မလေးရှားအစ္စလာမ်ဘာသာရေးဆရာမှ BTS ဟာစေတန်လို နတ်ဆိုးဖြစ်ကြောင်းပြောကြား
03 May 2019 1,711 Views
တောင်ကိုးရီးယား နာမည်ကျော် တေးဂီတအဖွဲ့ BTS ဟာဆိုရင် ဟောလိဝုဒ်အထိပါ ပေါက်မြောက်အောင်မြင်တဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။ BTS ရဲ့အောင်မြင်မှုဟာ နှစ်စဉ် billboard ဆုပေးပွဲတွေမှာ ဆုတွေ ဆွတ်ခူးရရှိနိုင်ပြီး ထိန်းမနိုင်သိမ်းမရ တဟုန်ထိုးဖြစ်နေခဲ့ပါတယ်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ<<
BTS ဟာဒီနှစ်ပိုင်းမှာ မလေးရှားနိုင်ငံသို့ သွားရောက်ပြီး world tour လုပ်ရန်ရှိပါတယ်။ ဒါကို မလေးရှားနိုင်ငံ အစ္စလာမ်မစ် ဘာသာရေးဆရာတစ်ဦးမှ ကန့်ကွက်ကြောင်း သူ၏ အင်စတာဂရမ်အကောင့်မှာ ဆန္ဒထုတ်ဖော်ရေးသားလာပါတယ်။
“ငါတို့ဟာ အစ္စလာမ်မစ် နိုင်ငံဖြစ်ပါတယ် ငါတို့နိုင်ငံကို ဒီလိုမိစ္ဆာတွေကို ဘာကြောင့်ဖိတ်ခေါ်ရတာလဲ၊ ရရှားနိုင်ငံမှာတောင် BTS ကိုကြည့်ခွင့်မရှိ ban ထားသေးတာပဲ သူတို့ဟာ နိုင်ငံကို ဘယ်လိုကာကွယ်ရမလဲ ကောင်းကောင်းသိတယ်။ ငါတို့လဲ ငါတို့နိုင်ငံကို မိစ္ဆာရန်က ကာကွယ်သင့်နေပြီ။ တိုင်းပြည်ရဲ့ နောက်မျိုးဆက်သစ်တွေကို ဘာသာရေးနဲ့ပဲ ပတ်သတ်ပြီး ပညာသင်စေရမယ် ” ဆိုပြီး ရေးသားထားပါတယ်။
လက်ရှိအနေအထားအရ BTS ဟာ တားမရဆီးမရ အောင်မြင်ကျော်ကြားနေတာကြောင့် မလေးရှားနိုင်ငံက အစ္စလာမ် ဘာသာဝင်မိန်းကလေးတွေဟာလဲ BTS ကိုအရူးအမူးစွဲလမ်းနေကြကြောင်းသိရှိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး မလေးရှားနိုင်ငံအတွင်း ဘာသာရေးအငြင်းပွားမှုတွေ ဖြစ်ပွားလာခဲ့ပါတယ်။ BTS ကိုကြိုက်နှစ်သက်အားပေးကြတဲ့ Army တွေက ဘာသာရေးဆရာကို ဘာသာရေးကို ကာကွယ်တယ်ဆိုတာ ဖြစ်သင့်တဲ့အကြောင်းအရာတစ်ခုဆိုပေမဲ့ BTS ကိုတော့ မိစ္ဆာလို့ တော့ ပြင်းပြင်းထန်ထန် မပြောသင့်ကြောင်း ပြောဆိုလာကြပါတယ်။
Sorce- koreaboo
(ပိုပိုလေး)