မိန်းကလေးတွေ အိမ်ထောင်ပြုတော့မယ်ဆိုရင် သတိထားကြပါဆိုတဲ့ မော်ဒယ်လ်
29 Apr 2019 1,744 Views
အခုတလောလူမှုကွန်ယက်ပေါ်မှာ ငယ်ရွယ်သူ အိမ်ထောင်ရေးစုံတွဲတစ်တွဲရဲ့ ဇာတ်လမ်းက ပလူပျံ ပျံ့နှံ့လျှက်ရှိပါတယ်။ လက်ထပ်ထားတာ လပိုင်းပဲကြာသေးတဲ့အချိန်မှာ ဇနီးဖြစ်သူကို လက်သီးနဲ့ အချက်ပေါင်း ၄၀ လောက် ထိုးနှက်ခံရလို့ ဆေးရုံတက်ပြီးကုသရတဲ့ထိ ဖြစ်ခဲ့ပါတယ်။
>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<
ကာယကံရှင်အမျိုးသမီး Khin Myat Noe Chit က သူမရဲ့ဂုဏ်သိက္ခာကိုပင် မငဲ့ကွက်နိုင်ပဲ အဖြစ်မှန်ကို ဧပြီလ ၂၇ ရက်နေ့က လူမှုကွန်ယက်မှာ ဓါတ်ပုံတွေနဲ့တကွဖော်ပြခဲ့ရင်း သတင်းက ပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။
သူ့တို့စုံတွဲလေးဟာ သမီးရည်းစားဘဝကို အချိန်တစ်ခု ဖြတ်သန်းစဉ်က ကောင်လေးက ကောင်မလေးကို အလိုလိုက်လွန်းလို့ ချစ်တတ်လွန်းသူကြီးအဖြစ် သူငယ်ချင်းတွေကတောင် အားကျခဲ့ရတဲ့ စုံတွဲလေး ဖြစ်ပါတယ်။
ဒီလိုနဲ့ ၂၀၁၉ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ မင်္ဂလာဆောင်ခဲ့ကြပြီး အိမ်ထောင်သည်ဘဝ ရောက်ခဲ့တယ်ပေါ့။ အမျိုးသားက ကုမ္ပဏီဝန်ထမ်း လစာ ၄ သိန်းရပေမယ့် အလုပ်အသွားအပြန် တက္ကစီစရိတ်၊ ဘီယာဖိုးတို့နဲ့ တစ်လ တစ်လ အလျှင်မမီခဲ့ပါဘူး။
ဒီလိုနဲ့ အိမ်ထောင်ကျပြီး ၂ လအကြာမှာ ကိုယ်ဝန်ရှိနေတာနဲ့ ပက်သက်ပြီး စကားများကြရာက အခန်းပိတ်ပြီး မိန်းမကို ထိုးကြိတ်တဲ့အထိ ဖြစ်ခဲ့ပြီး ဆေးရုံတက်ကုသရတဲ့အကြောင်းကို နောက်ထပ် မိန်းကလေးများ အိမ်ထောင်ပြုတဲ့အခါ သေသေချာချာစဉ်းစားကြဖို့၊ အစက ရိုးတယ်အေးတယ်လို့ ထင်ခဲ့ရပြီး ၂ လလောက်ပဲပေါင်းရသေးတယ် ဗိုက်ထဲမှာ အမွှာကိုယ်ဝန်ဆောင်ထားတဲ့ မိန်းမကို ရက်ရက်စက်စက်ထိုးကျိတ် နှိပ်စက်ခဲ့တာကို သင်ခန်းစာယူစေချင်လို့ ရေးသားခဲ့ပါတယ်။
ကျွန်မ ဆိုးတယ်ဆိုးတယ်လူတိုင်းကထင်ခဲ့တာ သူဆိုးတာလေးလာပြပေးတာပါ။ နေ့တိုင်း အရက်သေစာသောက်စားပြီး နေ့တိုင်းဒီလို အိမ်မှာအနိုင်ကျင့်ခံနေရတာ ဘယ်သူမှမသိခဲ့ကျပါဘူး ချစ်လို့ ယူထားပြီး အခန်းပိတ်ထိုးကျိတ် နေတာတွေဘယ်သူမှမမြင်ကျဘူး သူ့ကို အပေါ်ယံကြည့်ပြီး ရိုးသားတယ် အေးတယ် လူလိမ်မာလေးလို့ လူတိုင်းထင်ကျတယ် ကျွန်မလည်ထင်ခဲ့တယ်။
