BEC-TERO TV

ရဲလက်မှာအစစ်ဆေးမခံမီ အလှပြင်ဆိုင်ဝင်ပြီးဆံပင်၊ မိတ်ကပ် ပြင်ဆင်ခဲ့တယ်ဆိုတဲ့ Seungri

28 Mar 2019     1,392 Views


တောင်ကိုးရီးယားနိုင်ငံ နာမည်ကြီးအဆိုတော်အဖွဲ့မှ Seungri ဟာ အမျိုးသမီးငယ်များကို တရားမဝင်လိင်အကြမ်းဖက်မှု၊ မူးယစ်ဆေးဝါး ရောင်းချမှုတို့မှာ ပါဝင်ပတ်သတ်နေခဲ့ပါတယ်။ Seungri ကိုယ်တိုင်ကြီးမှူးတဲ့ Burning Sun Club နဲ့ ရဲများရဲ့ ခြစားမှုအမှန် ပေါ်ပေါက်လာတဲ့အခါမှာ Seungri တစ်ယောက် ရဲလက်မှာ အစစ်ဆေးခံဖို့ ဆင့်ခေါ်ခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့ဟာ Seungri ကိုပထမဦးဆုံး ရဲစခန်းမှခေါ်ယူစစ်ဆေးတာဖြစ်ပါတယ်။ ရဲစခန်းကို အစစ်ဆေးခံဖို့ မသွားမီ Seungri တစ်ယောက် ဆံပင်နဲ့မိတ်ကပ်ပြင်ဆင်ဖို့ အလှပြင်ဆိုင်( Salon) ကိုဝင်ခဲ့တယ်လို့ မျက်မြင်သက်သေတစ်ဦးကပြောကြားလာပါတယ်။ “ဒီလို တစ်နိုင်ငံလုံးကို စိတ်ဆိုးအောင်လုပ်ပြီး မကောင်းမှုလုပ်ထားတဲ့လူတစ်ယောက်ကို အလှပြင်ဆိုင်မှာမြင်လိုက်ရတော့ ကျွန်အရမ်းအံ့သြသွားခဲ့တယ်၊ တကယ်ပဲ အလှပြင်ဆိုင်မှာ လာပြင်နေတာ မကြာခင်တီဗွီအစီအစဉ်တစ်ခုမှာပါဝင်ရတော့မယ့် လူတစ်ယောက်လိုပဲ မိတ်ကပ်ဆရာကိုတောင် မျက်လုံးအပေါ်က eyeliner ဒီထက်မဲမဲလေး ခြယ်ပေးဖို့ပြောနေတာကြားခဲ့ရတယ်” ဆိုပြီးပြောကြားလာပါတယ်။

Seungri ပြင်ဆင်ခြယ်သလာတဲ့ မိတ်ကပ်နဲ့ပတ်သတ်ပြီး မိတ်ကပ်ပညာရှင်အချို့ကလဲ သူတို့ထင်မြင်ချက်တွေကို ပြောကြားလာပါတယ်။ “ဆယ်လီတချို့ဟာ ရဲနဲ့တွေ့ဆုံရတော့မယ်ဆို ရဲတွေရဲ့ အမြင်မှာမရိုင်းအောင် သူတို့ကို eyeliner ခြယ်တာလျော့ပေးဖို့ပြောကြပါတယ်၊ Seungri ဟာ သူ့ Eye liner ကို ပိုပြီးမဲနက်အောင် ခြယ်သခိုင်းတာဟာ သူယုံကြည်ချက်အပြည့်ရှိကြောင်းပြသချင်တာ ၊ ဥပမာ- ငါဘာမှားနေလို့လဲ ဆိုတဲ့သဘောမျိုးဖြစ်ပါတယ်” လို့ ပြောလာပါတယ်။

တစ်ဖန် Seungri မိတ်ကပ်ပြင်တာကိုမြင်ခဲ့တဲ့ မျက်မြင်သက်သေကလဲ “မိတ်ကပ်က သူ့ဟာသူနေတာ ပြဿနာမရှိပါဘူး၊ မိတ်ကပ်ပြင်ထားတဲ့သူရဲ့ အမူအကျင့်တွေကြောင့်တာ မြင်ရတဲ့သူကိုစိတ်ပျက်စေတာပါ၊ နာမည်ကြီးစတားတစ်ယောက်ရဲ့ ဒီလိုမထီမဲ့မြင်ပုံစံမျိုးကို မြင်လိုက်ရတာ ကျွန်မအတွက်ကံဆိုးတာပါပဲ” လို့ပြောကြားသွားပါတယ်။

တစ်ဖန် Seungri ဟာ မတ်လ ၂၆ ရက်နေ့မှာလဲ ရဲထံမှာ ထပ်မံအစစ်ဆေးခံဖို့ အလှပြင်ဆိုင်မှာ မိတ်ကပ်သွားပြင်ခဲ့ကြောင်းသိရပါတယ်။

 

(ပိုပိုလေး)
 


28 Mar 2019     1,392 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS