Mark Prin နဲ့လက်ထပ်ဖို့အစီအစဉ်ရှိကြောင်း Kimmy Kimberly ပြောကြား
29 Mar 2019 2,012 Views
Mark Prin ဆိုတာမကြာသေးခင်ကမှ မြန်မာနိုင်ငံကို ဇာတ်လမ်းတွဲရိုက်ကူးဖို့ရောက်ရှိလာတဲ့ မင်းသားချောလေးပါ။ Mark နဲ့ အဓိကဇာတ်ဆောင်မင်းသမီးဖြစ်တဲ့ Maew Nittha တို့ ရိုက်ကူးရေးအဖွဲ့သားတွေဟာ မြန်မာနိုင်ငံက အထင်ကရနေရာတွေဖြစ်တဲ့ ပုဂံ၊အင်းလေး၊ ရွှေတိဂုံဘုရား (ရန်ကုန်) တို့ကို နောက်ခံထားပြီးလာရောက်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။
Mark Prin နဲ့ ထိုင်းမင်းသမီးချောလေး Kimmy Kimberley တို့ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်နေ့မှာ စေ့စပ်ကြောင်းလမ်းပြီးပါပြီ။ ချောမောလှပပြီး ချစ်စဖွယ် အပြုအမူလေးတွေရဲ့ မူပိုင်ရှင် Kimmy Kimberley ကတော့ ဂျာမန်၊ ထိုင်း ကပြားကောင်မလေးပဲဖြစ်ပါတယ်။ Mark Prin တစ်ယောက်တော့ ဒီလိုကောင်မလေးမျိုးပိုင်ဆိုင်ထားရတာ ကံကောင်းတယ်လို့ပြောရမှာပါပဲ။
Mark နဲ့ Kimberley တို့စေ့စပ်ကြောင်းလမ်းပြီးပြီဆိုတော့ ဘယ်တော့လောက်လက်ထပ်မလဲဆိုတာ ပရိတ်သတ်တွေကလဲ စိတ်ဝင်စားနေပါပြီ။ Kimberley ကိုပွဲတစ်ခုမှာ ဆုံတွေ့တဲ့အခါ သတင်းထောင်တစ်ဦးက အိမ်ထောင်ပြုခြင်း ကိစ္စနဲ့ ပတ်သတ်ပြီး အင်တာဗျူးခဲ့ပါတယ်။
သတင်းထောက်- P’Mark ကသူအသက် ၃၀ ပြည့်ရင်လက်ထပ်တော့မယ်ပြောတယ်
Kimberley- ကျွန်မတို့နှစ်ယောက်လုံးဒီကိစ္စနဲ့ပတ်သတ်ပြီးမလောကြပါဘူး၊ ခုမှတစ်ယောက်ကိုတစ်ယောက် လေ့လာသင်ယူနေကြတုန်းပါ။
သတင်းထောက်- ဒါဆိုနှစ်ယောက်စလုံးက လက်ထပ်ဖို့မလောကြဘူးပေါ့..
Kimberley- ဟုတ်ပါတယ် ကျွန်မတို့နှစ်ယောက်လုံးပါ
သတင်းထောက်- သူ့ကိုအမြန်ဆုံးလက်ထပ်ဖို့ပြောဖူးလား?
Kimberley- အလေးအနက်ကြီးမဟုတ်ပေမယ့် ပြောတော့ပြောဖူးပါတယ်…
ကဲ ပရိတ်သတ်ကြီးသိချင်နေတဲ့ Mark နဲ့ Kimberley တို့ မင်္ဂလာဆောင်ဖို့ ကကြာဦးမယ်ထင်ပါတယ်နော်။ နှစ်ယောက်လုံးက လိုက်ဖက်ညီလွန်းလို့ ပရိတ်သတ်တွေက အမြန်ဆုံးယူစေချင်နေကြတာပါပဲ။ စိတ်မပူပါနဲ့ Mark တစ်ယောက် အသက် ၃၀ မှာယူမယ်လို့ကတိပေးထားပါတယ်။ အတူတူစောင့်မျှော်လိုက်ကြရအောင်။
(ပိုပိုလေး)