BEC-TERO TV

သူငယ်တန်း ကလေးများကို ဆန်ပြုတ်ထဲ အဆိပ်ခပ် တိုက်ကျွေးတဲ့ ဆရာဖမ်းခံရ

02 Apr 2019     1,611 Views


ကျောင်းဆရာတစ်ဦးဟာ သူ့ရဲ့လုပ်ဖော်ကိုင်ဖက် တစ်ယောက်နဲ့ စကားများ ငြင်းခုန်ခဲ့ကြပြီးနောက် လက်စားချေလိုစိတ်နဲ့ သူငယ်တန်းကလေးများကို တိုက်ကျွေးသည့် နံနက်စာ ဆန်ပြုတ်ထဲတွင် အဆိပ်ခပ်ခဲ့မှုကြောင့် ကလေး ၂၃ ဦး အဆိပ်မိကာ ဆေးရုံတင်ခဲ့ရသည်။
 
တရုပ်နိုင်ငံ ဟန်နန်စီရင်စုရှိ တရုပ်နိုင်ငံ ဟန်နန်စီရင်စုရှိ ဂျောက်ကျိုမြို့တွင် မတ်လ ၂၇ ရက်နေ့က ဖြစ်ပွားခဲ့ပြီးနောက် “ဝမ်” ဟု အမည်ရတဲ့ ကျောင်းဆရာကို ရဲက ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း စင်ဟွာသတင်းတွင် ဖော်ပြပါရှိသည်။
 
 
ကလေးတွေဟာ ဆန်ပြုတ်စားပြီးနောက် အန်တဲ့သူက အန်၊ မေ့မျောသတိလစ်သူက လစ်သွားခဲ့ကြသည်။ ကျောင်းသားမိဘတစ်ဦးရဲ့ အဆိုအရ သူကျောင်းကိုရောက်သွားချိန်မှာ သူ့ရဲ့သမီးလေးဟာ သတိလစ်နေခဲ့တယ်လို့ ဆိုပါတယ်။
 
နောက်တစ်ဦးကတော့ ကျောင်းက ဖုန်းဆက်အကြောင်းကြားလို့ ဆေးရုံလိုက်သွားချိန်မှာ သူ့ကလေးရဲ့ အစာအိမ်ကို ဆရာဝန်တွေ ပိုက်နဲ့ စုပ်ထုတ်နေတာကို တွေ့ရတယ်လို့ဆိုပါတယ်။
 
 
ကနဦးစုံစမ်း စစ်ဆေးချက်အရ ဆန်ပြုတ်ထဲမှာ ဆိုဒီယမ်နိုက်ထရိတ် တွေ့ထားပါတယ်။ ဆိုဒီယမ်နိုက်ထရိတ်ဟာ အသားတွေကို တာရှည်ခံအောင် ကနဦးစုံစမ်း စစ်ဆေးချက်အရ ဆန်ပြုတ်ထဲမှာ ဆိုဒီယမ်နိုက်ထရိတ် တွေ့ထားပါတယ်။ ဆိုဒီယမ်နိုက်ထရိတ်ဟာ အသားတွေကို တာရှည်ခံအောင်လုပ်တဲ့နေရာမှာ သုံးတာမှန်သော်လည်း အဆိပ်အတောက်ဖြစ်စေမှု မြင့်မားတယ်လို့ ဆိုပါတယ်။
 
 
အဆိုပါအဖြစ်ပျက်ကြောင့် တရုပ်နိုင်ငံအဝှမ်းရှိ စာသင်ကျောင်းတွေမှာပါ ဂယက်ရိုက်ခဲ့ပြီး ကလေးတွေကို ကျွေးတဲ့ အစားအသောက်တွေ၊ ကန်တင်းမှာ ရောင်းချတဲ့ အစားအစာတွေ ဘေးကင်းလုံခြုံအောင် ပိုပြီးသတိထားရန် နှိုးဆော်မှုတွေ လုပ်ခဲ့ပါတယ်။

02 Apr 2019     1,611 Views




RELATED

Most Popular of Special or Others

Most Popular of NEWS