ဖန်ဂရာဇီရေခဲတောင်မှာပျောက်ဆုံးသွားတဲ့ မိန်းကလေးရဲ့ဖြစ်ရပ်မှန်
23 Apr 2019 1,436 Views
မ Saint Htet သေဆုံးပြီလို့ ရဲဋ္ဌာနနဲ့ တောင်တက်အဖွဲ့ဝင်တွေက အတည်ပြုခဲ့ပေမယ့် အခုတိုင် ခန္ဓာကိုယ်အလောင်းကို ရှာဖွေခြင်းမျိုးတော့မလုပ်ခဲ့ကြပါဘူး။ ဒီကိစ္စ အွန်လိုင်းပေါ်မှာ ပျံ့နှံ့လာတဲ့အခါ မ Saint Htet တစ်ယောက် မသေသေးရင် ဘယ်လိုလုပ်မလဲ တာဝန်ယူထားတဲ့ tour ကုမ္ပဏီက တာဝန်မဲ့လွန်းတယ်ဆိုပြီး ပြောလာကြပါတယ်။
မ Saint Htet ပါဝင်တဲ့ တောင်တက်အဖွဲ့ခေါင်းဆောင်ဟာ ပူတာအို ရဲစခန်းမှာ သတင်းပေးသဘောမျိုးဖြင့်သာ လာရောက်ပြောကြားသွားကြောင်းသိရပါတယ်။ ရဲဋ္ဌာနအနေနဲ့ အလောင်းရှာမတွေ့မချင်း ဒါဟာ လူပျောက်မှုသာဖြစ်ကြောင်း၊ လူသေမှုအဖြစ် အသိအမှတ်မပြုနိုင်သေးကြောင်း အသိပေးလာပါတယ်။
မ Saint Htet ပါဝင်တဲ့ တောင်တက်အဖွဲ့ခေါင်းဆောင်ဟာ tour သဘောမျိုးလုပ်တာဖြစ်ပြီး တစ်ယောက်ကို ၁၃ သိန်း ယူကာ တောင်တက်ဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။ တောင်တက်လမ်းမှာလဲ မ Saint Htet တစ်ယောက် မျက်မှန်မှာ နှင်းငွေ့နှင်းမှုန်တွေနဲ့ ရိုက်ပြီး လျှောက်လမ်းကို မမြင်ရတာမျိုးတွေဖြစ်လို့ တစ်ခါချော်ကျခဲ့ပါတယ်။ ဒါကို အဖွဲ့ခေါင်းဆောင်ကို လှမ်းအော်ပြောပေမဲ့ ဘာမှမလုပ်ပေးခဲ့ဘူးလို့ သိရပါတယ်။ မ Saint Htet ရဲ့အလောင်းကို လမ်းပြ တောင်တက်သမားနဲ့အတူ ချော်ကျခဲ့တဲ့နေရာမှာ သွားရောက်ရှာဖွေခဲ့ပေမယ့် အလောင်းကို လမ်းပြတစ်ဦးတည်းကသာ မြင်ခဲ့ရကြောင်း ပြောကြားထားပါတယ်။