BEC-TERO TV

ကလေးမီးဖွားပြီး ၂၆ ရက်အကြာမှာ နောက်ထပ်အမွှာနှစ်ယောက် ထပ်မွေးတဲ့ မိခင်

28 Mar 2019     1,550 Views


ဆရာဝန်တွေကိုယ်တိုင် အံ့သြတုန်လှုပ်ခဲ့ရတဲ့ ထူးဆန်းတဲ့ အဖြစ်ပျက်တစ်ခုပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အမျိုးသမီးတစ်ဦးဟာ ပထမဆုံး သားဦးလေး မွေးဖွားပြီးလို့ ဆေးရုံက ဆင်းသွားခဲ့ပြီး ၂၆ ရက်အကြာမှာ နောက်ထပ် အမွှာကလေးနှစ်ဦးကို ထပ်မံမွေးဖွားမှု ဖြစ်ပွားခဲ့ပါတယ်။
 
အသက် ၂၀ အရွယ် Arifa Sultana ဆိုသူ အမျိုးသမီးဟာ ပြီးခဲ့တဲ့လက သူမရဲ့ပထမဦးဆုံး သားယောကျ်ားလေးကို လမစေ့ပဲ ဆေးရုံမှာ မီးဖွားခဲ့ပါတယ်။ အဲဒီနောက် အိမ်ပြန်သွားခဲ့ပြီး ၂၆ ရက်အကြာမှာ ရေမွှာထပ်ပေါက်ခဲ့သဖြင့် ထိတ်လန့်ပြီး အရေးပေါ် ဆေးရုံပြန်တင်ခဲ့ရပါတယ်။
 
ဒီအခါကျမှ သူမရဲ့ သားအိမ်ထဲမှာ နောက်ထပ် သန္ဓေသားကျန်သေးတယ်ဆိုတာ ဆရာဝန်တွေ သတိထားမိခဲ့ပါတယ်။ အဲဒီနောက် နောက်ထပ် အမွှာ ယောကျ်ားလေးနဲ့ မိန်းကလေးတစ်ဦး ထပ်မံမီးဖွားခဲ့ပါတယ်။ ဆရာဝန်တွေဟာ ပထမကလေးမွေးစဉ်က နောက်ထပ် သန္ဓေသားကျန်းသေးတာကို သတိမထားမိခဲ့ကြသလို မိခင်ဖြစ်သူကိုယ်တိုင်လည်း အမွှာကိုယ်ဝန်လွယ်ထားရတာကို မသိခဲ့ဘူးလို့ မီးယပ်ပါရဂူ Sheila Poddar က AFP သတင်းဌါနကို ပြောကြားခဲ့ပါတယ်။
 
ပြီးခဲ့တဲ့ သောကြာနေ့မှာ အမွှာနှစ်ယောက်ကို အရေးပေါ်ထပ်မံမွေးပေးခဲ့ရပါတယ်။ အမျိုးသမီးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနောက်တောင်ပိုင်း ဂျက်ဆိုးဒေသမှဖြစ်ပြီး မိခင်ရော ကလေး ၃ ယောက်လုံးပါ ကျန်းမာစွာရှိပါတယ်။
 
ကျနော် ဆရာဝန်လုပ်လာတဲ့ နှစ်ပေါင်း ၃၀ လုံး ဒီလိုအဖြစ်မျိုး တစ်ခါမှ မကြုံဖူးဘူး” ဟု အစိုးရဆရာဝန်ကြီး Dilip Roy က ပြောကြားခဲ့ပါတယ်။ Roy က ကလေးမွေးစဉ် နောက်ထပ် သန္ဓေသားကျန်နေသေးတာကို ဆရာဝန်တွေ ဘာကြောင့်မသိကြတာလဲလို့ Khulna ဆေးတက္ကသိုလ်ဆေးရုံက ဆရာဝန်တွေကို မေးခွန်းထုတ်လိုက်ပါတယ်။
 
 
ကလေးမွေးဖွားခဲ့တဲ့ အမျိုးသမီးဟာ ဆင်းရဲတဲ့မိသားစုဖြစ်ပြီး သူ့ခင်ပွန်းရဲ့ ဝင်ငွေဟာ တစ်လမှာ တာကာ ၆၀၀၀ (ကျပ် ၁ သိန်း ၆ ထောင်) ပဲရှိပါတယ်။ ဒါပေမယ့် ဒီကလေးတွေဟာ ဘုရားကသူတို့ကို ကောင်းချီးပေးတဲ့ လက်ဆောင်လို့ မှတ်ယူပြီး အကောင်းဆုံး ပြုစုပျိုးထောင်သွားမယ်လို့ ခင်ပွန်းဖြစ်သူက ပြောဆိုခဲ့ပါတယ်။

28 Mar 2019     1,550 Views




RELATED

Most Popular of Special or Others

Most Popular of NEWS