သမ္မတအိမ်တော် ညစာစားပွဲကိုတက်ရောက်ဖို့ဖိတ်ကြားခြင်းခံခဲ့ရတဲ့ ချွဲစီဝန်
28 Mar 2019 1,370 Views
တောင်ကိုးရီးယားနိုင်ငံ နာမည်ကြီးအမျိုးသားအဆိုတော်အဖွဲ့ Super Junior အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ချွဲစီဝန်ဟာ ချမ်းသာတဲ့ မိသားစုအသိုင်းအဝိုင်းက ပေါက်ဖွားလာသူတစ်ဦးပါ။ စီဝန်ဟာ အဆိုတော်၊ သရုပ်ဆောင် ဖြစ်ပြီးကာလမှာ ပိုမိုချမ်းသာလာပြီး သူပိုင်ပိုက်ဆံနဲ့ လက်ရှိ သူ့ အေဂျင်စီ SM Entertainment ကိုတော်ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။ သို့ပေမယ့် စီဝန်ကတော့ ဒီလိုကိစ္စတွေကို စိတ်ဝင်စားခြင်းမရှိခဲ့ပါဘူး။ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ မရှိဆင်းရဲသားကလေးတွေကို Unicef နဲ့ ပူးပေါင်းပြီး လိုက်လံလှူဒါန်းနေခဲ့ပါတယ်။
ချွဲစီဝန်ဟာ Unicef မှာ တောင်ကိုးရီးယားကိုယ်စားပြုချစ်ကြည်ရေးသံတမန်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရပြီး ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ကလေးသူငယ် ပညာရေး၊ ကလေးသူငယ်များကို ညှင်းပန်းနှိပ်စက်မှု နှိမ်နင်းပပျောက်ရေးတွေမှာ အဓိကထားပါဝင်လှုပ်ရှားခဲ့ပါတယ်။
မတ်လ ၂၇ ရက်နေ့မှာ စီဝန်ဟာ သူ့ရဲ့ instagram account မှာ “ဒီလိုအဓိပ္ပါယ်ရှိတဲ့ အချိန်အခါကောင်းလေးမှာ ဖိတ်ကြားတဲ့အတွက်ကျေးဇူးတင်ပါတယ်” လို့ ရေးသားခဲ့ပြီး Location အနေနဲ့ သမ္မတအိမ်ပြာတော်ဆိုပြီး တင်ခဲ့ပါတယ်။ စီဝန်ဟာ တောင်ကိုးရီးယားသမ္မတ မွန်ဂျေအင်း နဲ့ ဘယ်လ်ဂျီယံ ဖိလစ်ဘုရင် တို့ ချစ်ကြည်ရေးညစာစားပွဲကို ဖိတ်ကြားခြင်းခံခဲ့ရတာဖြစ်ပါတယ်။
အဆိုတော် တစ်ယောက်အနေနဲ့ ဒီလိုဖိတ်ကြားခြင်းခံရတာဟာ ချွဲစီဝန်ရဲ့ ပရိတ်သတ်တွေအတွက် ဂုဏ်ယူဝမ်းမြောက်စရာပါပဲ။
(ပိုပိုလေး)