BEC-TERO TV

ယောက်ျားတွေ မုဒိန်းမှုဖြစ်တာ မိန်းတွေအပြစ်မကင်းဖူးလို့ ပြောဆိုသူ ဝေဖန်ခံနေရ (ရုပ်သံ)

02 Apr 2019     1,766 Views


အမျိုးသားတွေ အပြာကားကြည့်တာ၊ မုဒိန်းမှုတွေဖြစ်တာတွေဟာ အမျိုးသမီးတွေရဲ့ ပယောဂ မကင်းဘူး လို့ မလေးရှားနိုင်ငံက အမျိုးသမီးအတွင်းခံ ထုတ်လုပ်သူက သူမရဲ့ လူမှုကွန်ယက် တွစ်တာပေါ်ကနေ ရုပ်သံလွှင့် ပြောကြားခဲ့ပြီးနောက် ဝေဖန်မှုတွေ များပြားခဲ့ပါတယ်။
 
ပြည်တွင်းဖြစ် အမျိုးသမီးအတွင်းခံ အမှတ်တံဆိပ် ‘Le Maream’ တည်ထောင်သူ “Bonda Umirah Taib” က အမျိုးသားတွေ အပြာကားကြည့်တဲ့ ကိစ္စနဲ့ မုဒိန်းမှုဖြစ်တဲ့ ကိစ္စတွေမှာ အမျိုးသမီးတွေအနေနဲ့ ၃၀% ကနေ ၅၀% တာဝန်နဲ့ မကင်းကြောင်း တွစ်တာပေါ်ကနေ ပြောဆိုခဲ့ပါတယ်။
 
သူမက အဖိုးဖြစ်သူက မြေးအရင်းကို မုဒိန်းကျင့်တဲ့အကြောင်းနဲ့ ဥပမာ ခပ်ကြမ်းကြမ်းပေးခဲ့ပြီး “အပြာကားကြည့်တဲ့ လင်ယောကျ်ားတွေကို ကျွန်မတို့ ရာနှုန်းပြည့် အပြစ်ပြောလို့မရပါဘူး၊ တစ်ကယ်တော့ ကျွန်မတို့ ကိုယ်ကိုယ်ကိုလဲ ပြန်အပြစ်တင်သင့်ပါတယ်” “ကျွန်မတို့တွေကရော သူတို့ရဲ့ဆန္ဒကို ပြည့်ဝအောင် လုပ်ပေးပါရဲ့လား..?” လို့ ပြန်မေးခွန်းထုတ်လိုက်ပါတယ်။
 
“ရာနှုန်းပြည့် မဟုတ်ရင်တောင် ၃၀% ကနေ ၅၀% က သူတို့ရဲ့ ဆန္ဒပြည့်ဝဖို့ ကျွန်မတို့ ကူညီဖို့လိုပါတယ်” လို့ ဆိုပါတယ်။
 
“ကျွန်မ ဥပမာတစ်ခုပြောပါ့မယ် အဖိုးက မြေးအရင်းကို မုဒိန်းကျင့်တဲ့ ကိစ္စ၊ ဒီကိစ္စမှာ အဖိုးကို ၁၀၀% အပြစ်ပြောလို့မရဘူး။ အဖိုးမှာ သူမိန်းမဖြစ်တဲ့ အဖွားရှိမှာပဲ၊ ဒါပေမယ့် အဖွားက ငယ်ငယ်တုန်းကလို အကပ်မခံတော့ဘူး။ အဲဒီနောက်တော့ အဖိုးက အပြာကားတွေကြည့်တယ် ပြီးတော့ စိတ်မထိန်းနိုင်ပဲ သူ့ဆန္ဒကို မြေးအရင်းနဲ့ စတေးပစ်လိုက်ရော”
 
“ဒါကြောင့်မို့ အိမ်ထောင်ရှင်မတွေ ဒါမှမဟုတ် အမျိုးသမီးတွေရဲ့ ထမ်းဆောင်ရမယ့် တာဝန်ဝတ္တရား ဇယားက အရှည်ကြီးပဲ။ စာရင်းဇယားတွေအရ အသက် ၃၅ နှစ်ကနေ ၅၀ နှစ်အရွယ် ယောကျ်ားတွေဟာ အပြာကားကြည့်တဲ့ အလေ့အထများတယ်၊ ဒါကို ကျွန်မတို့ လက်ခံရမယ်” လို့ ပြောဆိုခဲ့ပါတယ်။
 
 
သူမရဲ့ ရုပ်သံ တွစ်တာပေါ် ပျံ့နှံ့ခဲ့ပြီး ဝေဖန်မှုတွေ ပြင်းထန်ခဲ့ပါတယ်။ အဲဒီနောက် မတ်လ ၃၁ ရက်နေ့မှာတော့ “Umirah” က တွစ်တာပေါ်ကနေ သူပြောမှား ဆိုမှား ရှိခဲ့တာတွေအတွက် ပြန်လည်တောင်းပန်ခဲ့ပါတယ်။
 
 

02 Apr 2019     1,766 Views




RELATED

Most Popular of Special or Others

Most Popular of NEWS