ဇာတ်ကားရိုက်ကူးအပြီး ပါတီကျင်းပခဲ့တဲ့ “လရဲ့အောက်ဘက်မိုင်အဝေးမှာ” အဖွဲ့သားများ
29 Mar 2019 1,867 Views
နာမည်ကျော် စာရေးဆရာမ ဂျူး ရဲ့ ဝတ္ထုတစ်အုပ်ဖြစ်တဲ့ “လရဲ့ အောက်ဘက်မိုင်အဝေးမှာ” ကို လူငယ်ဒါရိုက်တာ ထူးပိုင်ဇော်ဦးမှ ရုပ်ရှင်ဇာတ်ကားအဖြစ်အသက်သွင်းလာခဲ့ပါတယ်။ ဒီဇာတ်ကားမှာ အဓိက ဇာတ်ဆောင်များအနေနဲ့ ဒေါ်ခင်သန့်စင်အဖြစ် အိန္ဒြာကျော်ဇင်၊ နေရောင်ခန့်အဖြစ် ဒေါင်း၊ ဒေါ်ခင်သန့်စင်ရဲ့ သားနှစ်ယောက်ဖြစ်တဲ့ သိဒ္ဓိနဲ့ ဒီပါတို့အဖြစ် ရဲထွဋ်နဲ့ ဝင်းခန့်မိုးတို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီပါ အဖြစ်ပါဝင်သရုပ်ဆောင်မယ့် ဝင်းခန့်မိုးကတော့ အကယ်ဒမီဒေါ်ချိုပြုံးရဲ့ မြေးအရင်းပဲဖြစ်ပါတယ်။
ငယ်ရွယ်နုပျိုပြီး တည်ငြိမ်ရင့်ကျက်တဲ့အလှတရားကိုပိုင်ဆိုင်ထားတဲ့ Single Mother ဒေါ်ခင်သန့်စင်ဟာ ဆယ်ကျော်သက်အရွယ်သားနှစ်ယောက်ကို ထိန်းကျောင်းတဲ့အခါမှာ မှားယွင်းပုံတွေ၊ ဖြစ်တတ်တဲ့သဘာဝလေးတွေကိုရိုက်ကူးပြသမှာပဲဖြစ်ပါတယ်။ ဒေါ်ခင်သန့်စင်အဖြစ် ပါဝင်သရုပ်ဆောင်မယ့် မအူဝဲကလဲ တက်သစ်စလူငယ်ဒါရိုက်တာ ထူးပိုင်ဇော်ဦးနဲ့ အလုပ်အတူ တွဲလုပ်ရတာ အတွေ့အကြုံသစ်တွေရလာတယ်လို့ အင်တာဗျူးတစ်ခုမှာပြောကြားဖူးပါတယ်။
“လရဲ့အောက်ဘက်မိုင်အဝေးမှာ” ရုပ်ရှင်ဇာတ်ကားကြီးကို မတ်လ ၁၆ ရက်နေ့ကစတင်ရိုက်ကူးခဲ့ပြီး လက်ရှိမှာတော့ ရိုက်ကူးရေးပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး အဖွဲ့သားများဟာ ကာရာအိုကေမှာ ပါတီသဘောမျိုးကျင်းပခဲ့ကြပါတယ်။
ဒီဇာတ်ကားမှာ သိဒ္ဓိအဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့ တက်သစ်စမော်ဒယ်၊ သရုပ်ဆောင် ရဲထွဋ်က သူ့ရဲ့ အင်စတာဂရမ်စတိုရီမှာတင်ခဲ့ပါတယ်။ဒီကားမှာပါဝင်တဲ့ ရုပ်ရှင်အဖွဲ့သားများဟာ တစ်ယောက်နဲ့တစ်ယောက် မိသားစုပမာ ခင်မင်ရင်းနှီးမှုရှိတာကိုတွေ့ရမှာပါ။
မအူဝဲဟာဆိုရင် ဝါရင့်သရုပ်ဆောင်ကြီးတစ်ဦးဖြစ်ပေမဲ့ မာနမကြီးတတ်ပဲ လူငယ်များနဲ့အတူ သီချင်းဆို ကခုန်နေတာကိုတွေ့ရမှာပါ။ မိန်းကလေးတွေ အသဲစွဲရတဲ့ ဒေါင်းကလဲ သီချင်းသံတွေကြားမှာ လိုက်ပါစီးမျောကခုန်လျက်ရှိပါတယ်။
“လရဲ့အောက်ဘက်မိုင်အဝေးမှာ” ရုပ်ရှင်ဇာတ်ကားကြီးဟာ ရိုက်ကူးပြီးဆုံးသွားပြီဖြစ်တဲ့အတွက် ဘယ်တော့ရုံတင်ပြသမလဲဆိုတာ အတူစောင့်မျှော်ကြည့်ရှုလိုက်ကြရအောင်ပရိတ်သတ်ကြီးရေ။
(ပိုပိုလေး)