ပရီးမီးယားလိဂ်တွင် ၅ ရာသီဆက် သွင်းဂိုး(၂၀) နှင့်အထက် သွင်းယူနိုင်ခဲ့တဲ့ အဂွဲရို
29 Apr 2019 1,398 Views
မန်စီးတီးကစားသမား အာဂျင်တီးနားတိုက်စစ်မှူး အဂွဲရိုဟာ ပြီးခဲ့တဲ့ အပါတ်က ဘန်လေအသင်းနဲ့ပွဲမှာ တစ်လုံးတည်းသောသွင်းဂိုးကို သွင်းယူပေးခဲ့ပြီးနောက် ၅ ရာသီဆက် ဂိုး ၂၀ နှင့်အထက် သွင်းယူနိုင်တဲ့ ကစားသမား အဖြစ်မှတ်တမ်းဝင်သွားခဲ့ပါတယ်။
အဂွဲရိုဟာ ၂၀၁၄-၁၅ ရာ သီမှစတင်၍ နောက်ဆုံး(၅)ရာသီဆက် ဂိုး(၂၀)နှင့်အထက် သွင်းယူနိုင်ခဲ့ပါတယ်။ အရင်က ပရီးမီးယားလိဂ်အမိုင်းမှာ ၅ ရာသီဆက်ဂိုးသွင်းယူနိုင်ခဲ့သူမှာ အာဆင်နယ်ဂန္ထဝင်တိုက်စစ်မှူး အွန်နရီတစ်ဦး တည်းသာရှိခဲ့ပြီး အခု အဂွဲရိုလည်း အဆိုပါ မှတ်တမ်းကို လိုက်မှီခဲ့တာဖြစ်ပါတယ်။
>> Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ >>
အွန်နရီသည် ၂၀၀၁-၀၂ ဘောလုံးရာသီမှ ၂၀၀၅-၀၆ ဘောလုံးရာသီအထိ (၅)ရာသီအတွင်း ရာသီတိုင်း ဂိုး(၂၀)နှင့်အထက် သွင်းယူနိုင်ခဲ့ခြင်းဖြစ်ပါတယ်။
အဂွဲရိုဟာ ယခုရာသီတွင်လည်း ပြိုင်ပွဲစုံ (၃၁)ဂိုးသွင်းယူပေးထားပြီး ပရီးမီးယားလိဂ်တွင်လည်း သွင်းဂိုး ၂၀ အထိရှိလာပြီးဂိုးသွင်းဘုရင်ဆုအတွက် ဆာလတ် ၊ မာနေး တို့နဲ့ အတူရေးပန်းစားနေပါတယ်။
မန်စီးတီးတွင် အဂွဲရိုး၏ သွင်းဂိုးမှတ်တမ်း
ရာသီ လိဂ္ဂိုး ၿပိဳင္ပြဲစုံဂိုး
၂၀၁၁-၁၂ ၂၃ ဂိုး ၃၀ ဂိုး
၂၀၁၂-၁၃ ၁၂ ဂိုး ၁၇ ဂိုး
၂၀၁၃-၁၄ ၁၇ ဂိုး ၂၈ ဂိုး
၂၀၁၄-၁၅ ၂၆ ဂိုး ၃၂ ဂိုး
၂၀၁၅-၁၆ ၂၄ ဂိုး ၂၉ ဂိုး
၂၀၁၆-၁၇ ၂၀ ဂိုး ၃၃ ဂိုး
၂၀၁၇-၁၈ ၂၁ ဂိုး ၃၀ ဂိုး
၂၀၁၈-၁၉ ၂၀ ဂိုး ၃၁ ဂိုး