ရလဒ်အရ ရှုံးနိမ့်ခဲ့သော်လည်း ခြေစွမ်းမှာအသာရလို့ ယာဂန်ကလော့ပ် ဂုဏ်ယူ
02 May 2019 1,395 Views
လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က မိမိတို့အသင်းဟာ ဘာစီလိုနာအသင်းကို ၃-၀ ဖြင့်ရှုံးနိမ့်ခဲ့သော်လည်း ခြေစွမ်းအသာ ၊ ကန်သွင်းချက်အသာဖြင့် ကစားနိုင်ခဲ့တဲ့အတွက်ကြောင့် ဂုဏ်ယူမိတယ်လို့ ပြောဆိုလိုက်ပါတယ်။
လီဗာပူးလ်အသင်းဟာ အဝေးကွင်းမှာ အင်အားကြီး ဘာစီလိုနာအသင်းကို သွားရောက်ကစားရသော်လည်း ဘောပိုင်ဆိုင်မှုက ၅၂ အထိအသာရခဲ့ပြီး ဂိုးပေါက်ကန်သွင်းချက် ၁၅ ကြိမ်ဖြင့် ဘာစီလိုနာထက် ၃ ကြိမ်သာလွန်နေပါတယ်။
“ကျွန်တော်တို့ ရလဒ်မှာတော့ ၃ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပါတယ်။ သို့ပေမယ် ကျွန်တော့ ကစားသမားတွေ အကောင်ဆုံး ကစားနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်။ ဒီအရှုံးကို သင်ခန်စာယူပြီး ပြင်ဆင် သင်ပြမှုတွေဆက်လက် လုပ်ဆောင်သွားမှာပါ “ လို့ ယာဂန်ကလော့ပ်က ပြောပါတယ်။
ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပထမအကျော့အဖြစ် ယှဉ်ပြိုင်ကစားခဲ့သော ယင်းပွဲစဉ်တွင် ဘာစီလိုနာအသင်းဟာ ဆွာရက်၊ မက်ဆီတို့၏ သွင်းဂိုးများဖြင့် လီဗာပူးလ်အသင်းအား (၃)ဂိုးပြတ်အနိုင်ရရှိခဲ့တာကြောင့် နောက်တစ်ဆင့်တက်ရောက်ဖိ့ အခြေအနေကောင်းခဲ့ပြီဖြစ်ပါတယ်။
လီဗာပူးလ်အသင်းကတော့ အဝေးဂိုးတောင်မရရှိခဲ့တာကြောာင့် ဒုတိယအကျော့ပွဲစဉ်မှာ ရုန်းကန်ရဖွယ်ရှိနေပါတယ်။