BEC-TERO TV

အသေခံဗုံးခွဲမည့်သတင်း သီရိလင်္ကာ စစ်ထောက်လှမ်းရေး ၁၀ ရက် ကြိုတင်ရခဲ့

22 Apr 2019     1,426 Views


အီစတာပွဲတော်တွင် အထင်ကရ ဘုရားကျောင်းမျာ၌ အသေခံဗုံးခွဲမှုများ ဖြစ်ပေါ်နိုင်ကြောင်း လျှို့ဝှက်သတင်းကို အမျိုးသားစစ်ထောက်လှမ်းရေးဌါနက ၁၀ ရက်ကြိုတင် သတင်းရခဲ့ကြောင်း သီရိလင်္ကာဝန်ကြီးချုပ် Ranil Wickremesinghe က ထုတ်ဖော်ပြောဆိုလိုက်သည်။
 
 
အဆိုပါသတင်းနဲ့ပက်သက်ပြီး အချက်အလက်များကို သူ့ထံသို့တင်ပြခဲ့ခြင်းမရှိဘူးဟု ဝန်ကြီးချုပ်က သတင်းဌါနများကို ဧပြီလ ၂၂ ရက်နေ့က ဖြေကြားလိုက်သည်။ “ဒီသတင်းကို ရထားရဲ့သားနဲ့ ဘာကြောင့်မို့ လုံလောက်တဲ့ ကြိုတင်ကာကွယ်မှုတွေ မလုပ်ခဲ့ကြတာလဲဆိုတာကို စုံစမ်းသွားပါမယ်” လို့ ပြောကြားခဲ့ပါတယ်။
 
 
 
 
ဒီသတင်းကို ရဲအရာရှိချုပ် Pujuth Jayasundara က စစ်ထောက်လှမ်းရေး အကြီးအကဲတွေဆီကို သတင်းပို့ခဲ့တယ်လို့ စာရွက်စာတမ်းအထောက်အထားတွေအရ သိရှိရပါတယ်။ အထင်ကရ ဘုရားရှိခိုးကျောင်းများနဲ့ အိန္ဒိယတရားရုံတော်ကို NTJ အဖွဲ့က အသေခံဗုံးခွဲမယ့်သတင်းကို နိုင်ငံခြားစစ်ထောက်လှမ်းရေး အေဂျင်စီကို သတင်းပို့ တင်ပြခဲ့တယ်လို့ ဆိုပါတယ်။
NTJ (National Thowheeth Jama’ath) အဖွဲ့ဟာ သီရီလင်္ကာက အစ္စလာမ်အစွန်းရောက် အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။
 
 
လက်ရှိမှာတော့ သေခံဗုံးခွဲမှု ဖြစ်စဉ်အတွက် မည်သူတစ်စုံတစ်ယောက် အဖွဲ့အစည်းကိုမှ စွပ်စွဲပြောဆိုထားခြင်းမရှိသေးပေမယ့် ဘာသာရေးအစွန်းရောက်တွေရဲ့ လက်ချက်ဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး Ruwan Wijawardene က ပြောဆိုခဲ့ပြီး အမည်ကိုတော့ လုံခြုံရေးအရ ဖော်ပြနိုင်ခြင်းမရှိဟု ဆိုပါတယ်။ 
 
ပြည်တွင်းသတင်းများအရ ဖြစ်စဉ်အတွက် လူ ၁၃ ဦးကို ရဲအဖွဲ့က ဖမ်းဆီးထားပြီဖြစ်ကြောင်း သိရှိရပါတယ်။ ဖမ်းဆီးခံထားရသူတွေနဲ့ ပက်သက်ပြီး နိုင်ငံခြားအဆက်အသွယ်တွေ ရှိ၊မရှိ ဆိုတာစုံစမ်းနေပြီ ကမ္ဘာအရပ်ရပ်က ခေါင်းဆောင်တွေအနေနဲ့လည်း သူတို့ရဲ့ စုံစမ်းစစ်ဆေးမှုမှာ ပူးပေါင်းကူညီကြဖို့ ပြောဆိုထားပါတယ်။
 
 
ဧပြီလ ၂၁ ရက်နေ့က ကိုလွန်ဘိုမြို့မှာ အသေခံဗုံးများ နေရာ ၆ ခုမှ ဖောက်ခွဲခဲ့မှုကြောင့် လူ ၂၀၀ ကျော် သေဆုံးခဲ့ပြီး ၄၀၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။
လက်ရှိမှာတော့ ဘာသာရေးပဋိပက္ခများ မဖြစ်စေရန် လူမှုကွန်ယက်သုံးစွဲခွင့် ယာယီပိတ်ထားပြီး ည ၆ နာရီနောက်ပိုင်း ၁၂ နာရီ ညမထွက်ရအမိန့်လည်း ထုတ်ပြန်ထားပါတယ်။
 

22 Apr 2019     1,426 Views




RELATED

Most Popular of International News

Most Popular of NEWS