BEC-TERO TV

ISIS အဖွဲ့၏ ဝါဒဖြန့်ခြိမ်းခြောက်ပိုစတာတွင် ဦးဝီရသူ၏ ဓါတ်ပုံပါဝင်

26 Apr 2019     1,653 Views


ဧပြီလ ၂၁ ရက်နေ့က သီရိလင်္ကာနိုင်ငံတွင် အသေခံဗုံးခွဲတိုက်ခိုက်မှုများ အောင်မြင်မှုအတွက် ISIS အဖွဲ့ဝင်များ၏ အွန်လိုင်းဆွေးနွေးရေး ဖိုရမ်တွင် အောင်ပွဲခံနေကြပြီးနောက် ဝါဒဖြန့်ခြိမ်းခြောက် ပိုစတာအသစ်တစ်ခုကို ထပ်မံတင်ခဲ့ပြီး ပိုစတာမှာ သူတို့တွေရဲ့ ကွန်ယက်ပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ 
 
ယင်းပိုစတာတွင် ခရစ်ယာန်ဘာသာရေးခေါင်းဆောင် ပုပ်ရဟန်းမင်းကြီး၊ အမေရိကန်သမ္မတဒေါ်နယ်ထရန့် နှင့် မြန်မာနိုင်ငံမှ ဦးဝီရသူ ၏ ဓါတ်ပုံတို့ကို ဗုဒ္ဓဆင်းတုတစ်ဆူ နောက်ခံထားလျှက် သွေးစက်များ မီးတောက်များကြားတွင် ပုံဖော်ထားတာကို တွေ့ရပါတယ်။
 
>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<
 
 
 
ပိုစတာရဲ့ အပေါ်ပိုင်းမှာတော့ ဂျီဟတ်တိုက်ခိုက်ရေးသမား ၈ ဦး မတ်တပ်ရပ်နေပုံတင်ထားပြီး “ဘာသာရေးရန်သူတွေရေ သင်တို့ရဲ့ သွေးချင်းတွေအတွက် ငိုကြွေးရအောင် လုပ်မှာမဟုတ်ပါဘူး၊ ကံဆိုးမိုးမှောင်တွေ သင်တို့ရဲ့ မသန့်ရှင်းတဲ့ သွေးမြစ်ထဲကို ကျဆင်းစေရမယ်” ဟု အဓိပ္ပါယ်ရတဲ့ 'We will not make you cry of blood, enemies of religion and the first of the clouds shall fall upon the rivers of your unclean blood.' စာသားကို ပိုစတာရဲ့ အလယ်မှာ စာလုံးကြီးများနဲ့ ရေးသားထားပါတယ်။
 
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ခရစ်ယာန်ဘာသာဝင်တို့ရဲ့ အီစတာပွဲတော်နေ့မှာ သီရီလင်္ကာတွင် အသေခံဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် အနည်းဆုံး လူ ၃၅၉ ဦး သေဆုံးခဲ့ပြီး ၅၀၀ လောက် ဒဏ်ရာရရှိခဲ့ပါတယ်။
 
 
ယင်းတိုက်ခိုက်မှုဟာ သူတို့ရဲ့လက်ချက်ဖြစ်ကြောင်း ISIS အဖွဲ့က ကြိုးကိုင်စီစဉ်သူ Zahran Hashim နဲ့ ပူးပေါင်းကြံစဉ်သူ ဝရမ်းပြေးခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Abu Bakr al-Baghdadi တို့က ရုပ်သံနဲ့တကွ အခိုင်အမာ ပြောဆိုခဲ့ပါတယ်။
 
သူတို့တွေက သီရိလင်္ကာနိုင်ငံမှာ အစ္စလာမ်ဘာသာရေးတစ်ခုတည်းသာ ရှိသင့်ပြီး အခြားဘာသာတွေ ကျဆုံးရေးကို လှုံဆော်ပြောဆိုသူတွေဖြစ်တယ်လို့ သီရိလင်္ကာဝန်ကြီးချုပ်က ပြောဆိုခဲ့ပါတယ်။ အကြမ်းဖက်ခေါင်းဆောင် အများစုဟာ နောက်ခံမိသားစုက ကြွယ်ဝသူတွေဖြစ်ကြသလို ပညာတတ်တွေလည်း ဖြစ်ကြပါတယ်။
 
သူတို့တွေထဲက Abdul Lathief Jameel Mohamed ဆိုရင် ယူကေမှာရှိတဲ့ ကင်းစတန်တက္ကသိုလ်မှာ ၂၀၀၆ − ၂၀၀၇ အတွင်း အင်ဂျင်နီယာဘာသာရပ်ကို ဆည်းပူခဲ့သူဖြစ်ကြောင်း သိရပါတယ်။ 
အမည်ဖော်ပြခြင်းမရှိတဲ့ တစ်ဦးဟာလည်း သြစတြေးလျမှာ ပညာသင်ကြားခဲ့ပြီး ကျွမ်းကျင်သူအဖြစ် ဗီဇာရရှိကာ မိသားစုနဲ့အတူ နေထိုင်ခဲ့ကြပြီး ၂၀၁၃ ခုနှစ်အစောပိုင်းမှာ နိုင်ငံထဲကနေ တစ်ဦးချင်းထွက်ခွာသွားကြတယ်လို့ သြစတြေးလျ ဝန်ကြီးချုပ် Scott Morrison က ဆိုပါတယ်။ 
 
လက်တလောမှာတော့ မောင်းသူမဲ့ဒရုန်းယာဉ်များ သုံးစွဲပျံသန်းမှုကို သီရိလင်္ကာနိုင်ငံမှ တာဝန်ရှိသူတွေက ပိတ်ပင်ထားပါတယ်။ ဝါသနာရှင်တွေ အသုံးပြုတတ်တဲ့ ဒရုန်းအမျိုးအစားတွေကို အသုံးပြုပြီး ဖောက်ခွဲရေးနဲ့ဆက်စပ်တဲ့ပစ္စည်းတွေကို တစ်နေရာကနေ တစ်နေရာကို သယ်ပို့နိုင်တာကြောင့်ဖြစ်ပါတယ်။
 
လက်ရှိ ISIS ရဲ့ ဝါဒဖြန့်ပိုစတာမှာ မြန်မာနိုင်ငံမှ သံဃာတော် ဦးဝီရသူ ရဲ့ ပုံကို ဖော်ပြခြင်းမှာ မည်သည့် အဓိပ္ပါယ်ကို သက်ရောက်စေသလဲဆိုတာ အတိအကျ မသိရှိရသော်လည်း သတိထားရမည့် အခြေအနေမှာတော့ ရှိနိုင်ကြောင်း Daily Mail သတင်းကို ကိုးကား၍ ဖော်ပြအပ်ပါသည်။

26 Apr 2019     1,653 Views




RELATED

Most Popular of International News

Most Popular of NEWS