ကမ်းခြေမှာအပေါ်ပိုင်းဗလာကျင်းပြီး သူမရဲ့အလှတွေကို ပြသလိုက်တဲ့ သင်ဇာဝင့်ကျော်
29 Mar 2019 1,812 Views
ပရိသတ်ရဲ့ အချစ်တော်မင်းသမီးလေးတစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင်သင်ဇာဝင့်ကျော်ကတော့ သူမရဲ့အလှအပကြောင့်သာ ထင်ရှားရုံမက တောင့်တင်းလှပတဲ့ သူမရဲ့ဘော်ဒီအလှကလည်း ပရိသတ်တွေကြားမှာ အလွန်ရေပန်းစားနေတာပါ။ ရုပ်ရည်ချောမောလှပသလို အမိုက်စားဘော်ဒီကောက်ကြောင်းကိုပါ ပိုင်ဆိုင်ထားတာကြောင့် သင်ဇာ့ရဲ့အလှကပြီးပြည့်စုံနေရခြင်းဖြစ်ပါတယ်။
သူမရဲ့လှပပြီး ဆွဲဆောင်မှုအပြည့်ရှိတဲ့ ရှိုက်ကြီးဖိုငင် အသွယ်သွယ်က ပုရိဿတွေကိုသိမ်းပိုက်ဖမ်းစားထားနိုင်ရုံမက အမျိုးသမီးထုကြီးကပါ သင်ဇာ့ရဲ့အလှတွေကို အားကျနေရတာဖြစ်ပါတယ်။ အမြဲဆိုသလို သူမရဲ့လှုမှုကွန်ယက်ကနေ အမိုက်စားပုံရိပ်တွေနဲ့ အားလုံးရဲ့အကြည့်တွေကို သိမ်းပိုက်ဖမ်းစားလေ့ရှိတာကြောင့် လူတကာရဲ့စိတ်ဝင်တစား စောင့်ကြည့်ခြင်းကိုခံထားရသူဆိုလည်း မမှားပါဘူး။
ယနေ့မှာတော့ သင်ဇာက သူမရဲ့ဖေ့စ်ဘွတ်မှာ ခပ်မိုက်မိုက်ပုံလေးတစ်ပုံကို တင်လိုက်ပါတယ်။ အဲ့တာကတော့ ထားဝယ်ကိုရောက်ရှိနေတဲ့ သင်ဇာတစ်ယောက် မြိတ်ကျွန်းစုရဲ့ကမ်းခြေတစ်ခုမှာ အပေါ်ပိုင်းဗလာကျင်းကာ သူမရဲ့အလှတွေကို ပြသထားတဲ့ပုံလေးတစ်ပုံကိုတင်လိုက်တာဖြစ်ပါတယ်။ တစ်ကိုယ်လုံးမှာ Under Wear တစ်ခုသာ ၀တ်ဆင်ထားပြီး အပေါ်ပိုင်းဗလာကျင်းနဲ့ ကျောဘက်ကနေရိုက်ကူးထားတဲ့ပုံရိပ်ကြောင့် ပရိသတ်တွေအားလုံးက ပါးစပ်အဟောင်းသားဖြစ်သွားရကာ ဝေဖန်မှုတွေပါထွက်ပေါ်လာခဲ့ပါတယ်။
သင်ဇာကတော့ ထိုပုံလေးကို “တစ်ခါတစ်လေ အားလုံးနဲ့ဆန့်ကျင်ပြီးနေရတာကိုက အရသာရှိတာ။ အမွှေပေါ့ အားလုံး Peace” ဆိုပြီး Caption တပ်ကာ သူမရဲ့ဖေ့စ်ဘွတ်မှာတင်ထားတာဖြစ်ပါတယ်။ သင်ဇာကတော့ မလုပ်နဲ့လို့တားတာကိုမှ လုပ်ချင်တဲ့ ခပ်ဆိုးဆိုးမိန်းကလေးဆိုတာကတော့ သိသာထင်ရှားနေသလို သူမရေးတင်ထားတဲ့ စာသားအရ လုပ်ချင်တာလုပ်လိုက်ရလို့ ပျော်ရွှင်နေတဲ့ပုံပါပဲနော်… အရမ်းအရမ်းကို ဟော့လွန်းနေတဲ့ သင်ဇာရဲ့ကမ်းခြေထက်က ပုံရိပ်လေးကိုဖော်ပြပေးလိုက်ပါတယ်။
ယခုလိုပုံက ဒါပထမဆုံးရိုက်တင်ခြင်းမဟုတ်ပဲ အေးချမ်းလွန်းတဲ့ ကချင်ပြည်နယ် ရေခဲတောင်မှာရုပ်ရှင်သွားရောက်ရိုက်ကူးစဉ်ကလည်း ရေခဲတွေနဲ့ ချမ်းအေးနေတဲ့အချိန်မှာတောင် စမ်းချောင်းလေးထက်မှာ အပေါ်ပိုင်းဗလာကျင်းနဲ့ ဓာတ်ပုံရိုက်ကူးခဲ့ပြီး ပရိသတ်တွေကို ပြန်လည်ဝေမျှခဲ့ပါသေးတယ်။ သူမရဲ့ဖက်ရှင်ဝတ်စားမှုတွေနဲ့ ပတ်သက်လို့ ဝေဖန်တိုက်ခိုက်သူတွေရှိနေပေမယ့်လည်း သူမဘာလုပ်လုပ် အပြစ်မမြင်ပဲ ချစ်ခင်အားပေးနေကြတဲ့ ပရိသတ်တွေကတော့ ပိုမိုများပြားလှပါတယ်။
(ပိုပိုလေး)