိုင်ပါတယ်နော်လို့ အော်ပြောတော့ သူက ကားကိုရပ်ပြီး (ကားတံခါးကိုမဖွင့်ပါ) မောင်းတဲ့နေရာမှ ဆင်းလာပြီး ကျွန်မတို့ကို လက်ညိုးငေါက်ငေါက်ထိုးပြီး ရန်လိုတဲ့ အပြုအမူနဲ့ ခရီးသည်ကို အော်ဟစ်ပြောဆိုပါတယ် (Video File တွင်ကြည့်ပါ)
ကားတံခါးကို လုံးဝမဖွင့်ဘဲ ခရီးသည်ကို သူက ပြန်အော်နေတာပါ ကျွန်မ ကမ္ဘာအေးစာတိုက်မှတ်တိုင်က စတက်ကတည်းက သူ အလောသုံးဆယ် မောင်းနေတာပါ ...ခရီးသည်တောင် မတက်ရသေးဘူး ဘီးကလိမ့်နေလို့ မနည်း ပြေးတက်ရပါတယ်
လမ်းတစ်လျှောက်မှတ်တိုင်တွေလဲ ဆင်းမည့်သူမရှိတော့ပဲ လုံးဝ မရပ်ပဲ တက်မည့် ခရီးသည်ကို မတင်ပဲ တောက်လျှောက်မောင်းပါတယ် ... ၂ စျေးမှတ်တိုင်ရောက်တော့လဲ ကားအရှိန်က များနေတော့ ဘဲလ်တီးတာကို မရပ်တော့ပဲဆက်မောင်းတာပါ ... သူသာ ကားကို ပုံမှန်မောင်းနေရင် မှတ်တိုင်နားနီးမှ ဘဲလ်တီးတီး သူ ရပ်ပေးလို့ ရပါတယ်။
ခရီးသည်က ဆင်းဖို့ ဘဲလ်တီးတယ်ဆိုရင် သူ ဘယ်လိုပဲ ဖြစ်ဖြစ် ရပ်ပေးရပါမယ် ... သူတို့က ခရီးသည်ကို ဝန်ဆောင်မှု ပေးရမှာပါ။ ခုက ဝန်ဆောင်မှု မပေးတဲ့အပြင် မောင်းတဲ့နေရာက ထလာပြီး လူကိုတောင် ရန်လိုပြီး လက်ပါမယ့် အပြုအမူတွေပါ ထို ကားသမားကို တိုင်ကြားလိုပါတယ်ရှင့် ... ဘယ်နေရာကို တိုင်ကြားနိုင်မလဲ ပြောပြပေးပါ ...
ထိထိရောက်ရောက် အရေးယူမယ့်နေရာကိုပဲ တိုင်ချင်ပါတယ် .... တိုင်ပြီး ဘာမှ အရေးမယူတဲ့နေရာမျိုးကို အချိန်ကုန်ခံပြီး မတိုင်ချင်ပါဘူး။
မနက်အစောကြီးဆို မြောက်ဥက္ကလာ ပြန်တယ့် YBS 36 တွေ ကားကို မရပ်ပေးပဲ အပေါ်ကြောကနေ မောင်းကြတာများတယ် ... ရုံးချိန်အမှီ မြို့ထဲ ပြန်တက်ချင်တော့ အသည်းအသန်တွေ မောင်းကြပါတယ် ... တခါတလေ ခရီးသည်က တားနေတာတောင် မရပ်ပေးကြပါဘူး YRTA မှ တာဝန်ရှိ လူကြီးမင်းများ YBS ကို တစ်ချက်လောက်လှည့်ကြည့်ပါဦးရှင့် အရင် မထသ လို ဖြစ်နေပါပြီ .... ခရီးသည်ကို ရိုင်းရိုင်းစိုင်းစိုင်း ပြုမူဆက်ဆံနေကြပါတယ်။
သတင်းရုပ်သံ - WintPhyu