ဒူးခေါင်းနာခြင်းဝေဒနာ သက်သာပျောက်ကင်းစေမယ့် အစားအစာ (၇)မျိုး
10 Apr 2019 1,776 Views
၁။ မုန်လာဥနီ
ဒူးခေါင်းနာ သက်သာစေချင်တယ်ဆိုရင်တော့မုန်လာဥနီကို ကြော်စားတာက အကောင်းဆုံးပါ။ ဒါဟာရှေးခေတ်ကတည်းက တရုတ်လူမျိုးတွေ အသုံးပြုခဲ့တဲ့ဆေးနည်းတစ်မျိုးဖြစ်ပါတယ်။ ဥနီကို ဒီတိုင်းအစိမ်းစားတာကလဲဆေးဖက်ဝင်ပေမယ့် ကြော်စားတာက ပိုပြီး အကျိုးသက်ရောက်မှု ရှိတယ်လို့ ဆေးပညာစာအုပ်တွေမှာဖော်ပြထားပါတယ်။
၂။ နနွင်းမှုန့်
ကုလားပဲဟင်း၊ ကုလားစာကြိုက်နှစ်သက်တဲ့သူတွေအတွက် အသင့်တော်ဆုံးပါပဲ။ ဒူးနာနေတယ်ဆိုရင်တော့ ကုလားပဲဟင်းထဲကို နနွင်းမုန့်များများထည့်ပြီး စားသုံးပေးလိုက်တာအကောင်းဆုံးဖြစ်မှာပါ။
၃။ ဂျင်း
တခါတလေ ဒူးနာတာ ၊ ဒူးကိုက်တာတွေဟာ လေကြောင့် အပူကြောင့်ဖြစ်တတ်တာမျိုးတွေရှိပါတယ်။ ဒီလို ဝေဒနာမျိုးခံစားရတဲ့အခါ ဂျင်းပြုတ်ရည် ပူပူလေး တစ်ခွက်သောက်ပေးလိုက်ပါ။ ဂျင်းပြုတ်ရည်ဟာအပူကင်းစင်စေပြီး သွေး၊လေ လည်ပတ်မှုကောင်းစေမှာဖြစ်ပါတယ်။
၄။ သစ်ကြားသီး
သစ်ကြားသီးမှာ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အိုမီဂါ-၃ ပါဝင်မှုများတာကြောင့် ဒူးခေါင်းနာ သက်သာစေမှာဖြစ်ပါတယ်။ သစ်ကြားသီးစားပေးခြင်းအားဖြင့် မှတ်ဉာဏ်အား ပိုမိုကောင်းမွန်လာစေမှာဖြစ်ပြီး ဝိတ်မတက်အောင်လဲ ထိန်းသိမ်းပေးနိုင်မှာဖြစ်ပါတယ်။
၅။ ထောပတ်သီး
ထောပတ်သီးမှာ ပါဝင်တဲ့ oleic အက်ဆစ်ဟာ ဒူးခေါင်းနာခြင်းကိုသက်သာစေနိုင်ပါတယ်။ ဒါ့အပြင် oleic အက်ဆစ် ဒူးခေါင်းမှာဖြစ်လေ့ရှိတဲ့ ထိခိုက်ဒဏ်ရာ တွေကိုလဲ အမြန်ဆုံးသက်သာပျောက်ကင်းစေနိုင်ပါတယ်။
၆။ ငရုတ်သီး အနီတောင့်
ငရုတ်သီးအနီတောင့်ဟာ ဗီတာမင်စီကြွယ်ဝတာကြောင့် အရိုးတွေ၊ အဆစ်တွေသန်မာအားကောင်းလာစေဖို့ မဖြစ်မနေစားသင့်တဲ့အရာဖြစ်ပါတယ်။
၇။ နာနတ်သီး