BEC-TERO TV

သီရိလင်္ကာတွင် နေရာ ၆ ခု အသေခံဗုံးဖေါက်ခွဲခံရပြီး လူ ၂၀၀ ကျော် သေဆုံး

22 Apr 2019     1,756 Views


အီစတာပွဲတော်နေ့တွင် သီရီလင်္ကာနိုင်ငံ ကိုလွန်ဘိုမြို့ရှိ ခရစ်ယာန်ဘုရှိခိုးကျောင်း ၃ ကျောင်းနဲ့ အဆင့်မြင့်ဇိမ်ခံဟိုတယ် ၃ လုံးတို့တွင် အသေခံဗုံးဖေါက်ခွဲမှုကြောင့် လူ ၁၃၈ ဦး သေဆုံးပြီး ၄၀၀ ကျော်ထိခိုက်ဒဏ်ရာရကာ ဆေးရုံများသို့ ပို့ဆောင်ခဲ့ရကြောင်း ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ခန့်က ချုပ်ငြိမ်းခဲ့တဲ့ ပြည်တွင်းစစ်အပြီး ကြီးမားသော တိုက်ခိုက်ခံရမှုလည်းဖြစ်သည်။
 
 
အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် ကိုလွန်ဘိုမြို့ မြောက်ဘက်ရှိ St. Sebastian ဘုရားရှိခိုးကျောင်း တစ်ခုထဲတွင်ပင် လူပေါင်း ၅၀ ကျော်သေဆုံးခဲ့ရပြီး သွေးထွက်သံယိုများ ပျက်ဆီးနေသော အပိုင်းအစများနဲ့ ဘုရားကျောင်းတစ်ခုလုံး အနိဌါရုံ ဖြစ်ခဲ့ရသည်။
ရှန်ဂရီလာ(ကိုလွန်ဘို)၊ ကင်းဗျူရီ နဲ့ စီနာမွန်ဂရန်း ကိုလွန်ဘို ဟိုတယ် ၃ လုံးလည်း ပါဝင်ခဲ့ပြီး သေဆုံးသူများထဲတွင် နိုင်ငံခြားခရီးသွားဧည့်သည် ၉ ဦးလည်း ပါဝင်ကြောင်း သိရှိရသည်။
 
 
အသေခံဗုံးဖောက်ခွဲသမားများက အီစတာပွဲတော်နေ့ (ဧပြီ ၂၁) ကို စောင့်ဆိုင်းနေခဲ့ကြသည်။ စီနာမွန်ဂရန်းဟိုတယ်မှ တည်ခင်းသော နံနက်စာ ဘူးဖေးစားပွဲတွင် အများနည်းတူ တန်းစီစောင့်ဆိုင်းနေခဲ့ပြီးမှ ကျောပိုးထားသော ဗုံးကို ခလုတ်နှိပ်ကာ အသေခံဗုံးခွဲခဲ့သည်။
 
 
မိုဟာမက်အဇမ် မိုဟာမက် ဆိုသူဟာ ပေါက်ကွဲမှုမတိုင်မီညက ဟိုတယ်တွင် လာရောက်တည်းခိုခဲ့သည်။ နောက်တစ်ရက် နံနက် ၈ နာရီခွဲအချိန်ခန့် လူများရှုပ်ထွေးနေချိန်တွင် ပန်းကန်ပြားကိုင်ကာ အစားအသောက် တန်းစီနေခဲ့ပြီး သူ့အလှည့်ရောက်ခါနီးမှာ သူ့ရဲ့ကျောမှာ တပ်ဆင်ထားတဲ့ ဗုံးကို ဟိုတယ်၏ စားသောက်ဆိုင်ခန်းမထဲမှာ ဖောက်ခွဲခဲ့ကြောင်း ဟိုတယ်မန်နေဂျာက ပြောကြားခဲ့သည်။
ဗုံးပေါက်ကွဲမှုနဲ့အတူ ဖေါက်ခွဲရေးသမားပါ သေဆုံးခဲ့ပြီး သူ့ရဲ့အလောင်းကို သက်ဆိုင်ရာက လာရောက်သယ်ယူသွားခဲ့ပါတယ်။
 
 
စီနာမွန်ဂရန်းဟိုတယ် ပေါက်ကွဲမှုနဲ့ အချိန်နီးကပ်စွာပင် အခြားဟိုတယ် နှစ်လုံးလည်းပေါက်ကွဲခဲ့သလို ဘုရားရှိခိုးကျောင်း ၃ ကျောင်းမှာလည်း လူအများ ဝတ်ပြုဆုတောင်နေစဉ် ပေါက်ကွဲခဲ့သည်။ St Anthony’s Shrine ပေါက်ကွဲမှုမှာ ပိုမိုပြင်းထန်ခဲ့ပြီး ခေါင်မိုးများ၊ မှန်များ၊ သစ်သားခုံများ လွင့်စင်ထွက်ပြီး ဒဏ်ရာရသူသေဆုံးသူများနဲ့ မြင်မကောင်းအောင် ဖြစ်ခဲ့ရသည်။
 
၂၀၁၂ ခုနှစ်စစ်တမ်းအရ သီရိလင်္ကာနိုင်ငံ၏ လူဦးရေ ၂၂ သန်းဝန်းကျင်တွင်၊ ၇၀% က ဗုဒ္ဓဘာသာဝင်များဖြစ်ကြပြီး ဟိန္ဒူဘာသာဝင် ၁၂.၆%၊ မွတ်ဆလင် ၉.၇% နဲ့ ခရစ်ယာန် ၇.၆% ရှိကြောင်း သိရှိရသည်။
 
 
သီရီလင်္ကာဝန်ကြီးချုပ် Ranil Wickremesinghe က ဘာသာရေးနဲ့ပက်သက်ပြီး ပဋိပက္ခဖြစ်စေမယ့် သတင်းများ၊ ထင်ကြေးများကို ရှောင်ကျဉ်ကြဖို့နဲ့ အစိုးရအနေနဲ့ ယခုဖြစ်စဉ်ကို ချက်ခြင်း ကိုင်တွယ်ဖြေရှင်းသွားမှဦ ဖြစ်ကြောင်း သူ့ရဲ့ တွစ်တာလူမှုကွန်ယက်ပေါ်ကနေ ရေးသားအသိပေးခဲ့ပါတယ်။။
 

22 Apr 2019     1,756 Views




RELATED

Most Popular of International News

Most Popular of NEWS