BEC-TERO TV

အချစ်စစ်ကိုမတွေ့သေးလို့ အိမ်ထောင်မပြုဖြစ်တဲ့အကြောင်းပြောလာတဲ့ ဆောင်းဆန်ဟွန်း

19 Apr 2019     1,769 Views


မြန်မာနိုင်ငံမှာ ပထမဦးဆုံးထုတ်လွှင့်ပြသခဲ့တဲ့ ကိုးရီးယားဇာတ်လမ်းတွဲ “ဆောင်းဦးရွက်ကြွေချစ်သက်သေ” ကိုတော့ပရိတ်သတ်ကြီးနဲ့အထူးတလည်မိတ်ဆက်ပေးဖို့လိုမယ်မထင်ပါဘူး။ မင်းသားကြီး ဂျွန်စောဆိုတာနဲ့ ဇာတ်လမ်းတွဲကြိုက်နှစ်သက်သူတိုင်း လိုလိုမသိသူမရှိသလောက်ရယ်ပါပဲ။ ဂျွန်စောလို့ မြန်မာပရိတ်သတ်တွေသိကြတဲ့ မင်းသားကြီးဆောင်းဆန်ဟွန်းဟာ အသက် ၄၂ နှစ်ရှိပြီပဲဖြစ်ပါတယ်။

ဆောင်းဆန်ဟွန်းတစ်ယောက် ဘယ်တော့အိမ်ထောင်ပြုမလဲဆိုတာ၊ဘယ်တော့အခါများမှ ချစ်သူရည်းစားထားမလဲဆိုတာ ပရိတ်သတ်တွေကလဲတစ်မေးထဲမေးနေကြပါပြီ။ သူကတော့ အေးအေးဆေးဆေးပါပဲ။ Todayonline ကမေးတဲ့ အင်တာဗျူးမှာအချစ်ရေးနဲ့ပတ်သတ်ပြီးဖြေကြားသွားခဲ့ပါတယ်။

“ကျွန်တော်လဲ ကျွန်တော့်အတွက်မှန်ကန်တဲ့လူ၊ အချစ်စစ်အချစ်မှန်ကို ရှာဖွေနေဆဲပါပဲ၊ သေချာတာကတော့ သူမကို ကျွန်တော်မတွေ့သေးဘူးနဲ့တူပါတယ် သူမ ဘယ်သူလဲ ဘယ်နေရာမှာဘာလုပ်နေလဲဆိုတာ မသိပေမဲ့ ကျွန်တော်တို့နှစ်ယောက် တွေ့ဆုံဖို့ အကြောင်းမဖန်လာသေးတာဖြစ်မှာပါ၊ ကျွန်တော်ကအလုပ်ရှုပ်တဲ့သူဆိုတော့ သူမကပဲ ကျွန်တော့်ကိုအမြန်ဆုံးရှာဖွေတွေ့ရှိနိုင်ပါစေလို့ မျှော်လင့်ပါတယ်” လို့ ရယ်မောပြီးဖြေကြားထားပါတယ်။

ဆက်လက်ပြီး သူကြိုက်နှစ်သက်တဲ့မိန်းကလေးပုံစံကို မေးမြန်းခဲ့တဲ့အခါမှာတော့ “ကျွန်တော်ကြိုက်နှစ်သက်တဲ့ပုံစံက ရုပ်အရမ်းချောနေရမယ်လို့မဆိုလိုဘူး အရမ်းဆိုးလို့လဲမရဘူး သာမန်လောက် ပြီးတော့စိတ်အကြည်ဓာတ်ရှိတဲ့လူမျိုး၊ အကောင်းမြင်စိတ်ရှိပြီး မိန်းမဆန်ဆန် အဲ့လိုပုံစံမျိုးကိုကျွန်တော်သဘောကျတယ်”

အချစ်စစ်နဲ့ပတ်သတ်ပြီးဘယ်လိုခံစားရလဲ အပေါ်မေးမြန်းလိုက်တဲ့အခါမှာ “ကျွန်တော် အချစ်ဦးနဲ့ စတွေ့ခဲ့တုန်းကလို ခံစားချက်မျိုးပြန်ရချင်တယ် အဲ့တုန်းက ခံစားချက်ကဘာနဲ့မှမလဲနိုင်ဘူး၊ ခုတော့ သူလဲအိမ်ထောင်နဲ့ ကလေးတွေနဲ့ ပျော်ရွှင်တဲ့ မိသားစုဘဝကိုပိုင်ဆိုင်နေရပါပြီ၊ သူမလိုလူမျိုးနောက်တစ်ယောက်တွေ့နိုင်ဖို့မျှော်လင့်ပါတယ် အဲ့တာက ကျွန်တော်အချစ်ကို ခံစားသိရှိပြီးပြီဆိုတော့ ဒီစိတ်ခံစားချက်ကို ကောင်းကောင်းသိပြီးပြီ ဒါကြောင့်အဲ့လိုထပ်တူညီတဲ့ ခံစားချက်မျိုး ထပ်လိုချင်မိတယ်” လို့ပြောကြားလာပါတယ်။

အသက် (၄၀) ကျော်သည့်တိုင်အောင် အိမ်ထောင်မပြု၊ ရည်းစားမထားတာနဲ့ ပတ်သတ်ပြီး မေးမြန်းတဲ့အခါမှာတော့ “ကျွန်တော့်ကိုယ် ကျွန်တော်အဆင်သင့်မဖြစ်သေးဘူးလို့ထင်ပါတယ် အိမ်ထောင်ဦးစီးတစ်ယောက်ဖြစ်ဖို့၊ အဖေတစ်ယောက်ဖြစ်ဖို့ အဆင်သင့်မဖြစ်သေးလို့ မစတင်သေးတာပါ” လို့ဖြေကြားသွားပါတယ်။

(ပိုပိုလေး)


19 Apr 2019     1,769 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS