ဒိုဘုံဆွန်းကားရိုက်တုန်းကမင်းသားကြောင့် ဝိတ်(၂)ဆချခဲ့ရတယ်လို့ပြောလာတဲ့ ပတ်ဘိုယောင်း
22 Apr 2019 1,667 Views
Strong Woman Do Bongsoon ဇာတ်ကားမှာ လိုက်ဖက်ညီတဲ့အတွဲလေး မင်မင်နဲ့ ဘုံဘုံကိုမှတ်မိသေးရဲ့လားပရိတ်သတ်ကြီးရေ။ သူတို့နှစ်ယောက်အတွဲညီညီ သရုပ်ဆောင်မှု ဒိုဘုံဆွန်းလေးရဲ့ ချစ်စဖွယ်သရုပ်ဆောင်ကောင်းမှုတို့ကြောင့် ကြည့်ရှုသူ ပရိတ်သတ်ကို အသဲတယားယားဖြစ်စေတဲ့ အတွဲလေးပါနော်။ ဒီကားလေးကို ကြည့်မိတဲ့မိန်းကလေးတိုင်း ဒိုဘုံဆွန်းလေးလို ပုပုသေးသေးလေးဖြစ်ချင်သွားကြပါတယ်။
Do Bongson ဇာတ်ကားမှာ ဘုံဘုံအဖြစ်ပါဝင်သရုပ်ခဲ့တဲ့ မင်းသမီးပတ်ဘိုယောင်းဟာ ဒီအပတ်ထုတ်လွှင့်တဲ့ “Cultwo Show” အစီအစဉ်မှာ အထူး DJ အဖြစ်ပါဝင်လာပါတယ်။ သူမကို MC တွေက ဇာတ်ကားရိုက်ဖို့ဝိတ်ချတာတွေ ဘာတွေလုပ်ဖူးလား မေးမြန်းတဲ့အခါ သူမက “ကျွန်မ ဇာတ်ကားရိုက်နေစဉ်အတောအတွင်းတွေဆိုရင်တော့ ဝိတ်မတက်အောင်ထိန်းထားရတာပေါ့” ဆိုပြီး ဖြေကြားထားပါတယ်။
Strong Woman Do Bong Soon ရိုက်နေစဉ်အတောအတွင်း မင်းသား Park Hyungsik ဟာ အရပ်ရှည်ပြီး ပိန်ပိန်သွယ်သွယ်သဏ္ဍန်ရှိပြီး သူမက ပြည့်ပြည့်ဖောင်းဖောင်းပုံစံလေးဖြစ်နေတာကြောင့် ဝိတ်ချခဲ့ရတယ်လို့ ပြောကြားလာပါတယ်။ ဇာတ်လမ်းကာရိုက်တာအရ ဘုံဘုံဟာ လူကောင်သေးသေးလေးဖြစ်တာကြောင့် ဒိုဘုံဆွန်းကားရိုက်နေစဉ်အတောအတွင်း ဝိတ် (၂) ဆချခဲ့ရတယ်လို့လဲ ပြောထားပါတယ်။
တစ်ဖန် MC က ဝိတ်ချနေစဉ်အတောအတွင်း ဗိုက်ဆာရင်ဘယ်လိုလုပ်သလဲ မေးမြန်းတဲ့အခါမှာတော့ “ကျွန်မ ဗိုက်ဆာနေရင် ဘယ်လိုမှအိပ်မပျော်ဘူး၊ ဒါကြောင့် တစ်ခါတလေ ညကြီးအချိန်မတော် ၁ နာရီ ၂ နာရီလောက်ဗိုက်ဆာရင်လဲ ထစားပစ်တာပဲ အဲ့တာမှာပဲကျွန်မကောင်းကောင်းအိပ်ပျော်နိုင်တယ်” လို့ပြောကြားထားပါတယ်။
Strong Woman Do Bongsoon ဇာတ်ကားရိုက်အပြီး မင်မင်နဲ့ ဘုံဘုံကို သဘောတူတဲ့ပရိတ်သတ်တွေကလဲ အများအပြားပါပဲ။ သူတို့နှစ်ယောက်ဟာ ဇာတ်ကားပြီးသွားပေမဲ့ အခင်အမင်မပျက်ရှိနေတာကို ပရိတ်သတ်တွေကလဲ သဘောကျနှစ်သက်နေကြပါတယ်။ နှစ်ယောက်စလုံးကို ချစ်သူရည်းစားတွေအဖြစ်မြင်တွေ့စေချင်နေကြပေမဲ့ ခုချိန်ထိ သူတို့နှစ်ယောက်ကတော့ သွေးအေးနေတုန်းပါပဲ ^^
(ပိုပိုလေး)