BEC-TERO TV

“ရင်ဘတ်ထဲကဓါး” ပြီးတော့ “ရင်ဘတ်ထဲကမြမြ” ဇာတ်ကားလာဦးမည်လော (ရုပ်သံ)

30 Apr 2019     3,453 Views


သင်္ကြန်နှစ်ဆန်းတစ်ရက်နေ့က တောင်ဒဂုံမြို့နယ်ရှိ အန္တရာယ်ကင်း ပရိတ်တနားနာပွဲမှာ ဝိဉာဉ်ပူးကပ်ပြီး ‘မြမြ’ အမည်နဲ့ ကျောက်စိမ်းဖိနပ်စက်ရုံက မိန်းကလေးကို မွေ့ယာစက်ရုံက အလုပ်သမား ၃ ယောက်က အဓ္ဓမပြုကျင့်ပြီး လူသတ်အလောင်းဖျောက်တယ်လို့ ဝင်ရောက်ပူးကပ်ပြောဆိုတာကစလို့ သက်ဆိုင်ရာနဲ့ အမည်တပ်ပြောဆိုခံရတဲ့ စက်ရုံနှစ်ရုံ အလုပ်တွေရှုပ်သွားခဲ့ပါတယ်။
 
>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<
 
 
နောက်ထပ်တစ်ကြိမ် ကျောက်စိမ်း ဖိနပ်စက်ရုံမှ အလုပ်သမတစ်ဦးကို ထပ်မံပူးကပ်တယ်ဆိုတဲ့ သတင်းထပ်ဖြစ်လာခဲ့ပါတယ်။ အမျိုးသမီးကို ဘုန်းကြီးကျောင်းခေါ်သွားပြီး ဝိဉာဉ်ကို စစ်ဆေးပေမယ့် ရေရေရာရာဘာမှ ထပ်မသိရပဲ မူမှန်တဲ့ပုံစံမျိုးနဲ့ ဝိဉာဉ်ပြန်ထွက်သွားတယ်လို့ ဇာတ်သိမ်းခဲ့ပြန်ပါတယ်။ ဒါပေမယ့် ဒီနေ့ထိ ဝိဉာဉ်ပူးကပ်ပြောဆိုသလို လိုက်လံစုံစမ်းခဲ့ရာမှာ ဘာတစ်ခုမှ သဲလွန်စမရခဲ့ပါဘူး။ 
 
 
ဒါ့အပြင် ‘မြမြ’ ဆိုပြီး ဓါတ်ပုံနဲ့တစ်ကွပျံ့နှံ့ခဲ့တဲ့ မိန်းကလေးရဲ့ ပုံဟာလည်း လာရှိုးမြို့မှာ သက်ရှိထင်ရှား ရှိနေတဲ့ မိန်းကလေးတွေရဲ့ ပုံကို ယူသုံးထားတာလို့ ပေါ်ပေါက်ခဲ့ပါတယ်။
 
 
အခုနောက်ထပ်တစ်ခါ ‘မြမြ’ ရဲ့ ဝိဉာဉ်က ပထမဝင်ပူးတဲ့ အမျိုးသမီးလေးကို ထပ်မံဝင်ပူးပြီး သတ်ခံထားရတဲ့နေရာကို လိုက်လံရှာဖွေတဲ့ ရုပ်သံထပ်မံထွက်ပေါ်လာပြန်ပါတယ်။ ဒီရုပ်သံမှာတော့ ဆောက်တည်ရာမရဖြစ်နေတဲ့ မိန်းကလေးရဲ့ အမူအယာတွေဟာ ဝိဉာဉ်ဝင်ပူးတာထက် စိတ်ပိုင်းဆိုင်ရာ မူမှန်တဲ့ လက္ခဏာရပ်တွေ ပိုပြီးထင်ရှားလာပါတယ်။ 
 
 
ဘာပဲဖြစ်ဖြစ် “မြမြ” ရဲ့ ဂယက်ဟာ သက်ဆိုင်ရာ ရဲဌါနတွေသာမက ရုပ်ရှင်လောကသားတွေပါ စိတ်ဝင်စားလာပြီး ဒါရိုက်တာ ညိုမင်းလွင် က ရုပ်ရှင်ရိုက်ကူးမယ်လို့ လက်ဦးမှုရအောင် ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
 
ဒါကြောင့်မို့ ဝိဉာဉ်နဲ့ စိတ္တဇပေါင်းစပ်ထားတဲ့ ‘မြမြ’ ရဲ့ ရုပ်ရှင်ဇာတ်ကားအဖြစ် “ရင်ဘတ်ထဲက မြမြ” အဖြစ် ကြည့်ရှုကြရဦးမလားဆိုတာ စောင့်ကြည့်ရပါဦးမည်။
 

30 Apr 2019     3,453 Views




RELATED

Most Popular of Special or Others

Most Popular of NEWS