BEC-TERO TV

၃ နှစ်သမီးလေးကို ဆောင့်ကန်တဲ့ရုပ်သံကြောင့် မိခင်ဖြစ်သူ ခေါင်းမဖော်နိုင် (ရုပ်သံ)

12 Apr 2019     1,557 Views


တရုတ်လူမှုကွန်ယက်ပေါ် ပရိသတ်တွေရဲ့ အချစ်တော် အသက် ၃ နှစ်အရွယ် ကလေးမော်ဒယ်လ် သမီးလေးကို ခိုင်းတဲ့အတိုင်းမလုပ်တဲ့အတွက် မိခင်ဖြစ်သူက နောက်ကနေ ပိတ်ကန်တဲ့ ရုပ်သံ အွန်လိုင်းပေါ် ပျံ့နှံ့ခဲ့ပြီး ပြစ်တင်ဝေဖန်မှုတွေ ကြီးထားလာခဲ့ပါတယ်။
 
 
တရုတ်နိုင်ငံ ဟန်ကျိုးမြို့မှာ တနင်္လာနေ့က ဖြစ်ပျက်ခဲ့တဲ့ ရုပ်သံဟာ ဗုဒ္ဓဟူးနေ့မှာတော့ လူမှုကွန်ယက်ပေါ် အကြီးကျယ်ပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။
 
ရုပ်သံမှာ “Niu Niu” ဆိုတဲ့ ကလေးမော်ဒယ်လ်လေးဟာ အရွယ်နဲ့မမျှအောင် အလုပ်လုပ်နေရတဲ့အတွက် ပင်ပန်းလွန်းတာကြောင့် မိခင်ခိုင်းတဲ့အတိုင်း လိုက်မလုပ်တဲ့အတွက် ဒေါသဖြစ်ပြီး နောက်ကနေ အားနဲ့ ပိတ်ကန်ခံလိုက်ရတာဖြစ်ပါတယ်။
 
 
“Niu Niu” ဟာ ချစ်ရာကောင်းတဲ့ ကလေးလေးဖြစ်တာကြောင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေက ချိပ်ဆက်ပြီး အရွယ်မတိုင်ခင်ထဲက အလုပ်လုပ်နေရတဲ့ ကလေးလေးဖြစ်ပါတယ်။ ဒီရုပ်သံ အွန်လိုင်းပေါ် ပျံ့နှံ့ခဲ့ပြီး ကြည့်ရှူသူ သန်းနဲ့ချီသလို ကလေးကို ပိုက်ဆံရှာဖို့အတွက် အသုံးချပြီး ညှင်းပမ်းနှိပ်ဆက်ကြောင်း ဝေဖန်ရေးသားသူတွေ များစွာရှိခဲ့ပါတယ်။
 
 
အဲဒီနောက်မှာတော့ မိခင်ဖြစ်သူက ပရိသတ်တွေကို ဝီဘိုပေါ်ကနေ ပြန်လည်တောင်းပန်ခဲ့ပါတယ်။
 
“သမီးလေးကို နာစေဖို့ မရည်ရွယ်ပါဘူး၊ ဒီဗီဒီယိုအတွက် အထင်လွဲမှားမှုတွေ ဖြစ်ခဲ့ရင် တောင်းပန်ပါတယ်။ ကျွန်မရဲ့ခင်ပွန်းကလည်း အလုပ်အကိုင်နဲ့ပါ သမီးလေးပေါ်မှာ မှီခိုပြီး နေထိုင်နေရတာမဟုတ်ပါဘူး။ အဲဒီနေ့က မှောင်လည်းမှောင်နေပါတယ်၊ Niu Niu က လမ်းပေါ် ပြေးထွက်တော့မယ့်အလုပ်မှာ စိတ်ပူပြီး လုပ်မိလုပ်ရာ လုပ်လိုက်မိတာပါ” ဟု ပြန်လည်ဖြေရှင်း တောင်းပန်ခဲ့ပါတယ်။
 
 
ဒါပေမယ့်လည်း အွန်လိုင်းသုံးသူတွေကတော့ ရုပ်သံထဲမှာ လမ်းမရှိကြောင်း ကလေးရဲ့ရှေ့မှာ နံရံကြီးပဲရှိကြောင်း ထောက်ပြပြီး ဆက်လက်ဝေဖန်နေဆဲဖြစ်ပါတယ်။
 
တရုပ်အွန်လိုင်း စျေးဆိုင်ကြီး တောင်ဘောင်မှာ ကလေးအဝတ်အထည် ဆိုင်ပေါင်း ၁၁၀ ကျော်ရှိနေပြီး အဲဒီအဝတ်အစားတွေအတွက် Niu Niu လို ကလေးမော်ဒယ်လ်တွေလည်း အလုပ်ဖြစ်နေကြပါတယ်။
 

 


12 Apr 2019     1,557 Views




RELATED

Most Popular of Special or Others

Most Popular of NEWS