BEC-TERO TV

KTV များတွင် တေးသီချင်းအသုံးပြုမှုအတွက် မူပိုင်ကြေးကောက်ခံသွားမည်

22 Apr 2019     1,773 Views


မြန်မာနိုင်ငံ KTV များတွင် တေးသီချင်းအသုံးပြုမှုအတွက် မူပိုင်ကြေးကောက်ခံ သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတေးသီချင်းမူပိုင်ရှင်များအသင်း Myanmar Performance Rights Organization (MPRO)  ကြေညာထားပါတယ်။
 
မြန်မာနိုင်ငံတွင် တေးသီချင်းအသုံးပြုမှုများအတွက် မူပိုင်းကြေးပေးသွင်းခြင်း မရှိတာကြောင့် ဂီတပညာရှင်များအနေဖြင့် နစ်နာမှုရှိတာကြောင့် မူပိုင်ကြေးကို ကောက်ခံသွားမှာဖြစ်တယ်လို့သိရပါတယ်။
 
စင်တင်တေးဂီတဖျော်ဖြေမှုများ၊ KTV များ၊ စီးပွားဖြစ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာများတွင် တေးသီးချင်းအသုံးပြုများသည် မူပိုင်ခွင့်ချိုးဖောက်ခံရမူအများဆုံးဖြစ်ကြောင်း MPRO ထံမှ သိရသည်။ ထို ကိစ္စနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ ဂီတအစည်းရုံးနှင့် MPRO အဖွဲ့ တို့ကပူးပေါင်းလုပ်ဆောင်မည် ဖြစ်သည်ဟု MPRO ထံမှသိရသည်။

“ဘယ်တော့လုပ်မယ်ဆိုတာတော့ အတိအကျပြောလို့မရသေးဘူး။ သိပ်မကြာ ခင်ကာလမှာတော့ အကောင်အထည်ဖော်လုပ်ဆောင်သွားမှာပါ”ဟု KTV များထံမှ သီချင်းမူပိုင်ခွင့်ကြေးကောက်ယူမည့် အခြေအနေကို MPRO မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
 
မြန်မာနိုင်ငံတေးသီချင်းမူပိုင်ရှင်များအသင်းသည် တရားဝင်မှတ်ပုံတင်ဆောင်ရွက်နေသော အဖွဲ့စည်းဖြစ်ကာ ယင်းအဖွဲ့ကို နိုင်ငံကျော်တေးရေးဆရာများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံတေးသီချင်းမူပိုင်ရှင်များအသင်းသည် အပြည်ပြည်ဆိုင်ရာတေးရေးဆရာ များကောင်စီ International Council of music Authors (CIAM) ၏ အသိအမှတ်ပြုခြင်း ခံထားရသော အဖွဲ့အစည်း ဖြစ်ပါတယ်။

KTV မှာ တေးသီချင်း မူပိုင်ခွင်ကောက်ခံလိုက်တာကြောင့် KTV ဆက်ရှင်ကြေးတွေလည်း မြင့်တက်သွားနိုင်တာမျိုးဖြစ်နိုင်တယ်လို့ KTV မှာအပန်းဖြေ လူတချို့ထံမှ သိရသည်။


22 Apr 2019     1,773 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS