BEC-TERO TV

အရွယ်နဲ့မလိုက်အောင် တာဝန်သိပြီး ရိုးသားဖြူစင်တဲ့ ကလေးငယ်

05 Apr 2019     1,596 Views


ဖြူစင်ရိုးသားလွန်းတဲ့ အသက် ၆ နှစ်အရွယ် ကလေးငယ်လေးဟာ သူစက်ဘီးစီးလာစဉ် ကြက်ပေါက်စလေး တစ်ကောင်ကို တိုက်မိတာကြောင့် ရှိုက်ကြီးတငင်ငင် ငိုကြွေးပြီး သေသွားတဲ့ ကြက်ပေါက်စလေးကို လက်ထဲမှာ ဆုပ်ကိုင်ရင်း ဆေးရုံကို အပြေးအလွှား ရောက်လာခဲ့ပါတယ်။
 
ဒီမြင်ကွင်းဟာ မြင်ရသူတိုင်းကို ရင်ဆို့သွားစေပါတယ်။ သူ့လက်ထဲမှာ ရူပီး ၁၀ တန် ငွေစက္ကူလေးကို ကိုင်ရင်း ကြက်လေးကို အသက်ပြန်ရှင်လာအောင် ဆေးကုပေးဖို့ ဆရာဝန်ကို ပိုက်ဆံပေးပြီး တောင်းပန်ခဲ့ပါတယ်။
 
ဒီဓါတ်ပုံကို အဖြစ်ပျက်အစုံလင်နဲ့တစ်ကွ အွန်လိုင်းပေါ်မှာ တင်လိုက်တဲ့အခါ အားလုံးက တာဝန်သိပြီး ဖြူစင်ရိုးသားတဲ့ ကလေးငယ်ကို သနားပြီး ချီးကျူးနေကြပါတယ်။
 
 
ကလေးရဲ့ အမည်က Derek C Lalchhanhima ဖြစ်ပြီး အိန္ဒိယနိုင်ငံ Sairang က ဖြစ်ပါတယ်။ ကလေးရဲ့ဖခင်ဖြစ်သူ ပြောပြချက်အရ Derek ဟာ အိမ်နားမှာ စက်ဘီးစီးနေတုန်း ကြက်ပေါက်လေး တစ်ကောင်ကို မတော်တဆ တိုက်မိသွားခဲ့ပါတယ်။ 
 
စက်ဘီးတိုက်လို့ သေသွားတဲ့ ကြက်ပေါက်လေးကို ယူလာပြီး သူမိဘတွေကို ဆေးရုံလိုက်ပို့ပေးဖို့ တောင်းပန်ခဲ့တာကြောင့် အနီးနားမှာရှိတဲ့ ဆေးရုံကိုခေါ်လာခဲ့ပါတယ်။ အဲဒီနောက် ကလေးက ဆရာဝန်ဆီကို ကြက်ပေါက်လေး ကိုင်သွားပြီး သူ့လက်ထဲက ရူပီး ၁၀ ပေးပြီး ဆေးပြန်ကုပေးဖို့ ရှိုက်ကြီးတငင်ငင်နဲ့ တောင်းပန်ခဲ့တာဖြစ်ပါတယ်။
 
ဒီပုံလေးကို လူမှုကွန်ယက်ပေါ် တင်ခဲ့ပြီး အခုဆိုရင် Like 25K ပြန်လည်ဝေမျှသူ 89K နဲ့ ဝင်ရောက်ရေးသားသူ 8.8K ရှိနေပြီဖြစ်ပါတယ်။
 
သူဟာအိမ်ပြန်ရောက်လာပြီး ဆရာဝန်က ကြက်လေးကို ဆေးကုမပေးပဲ ဓါတ်ပုံပဲရိုက်တယ်လို့ စိတ်ပျက်လက်ပျက်နဲ့ ပြန်ပြောခဲ့ပါတယ်။ ဒါပေမယ့် ဧပြီလ ၄ ရက်နေ့မှာတော့ သူ့ရဲ့ ကြင်နာတတ်တဲ့ စိတ်ဓါတ်ကို ချီးကျူးဂုဏ်ပြုတဲ့အနေနဲ့ သူတက်နေတဲ့ ကျောင်းက သူ့ကို ဂုဏ်ထူးဆောင်လက်မှတ် ချီးမြှင့်ခဲ့တဲ့ ပုံမှာတော့ ပြုံးပျော်နေတဲ့ Derek ကိုတွေ့ရမှာဖြစ်ပါတယ်။
 

 


05 Apr 2019     1,596 Views




RELATED

Most Popular of Special or Others

Most Popular of NEWS