BEC-TERO TV

FA တွေ အတွက် Facebook ရဲ့ Dating လုပ်ဆောင်ချက်အသစ် အသုံးပြုနည်း (ရုပ်သံ)

02 May 2019     1,553 Views


လွန်ခဲ့တဲ့ တစ်နှစ်လောက်က ဖေ့စ်ဘွခ်ရဲ့ ဂုရုကြီး မာ့ခ်ဇူကာဘတ်ခ် ကတိပေးခဲ့တဲ့အတိုင်း ဖေ့စ်ဘွခ်ပေါ်ကနေ ချစ်သူရှာနိုင်မယ့် လုပ်ဆောင်ချက်အသစ်ကို မေလ ၁ ရက်နေ့က စတင်ထည့်သွင်းပေးလိုက်ပါတယ်။
 
>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<
 
 
လတ်တလောမှာတော့ အမေရိကန်၊ ကနေဒါ၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ မလေးရှားတို့အပါအဝင် နိုင်ငံပေါင်း ၁၉ ခုလောက်မှာ စတင်အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့တော့ လာမယ့်လမှာ ရလာမယ်လို့ ခန့်မှန်းထားတဲ့အတွက် ဒီလုပ်ဆောင်ချက်အသစ်ရလာရင် ဘယ်လိုသုံးရသလဲဆိုတာကို အစိမ်းသက်သက်မဖြစ်အောင် ကြိုတင်ပြီး မိတ်ဆက်ပေးလိုက်ပါရစေ။
 
“Secret Crush” လို့ အမည်ပေးထားတဲ့ လုပ်ဆောင်ချက်အသစ်ကို ဖေ့စ်ဘွခ်ရဲ့ Menu လို့ပြောလို့ရတဲ့ လိုင်းသုံးလိုင်း icon လေး (Android မှာဆိုရင် ညာဘက်အပေါ်ထောင့်) (iOS မှာဆိုရင် ညာဘက် အောက်ထောင့်)ကို နှိပ်လိုက်ရင် အသဲပုံကိုတွေ့ရပါလိမ့်မယ်။
 
နောက်တစ်ဆင့်ကတော့ အောက်မှာဖော်ပြထားတဲ့အတိုင်း လိုအပ်တဲ့အချက်လက်တွေကို ဖြည့်စွက်ပေးရမှာပါ။ ဒီအချက်လက်တွေဟာ ကိုယ့်လိုပဲ အသုံးပြုကြတဲ့ အခြားသူတွေ မြင်တွေ့နိုင်မှာဖြစ်ပါတယ်။
 
 
ကိုယ့်ရဲ့သူငယ်ချင်း စာရင်းထဲက ကိုယ်တွဲချင်တဲ့ လူ ၉ ယောက်ထိ ရွေးချယ်ထားလို့ရပါတယ်။ ဒီလိုရွေးချယ်ထားတာကို တစ်ဖက်လူတွေက ချက်ခြင်းမသိနိုင်ပါဘူး။ ဒီစာရင်းကို တစ်ရက်မှာ တစ်ယောက် အပြောင်းအလဲနဲ့ ပယ်ဖျက်တာ အသစ်ထည့်တာ လုပ်နိုင်ပါတယ်။
 
 
ကိုယ့်စာရင်းခဲမှာ ရွေးထားတဲ့ သူတွေထဲက တစ်ယောက်ကလည်း ကိုယ့်ကို ပြန်ပြီး ရွေးချယ်ထားတယ်ဆိုရင်တော့ ဖေ့စ်ဘွခ်က နှစ်ယောက်စလုံးကို အသိပေးမှာ ဖြစ်ပါတယ်။ ဒီနည်းနဲ့ ကိုယ်ကြိတ်ကြွေနေတဲ့ သူတွေထဲက ကိုယ့်ရဲ့ ဖူးစာဖက်ကို ဖေ့စ်ဘွခ်က အမှန်ကန်ဆုံး တွဲပေးမှာဖြစ်ပါတယ်။
 
 
ဖေ့စ်ဘွခ်ရဲ့ ဖူးစာရေး ဝန်ဆောင်မှု “Secret Crush” ကို စောင့်မျှော်ရင်း Facebook ကို အမြဲတမ်း Update လုပ်ထားဖို့လိုသလို ကိုယ်ကြိတ်ကြွေနေတဲ့သူတွေနဲ့ Friend ဖြစ်အောင် အရင်လုပ်ထားကြဦးနော်..။ 

02 May 2019     1,553 Views




RELATED

Most Popular of Special or Others

Most Popular of NEWS