ပန်းကန်ဆေးခြင်းဟာ စိတ်ဖိစီးမှုလျော့ကျစေဖို့အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း သုတေသီများပြောကြား
30 Apr 2019 1,872 Views

ဖလော်ရီဒါ တက္ကသိုလ်ရှိ ကျောင်းသား ၅၁ ယောက်ကို နှစ်ဖွဲ့ခွဲပြီး စစ်ဆေးစေခဲ့ပါတယ်။ တစ်ဝက်ကို ပန်းကန်ဆေးစေပြီး ကျန်တစ်ဝက်ကိုတော့ ပန်းကန်ဆေးပုံ၊ဆေးနည်း စာပိုဒ်ကို အသံထွက်ဖတ်ရှုစေခဲ့ပါတယ်။ ပန်းကန် ဆေးပုံ၊ ဆေးနည်း စာပိုဒ်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
“ပန်းကန်ဆေးတဲ့အခါ ပန်းကန်ဆေးတယ်လို့တွေးနေရမှာပဲဖြစ်ပါတယ်။” ဒီလိုစကားမျိုး ကြားကြားချင်း ရူးကြောင်ကြောင်နိုင်တယ်လို့ သင်ထင်ကောင်းထင်ပါလိမ့်မယ်။ ဘာကြောင့်ဒီလို အရေးမကြီးတဲ့ကိစ္စရပ်တစ်ခုကို ကျွန်တော်တို့ အာရုံစိုက်ဖို့လိုတယ် လို့ထင်ပါသလဲ? အဲ့ဒီအရေးမကြီးတဲ့ ကိစ္စရပ်တစ်ခုကပဲ အဓိကအချက်ဆိုတာရှင်းပြသွားမှာပါ။ စာပိုဒ်ရဲ့ အဆက်ကတော့
“လူတစ်ယောက်ဟာပန်းကန်ဆေးစင်မှာ ရပ်ပြီးပန်ကန်းဆေးနေတာဟာ လက်ရှိဖြစ်စဉ်ဖြစ်ပါတယ်။ ပန်းကန်ဆေးနေစဉ် မိမိရဲ့ အပြုအမူအသေးစိတ်ကို သတိလေးကပ်ပြီးစောင့်ကြည့်ကြည့်ပါ။ ပန်းကန်ဆေးနေစဉ် မိမိကိုယ်မိမိ လူသားတစ်ယောက်အဖြစ် တည်ရှိနေတာကို သတိပြုမိပါစေ။ အစားအသောက်တွေနဲ့ ညစ်ပတ်နေတဲ့ ပန်းကန်တွေကို ဆေးကြောလိုက်ရတာဟာ ဘယ်လောက်တောင် ကြည်နူးစရာကောင်းလိုက်တဲ့အဖြစ်အပျက်တစ်ခုလဲနော်။ ကိုယ့်ကြောင့် ကိုယ်ဆေးကြောလိုက်တာကြောင့် ပန်းကန်လေးတွေတောက်တောက်ပြောင်ပြောင်ဖြစ်သွားတာဟာ ကြည်နူးစရာကိစ္စတစ်ရပ်ပါပဲ” ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။