Seungri နှင့်အပေါင်းအပါများ မူးယစ်စိတ်ကြွဆေးသုံးစွဲခဲ့ကြောင်း သက်ဆိုင်ရာမှရှာဖွေတွေ့ရှိ
22 Apr 2019 1,598 Views
တောင်ကိုးရီးယားနိုင်ငံ နာမည်ကြီးအဆိုတော်အဖွဲ့ Big Bang မှ Seungri ဟာ အဆိုတော်သူငယ်ချင်းအပေါင်းအပါများနဲ့အတူ Happy Ballon ပါတီပွဲကျင်းပခဲ့ကြောင်းသိရပါတယ်။ Happy Ballon ကို တစ်နည်းအားဖြင့် drug ballon လို့လဲခေါ်ကြပြီး မူးယစ်စေတဲ့ အငွေ့တစ်မျိုးကို ထည့်ထားတယ်လို့သိရပါတယ်။
Seungri ပါဝင်တဲ့ Kakao Talk group chat မှ သူငယ်ချင်းအပေါင်းအပါများဟာ Itaewon မှာရှိတဲ့ ဘားတစ်ခုမှာ Happy Ballon ပါတီကျင်းပခဲ့ကြပြီး ကိုကင်းများကို သုံးစွဲခဲ့တာဖြစ်ပါတယ်။ ရဲဋ္ဌာန ထုတ်ပြန်ချက်အရ Choi Jong Hoon တစ်ယောက် ကားတိုက်ထွက်ပြေးမှုဖြစ်ပြီး အဖမ်းမခံရခင် ဖေဖော်ဝါရီလ ၂၀၁၅ မှာဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ဘားမှာရှိတဲ့ ဝန်ထမ်းများပြောပြချက်အရ ပြီးခဲ့တဲ့ ၂၀၁၅ နဲ့ ၂၀၁၇ အတောအတွင်း Jonghoon , Seungri, Mr.Yu နဲ့ Seungri ရင်းနှီးတဲ့ သူငယ်ချင်း Mr.Kim တို့ဟာ အသက် ၂၀ ဝန်းကျင်အမျိုးသမီးတွေနဲ့ လာရောက်ပျော်ပါးလေ့ရှိကြပါတယ်။
ဆက်လက်ပြီး ဝန်ထမ်း တစ်ဦးပြောပြချက်အရ Seungri သူငယ်ချင်း Mr.Kim ဟာ GHB အမည်ရှိ တရားမဝင် မူးယစ်ဆေးကို ယူဆောင်လာကာ စားပွဲပေါ်တင်ပြီး အတင့်ရဲစွာ ပေါ်တင်အသုံးပြုခဲ့ကြောင်း၊ အဆိုပါ GHB ကိုအသုံးပြုပြီး Mr.Kim ကမိန်းကလေးတစ်ဦးကို အသိစိတ်ပျောက်အောင် ပြုလုပ်တာမျိုး ကိုယ်တိုင်မြင်တွေ့ခဲ့ကြောင်း ပြောကြားထားပါတယ်။
GHB ဆိုတာကတော့ နိုင်ငံတော်တော်များများမှာ တားမြစ်ထားတဲ့ မူးယစ်ဆေးတစ်မျိုးဖြစ်ပြီး အသိစိတ်ပျောက်စေကာ စိတ်ကြွစေတဲ့ ဆေးတစ်မျိုးပဲဖြစ်ပါတယ်။
(ပိုပိုလေး)
Source-allkpop