ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ကြတဲ့ စပါး နှင့် လီဗာပူးလ်
18 Apr 2019 1,434 Views

ယနေ့မနက်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် (ဒု-ကျော) ပွဲစဉ်မှာ စပါးအသင်းက မန်စီးတီးအသင်းကို အပြန်အလှန်သွင်းဂိုးတွေနဲ့ အကျိတ်အနယ်ကစားခဲ့ပြီး ၄-၃ ရလဒ်ဖြင့် ရှုံးနိမ်ခဲ့သော်လည်း နှစ်ကျော့ပေါင်း သွင်းဂိုး ၄-၄ စီဖြင့် အဝေးဂိုးစည်းမျဉ်းအရ စပါးအသင်းက ဆီမီးအဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ အိမ်ကွင်းမှာ ၂-၀ဖြင့် အနိုင်ရရှိထားတဲ့ လီဗာပူးလ်အသင်းကလည်း အဝေးကွင်း ပေါ်တိုအိမ်ကွင်းမှာ ၁-၄ ဖြင့် ဂိုးပြတ်အနိုင်ရရှိကာ နှစ်ကျော့ပေါင်း ၁-၆ ဖြင့် ဆီမီးအဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။
ချန်ပီယံလိဂ်မှာ ရေပန်းအစားဆုံးဖြစ်တဲ့ မန်စီးတီးအသင်းဟာ အိမ်ကွင်းမှာ အသာစီးကစားပြီး အနိုင်ရရှိခဲ့သော်လည်း အဝေးကွင်းစည်းမျဉ်အရ ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။ ရလဒ်အပြောင်းအလဲဖြစ်စေမယ့် ဂိုးကို နောက်ဆုံး မိနစ် အချိန်ပိုမှာ စတာလင်းက ဂိုးသွင်းယူနိုင်ခဲ့သော်လည်း လူကျွံအနေအထားကြောင့် ကွင်းလယ်ဒိုင်က ဂိုးအဖြစ်သတ်မှတ်ပေးခဲ့ခြင်း မရှိတာကြောင့် မန်စီးတီးအသင်းဟာ ကွာတားဖိုင်နယ်အဆင့်ကနေ လှည့်ပြန်ခဲ့ရပါတယ်။အနိုင်ရရှိတဲ့ စပါးအသင်းကတော့ ဆီးမီးဖိုင်နယ်အဆင့်မှာ ဂျူဗင်တပ်စ်အသင်းကို အနိင်ရရှိထားတဲ့ အေဂျက်စ်အသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။
ချန်ပီယံလိဂ်ဆီးမီးဖိုင်နယ် ပွဲစဉ်များကို လာမည့် April ၃၀ ရက်နေ့မှာ အသီးသီးယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်