BEC-TERO TV

၇.၆၉ စက္ကန့်မှာတင် ဂိုးသွင်းယူနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ အမြန်ဆုံးသွင်းဂိုးအဖြစ် မှတ်တမ်းတင်ခဲ့တဲ့ ရှိန်းလောင်း

24 Apr 2019     1,506 Views


ယနေ့မနက်က ကစားခဲ့တဲ့ ဝက်ဖို့စ်အသင်းနှင့် ဆောက်သမ်တန်အသင်းပွဲစဉ်မှာ ဆောက်သမ်တန်ကစားသမား ရှိန်းလောင်းဟာ ပွဲအစ ၀၇.၆၉ စက္ကန့်မှာတင် ဂိုးသွင်းယူနိုင်ခဲ့ပြီး  ပရီးမီးယားလိဂ်ရဲ့ အမြန်ဆုံးသွင်းဂိုးအဖြစ် မှတ်တမ်းစိုက်ထူနိုင်ခဲ့ပါတယ်။

ပွဲအစမှာ ဝက်ဖို့စ်အသင်းက စပေးဘောပေးခဲ့ပြီး နောက်ခံလူ ခရစ်ကတ်ကာ ဆီကို ပေးပို့ခဲ့ပါတယ်တယ်။ထို့နောက် ခရစ်ကတ်ကာ ကဘောလုံးကို ပြန်တင်ပေးလိုက်ရာမှာ ရှိန်းလောင်းနဲ့ ထိပြီး လိုရာမရောက်ခဲ့တာဘဲ ရှိန်းလောင်းဆီရောက်ခဲ့တာကြောင့် ရှိန်းလောင်းက အသာအယာ ပိတ်သွင်းယူခဲ့တာဖြစ်ပါတယ်။

>>  Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ <<

အရင်က ၀၉.၈၂ စက္ကန့်နဲ့ စံချိန်တင်ထားတဲ့ စပါးနောက်ခံလူ လယ်ဒီ ကင်း ရဲ့ သွင်းဂိုးကိုကျော်ဖြတ်ပြီး ပရီးမီးယားလိဂ်ရဲ့  အမြန်ဆုံးသွင်းဂိုးအဖြစ် မှတ်တမ်းတင်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။ ပွဲအပြီးမှာ သရေ ရလဒ်ထွက်ပေါ်ခဲ့တာကြောင့် ဆောက်သမ်တန် အသင်းဟာ တန်းဆင်းဇုံမှ  ၆ မှတ်အကွာနဲ့ တန်ကျန်ဖို့အတွက် အခြေအနေကောင်းခဲ့ပြီးဖြစ်ပါတယ်။


24 Apr 2019     1,506 Views




RELATED

Most Popular of Football

Most Popular of Sport