လက်ထပ်ပြီး၂လ မှာဒီလိုတွေ ရိုက်နိုက်နေတယ်ဆိုတာ အားလုံး ဝင်ကြည့်ပေးကျပါ။ ကိုယ်ဝန်ကြီးနဲ့တောင် ဒီလောက်ရိုက်နိုက်နေတာ ဘဝကိုဘယ်လိုရှေ့ဆက်ရမလဲ ရန်ကုန်နဲ့မန္တလေး ချစ်တယ်ချစ်တယ်နဲ့ အားကိုးလို့ယူခဲ့ပြီး ရန်ကုန်မှာ တစ်ယောက်နေရတယ်ဆိုပြီး ဒီလိုအနိုင်ကျင့်ခံခဲ့ရပါတယ်။
မိန်းကလေးတွေ အတွက် အမှားမဖြစ်အောင် သင်ခန်းစာယူကျပါ ပညာရှိဖြစ်ပြီး လူစိတ်မရှိတယ်ဆိုတာ ဒီလိုလူမျိူးကိုခေါ်တာ သူ့လစာမွေရာကုမဏီ တစ်ခုမှာလုပ်တယ် ၁လ ၄သိန်း ရတယ်။
သူTaxi ၁ရက်အသွားနြ်၅၀၀၀၊ ၁လ ၁၅၀၀၀၀ သူ့ဘီယာဖိုး ၁ရက် ၅၀၀၀ ၁လ ၁၅၀၀၀၀၊ ကျံ ၁သိန်းက မီတာခ ဆန်ဘိုး ရေသန့်ဖူးဘိုး ဘယ်လိုစားပြီးဘယ်လို စုဆောင်းရမလဲ ၄သိန်းက လမကုန်ခင် မကုန်အောင် ကြည့်သုံးခဲ့ရတယ် အလှပြင်ဖို့နေနေသာသာ အကျီ ၁ထည်တောင်မဝယ် နိုင်ခဲ့ဘူး။
အိမ်ထောင်ရေး ဆိုတာ ဒီလိုဘဲ သိလိုက်ရပါပြီ ညီမလေးတို့ရေ ကောင်းတဲ့ယောကျာ်းရှိသလို မကောင်းတဲ့ယောကျာ်းလဲရှိတယ် သတိထားပေးကျပါ။ ဒီလိုလူနဲ့ ပြန်မပေါင်းတော့ပါ ကိုယ်ကောင်းသလောက်ပြန်မကောင်းတဲ့လူ ခေါင်းတခြမ်း ပျော့ပြီး နှာရိုးယောင်သွားတယ် ဘယ်ဘက်တခြမ်းလုံးလုပ်မရတော့ဘူး၊ ဗိုက်ထဲက ကလေးကို ကန်ထားတော့ ဗိုက်ထဲကလေး ဘာဖြစ်သွားလဲမသိဘူး ရင်ဘက်တွေ လက်တွေ လူပ်မရတော့လို့ အောင်ညိုမဲစွဲနေလို့ အမတစ်ယောက် ကူညီခိုင်းပြီးတင်ခိုင်းလိုက်တာပါ။
အခြေနေကတော့ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှာပါ သတိလစ်အောင်ရိုက်ထားလို့ မျက်လုံးပါဖွင့်မရတော့ပါဘူး အိမ်ထောင်ရေး အစဉ်ပြေနေတယ် ထင်နေတဲ့လူတွေကို သိစေဖို့ တင်ပေးတာပါ ရက်စက်တဲ့လုပ်ရပ်ကို လာပြတာပါ။ အခုလိုရိုက်ပြီး သူပို့တဲ့စာက အရော်ပါပေးမယ်တဲ့အော်။
ဒီအဖြစ်ပျက်ကို ပြစ်တင်ဝေဖန်အကြံပြုထားတာတွေလည်း များစွာ တွေ့ခဲ့ရပါတယ်။ မခင်မျိုးချစ်(ခ)မော်ဒယ်လ်နန်းအိမ်ရွှေ တစ်ယောက် အမြန်ဆုံး သက်သာပျောက်ကင်းပြီး အိမ်ထောင်ရေး ပြန်လည်အဆင်ပြေပါစေလို့ ဆုတောင်းပေးနေရုံမှတပါး...။
သတင်းရင်းမြစ် - Khin Myat Noe Chit FB