မြောက်ကိုးရီးယားတွင် BTS သီချင်းမျာ်းကြည့်ရှုနားထောင်ခွင့်ပြင်းပြင်းထန်ထန်တားဆီး ပိတ်ပင်ခံရ
23 Apr 2019 1,723 Views
တောင်ကိုးရီးယား နာမည်ကျော်အမျိုးသားအဆိုတော်အဖွဲ့ BTS ရဲ့အောင်မြင်မှုဟာဆိုရင် ဟောလိဝုဒ်အထိပါအောင်မြင်ကျော်ကြားတာပဲဖြစ်ပါတယ်။ BTS ဟာ ကမ္ဘာတစ်ဝှမ်းလုံး ဖိန့်ဖိန့်တုန်အောင်ကျော်ကြားတဲ့ ကေပေါ့ပ်အဖွဲ့တစ်ဖွဲ့ဆိုလဲမမှားပါဘူး။ BTS ကို ကြိုက်နှစ်သက်တဲ့ မြောက်ကိုးရီးယားမှ ပရိတ်သတ်များလဲ တစ်စတစ်စများပြားလာပါတယ်။
မြောက်ကိုးရီးယား ဥပဒေအရ တောင်ကိုးရီးယားမှ ကေပေါ့ပ်သီချင်းများ၊ ဇာတ်လမ်းတွဲများကိုကြည့်ရှုခွင့်မရှိကြပါဘူး။ လတ်တလော BTS အဖွဲ့ရဲ့ အောင်မြင်ကျော်ကြားမှုဟာ ကမ္ဘာနိုင်ငံအနှံ့အပြားမှာ ထိပ်ဆုံးရောက်ရှိနေတာဖြစ်ပြီး မြောက်ကိုးရီးယားမှာလဲ ခေတ်စားလာခဲ့ပါတယ်။ သို့ပေမဲ့ မြောက်ကိုးရီးယားအစိုးရက BTS သီချင်းများကို နားထောင်ခွင့်ပိတ်ပင်တားဆီးခဲ့ပါတယ်။
ဒါပေမဲ့ BTS ကိုကြိုက်နှစ်သက်တဲ့ မြောက်ပိုင်းပရိတ်သတ်တွေကတော့ ခိုးဝှက်ပြီး သီချင်းတွေနားထောင်ကြကာ BTS အကြောင်းပြောဖို့ စကားဝှက်တွေထားရှိလာကြပါတယ်။ ထိုစကားဝှက်ကတော့ “ကျည်ကာအင်္ကျီနဲ့ ကျောပိုးအိတ်ကိုဝတ်ဆင်ဖူးသလား” ဖြစ်ပါတယ်။ BTS သီချင်းနားထောင်ရတာကြိုက်တဲ့ ပရိတ်သတ်တွေဟာ ဒီလိုမေးခွန်းမေးမြန်းခြင်းဖြင့် တစ်ယောက်နဲ့ တစ်ယောက် BTS ပရိတ်သတ်ဆိုတာ သိကြရပါတယ်။
BTS အဖွဲ့နာမည်ရဲ့အရှည်ကောက်ဟာ Bulletproff Boy scouts ဖြစ်တာကြောင့် “ကျည်ကာအင်္ကျီ” ဆိုပြီးစကားဝှက်ထားရှိတာဖြစ်ပါတယ်။ လက်ရှိမှာ မြောက်ကိုးရီးယားအစိုးရက သီချင်းနားထောင်ဖို့ ပြင်းပြင်းထန်ထန် ပိတ်ပင်ထားတာကြောင့် BTS ပရိတ်သတ်တွေအနေနဲ့ ဒီလို လျှို့ဝှက်ပြီး သီချင်းနားထောင်ရတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်မှာ BTS သီချင်းနဲ့ ကိုးရီးယားဇာတ်လမ်းတွဲပါဝင်တဲ့ USB ကိုရှာဖွေတွေ့ရှိခဲ့ပြီး အဆိုပါ မိသားစုတစ်စုလုံးကို နိုင်ငံတော် သစ္စာဖောက်မှုနဲ့အစိုးရမှ ပြစ်ဒဏ်ချမှတ်ခဲ့တဲ့အဖြစ်မျိုးရှိခဲ့တာကြောင့် မြောက်ကိုးရီးယားပြည်သူများဟာ ဇာတ်ကားများ၊ သီချင်းများနားထောင်ဖို့ လျှို့ဝှက်နေရဆဲ ဖြစ်ပါတယ်။
(ပိုပိုလေး)