ဝက်ခြံကင်းစင်ဖို့ မဖြစ်မနေ ရှောင်ကြဉ်သင့်တဲ့ အစားအစာများ
03 May 2019 2,029 Views

လေထုညစ်ညမ်းလာတဲ့ ဒီရက်ပိုင်းတွေမှာ လူတော်တော်များများ မျက်နှာမှာ ဝက်ခြံဖုလေးတွေ ထွက်လေ့ရှိကြပါတယ်။ အထူးသဖြင့် ဆယ်ကျော်သက်လေးတွေ ဟော်မုန်းပြောင်းလဲတဲ့အခါ ဝက်ခြံထွက်တာ အများဆုံးပါပဲ။ ဝက်ခြံကတော့ လူတိုင်းလိုလို ထွက်လေ့ရှိတယ်လို့ပြောရမှာပါပဲ နည်းနည်းထွက်တာနဲ့ များများထွက်တာပဲကွာတာပါ။ ဒီမှာ ဝက်ခြံ ပေါက်စေတဲ့ အစားအသောက်တွေက ဘာတွေဆိုတာပြောပြပါမယ်နော်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ<<
၁။ ကာဗိုဟိုက်ဒရိတ်ပါတဲ့ အစားအစာတွေကိုရှောင်ပါ။
ကာဗိုဟိုက်ဒရိတ်ပါတဲ့ အစာတွေကို ပုံမှန်အားဖြင့် ကိုယ်အလေးချိန် လျော့ကျစေဖို့ စားသုံးကြပါတယ်။ သို့ပေမဲ့ ကာဗိုဟိုက်ဒရိတ်တွေမှာ ဝက်ခြံအဆီဖုလေးတွေဖြစ်ပေါ်စေတဲ့ အင်ဆူလင်ပါဝင်တာကြောင့် လိုအပ်တာထက်ပိုပြီး မစားသုံးပေးသင့်ပါဘူး။
၂။ အစေ့အဆန်များ
အစေ့အဆန်တွေမှာပါဝင်တဲ့ Zinc ဓာတ်ဟာ အဆီပါတဲ့ ရေတစ်မျိုးကို ထုတ်ပေးတာကြောင့် များများစားမိရင် ဝက်ခြံအဆီဖုလေးတွေထွက်လာပါလိမ့်မယ်။
၃။ နို့ထွက်ပစ္စည်းများ
ဒိန်ချဉ်၊ ဒိန်ခဲ၊ နွားနို့၊ နို့ချဉ် အစရှိသည်တို့ဟာ ဗီတာမင် (A) ကြွယ်ဝပြီး အဆီပါတဲ့အစားအသောက်တွေဖြစ်တာကြောင့် ဝက်ခြံပေါက်လေ့ရှိသူတွေ အဓိကထားပြီးရှောင်ကြဉ်သင့်ပါတယ်။
၄။ ဗီတာမင်အီး ကြွယ်ဝသောငါးများ
ဗီတာမင်အီးဟာ စိတ်ကစဉ့်ကလျားဖြစ်သူတွေ စားသုံးရမယ့် အစားအစာတွေဖြစ်ပြီး ပြည့်ဝဆီအနည်းငယ်ပါဝင်တာကြောင့် ဝက်ခြံသမားတွေ ရှောင်ကြဉ်သင့်တဲ့ အစားအစာဖြစ်ပါတယ်။
၅။ ကြက်ဥ
ကြက်ဥမှာ အိုမီဂါ-၃ ပါဝင်ပြီး အိုမီဂါ-၃ မှာ ဖက်တီအက်ဆစ်ပါဝင်တာကြောင့် ဝက်ခြံသမားတွေ လုံးဝမစားသင့်ပါဘူး။
၆။ ဗီတာမင်စီ ကြွယ်ဝတဲ့အသီးအနှံများ
ဗီတာမင်စီ ကြွယ်ဝတဲ့ အသီးအနှံတွေမှာ သကြားဓာတ်ပြည့်ဝတာကြောင့် ဝက်ခြံအဆီဖုတွေ ပိုများလာစေမှာပါ။ ဒါကြောင့် တတ်နိုင်သမျှရှောင်ရှားသင့်ပါတယ်။
ဒီလောက်ဆို ဝက်ခြံထွက်တတ်သူတွေ၊ ဝက်ခြံထွက်မှ စိုးရွံ့နေတဲ့သူတွေ ရှောင်ကြဉ် သင့်တဲ့အစားအစာတွေ သိလောက်ပြီထင်ပါတယ်။ မိတ်ဆွေတို့အတွက် အကျိုးရှိသွားမယ်လို့မျှော်လင့်ပါတယ်။
(ပိုပိုလေး)