အင်္ဂလန်မှ အသင်းကြီးနှစ်သင်း နောက်တစ်ဆင့်တက်ဖို့ ခက်ခဲမယ်လို့ သတိပေးလိုက်တဲ့ မော်ရင်ဟို
09 Apr 2019 1,504 Views
ယခုအပါတ်မှာကစားမည့် ချန်ပီယံလိဂ် ပေါ်တို နှင့် လီဗာပူးလ် ၊ စပါး နှင့် မန်စီးတီးအသင်းတို့ ပွဲစဉ်ကို မန်ချက်စတာယူနိုက်တက်နည်းပြဟောင်း မော်ရင်ဟို က ချန်ပီယံဖြစ်ဖို့ ရေပန်စားနေတဲ့ မန်စီးတီးအသင်းနှင့် အသင်းဟောင်း ပေါ်တို နဲ့ ကစားမယ် လီဗာပူလ်းအသင်းတို့ကို နောက်တစ်ဆက်တက်ဖို့ လုံးဝခက်ခဲ့မယ်လို့ သတိပေး ပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ ရာသီက လီဗာပူးလ်အသင်းက ပေါ်တိုကို ၅ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ ယနေ့ညမှာ ပေါ်တိုအသင်းဟာ လီဗာပူးလ်ရဲ့ အန်ဖီးလ် မှာ အိမ်ကွင်းအန်းဖီးမှာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် လက်ခံယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ အဆိုပါ ပွဲမှာ မော်ရင်ဟိုက ပြီးခဲ့တဲ့နှစ်ကလို ဂိုးပြတ်အနိုင်ရဖို့ မလွယ်ကူတော့ပါဘူး ၊ လီဗာပူးလ်ကို ကျိန်းသေပေါက် ဒုက္ခပေးပါလိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။
နောက် ချန်ပီယံလိဂ်ဖလား ပိုင်ဆိုင်ဖို့ ရေပန်းစားနေတဲ့ မန်စီးတီးအသင်းကိုလည်း စပါး ကွင်းသစ်ကြီးမှာ ကစားရမဲ့ လွယ်လွယ်ကူကူနဲ့ အနိင်ရမယ်မထင်ပါဘူး လို့ မော်ရင်ဟို ကပြောကြားခဲ့တာဖြစ်ပါတယ်။
နှစ်သင်းစလုံးဟာ နောက်တစ်ဆင့်တက်ဖို့ ရည်မှန်းထားကြပေမဲ့ မလွယ်ကူတဲ့ ကွာတားဖိုင်နယ်(ပကျော့) ပွဲစဉ်တွေကို ယခုအပါတ်မှာ ကစားသွားကြမှာဖြစ်ပါတယ်။