BEC-TERO TV

၃ ဦးသဘောတူ ချစ်ရည်လူးနေစဉ် ဇနီးသည်က မနာလိုဖြစ်ကာ ဓါးနဲ့ထိုး

26 Mar 2019     1,553 Views


ခင်ပွန်းဖြစ်သူဟာ အခြား အိမ်ထောင်ရှိ အမျိုးသမီးတစ်ဦးနဲ့ လိင်ဆက်ဆံနေတာကို မရှူစိမ့်နိုင်တဲ့အဆုံးမှာ ဇနီးသည်က အိပ်ယာပေါ်တက်ပြီး ယင်းအမျိုးသမီးရဲ့ မိန်းမအင်္ဂါကို ဓါးနဲ့ထိုးခဲ့မှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။
 
ဓားနဲ့ထိုးခဲ့သူ အမျိုးသမီးမှာ အသက် ၄၆ နှစ်အရွယ် ကော်ဖီဆိုင်ဝန်ထမ်းကို အခင်းဖြစ်ပွားပြီးနောက် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ဆီဘူးခရိုင် ဒုရဲအုပ် Stanley Jonathan Ringgit က အတည်ပြုပြောဆိုခဲ့ပါတယ်။
 
ဓားထိုးခံခဲ့ရတဲ့ အသက် ၃၄ နှစ်အရွယ် စျေးသန့်ရှင်းရေး အမျိုးသမီးဟာ သူမရဲ့ မိန်းမအင်္ဂါကို ဓါးနဲ့ ထိုးခံခဲ့ရတာကြောင့် သွေးထွက်လွန်ပြီး စိုးရိမ်စရာအခြေအနေနဲ့ ဆေးရုံတင်ပို့ခဲ့ရပါတယ်။ ဒါပေမယ့် ကုသမှုခံယူပြီး အခုဆိုရင် ကျန်းမာရေးအခြေနေ ပုံမှန်ပြန်ဖြစ်လာပြီဖြစ်ပါတယ်။
 
ဖြစ်စဉ်က သူတို့သုံးဦးဟာ တရားခံအမျိုးသမီး လင်မယားနေထိုင်ရာ အိမ်မှာ ပျော်ပျော်ရွှင်ရွှင် သောက်စားရင်း စကားပြောနေခဲ့ကြပါတယ်။ အမျိုးသားက အရက်သောက်ပြီး အမျိုးသမီးတွေကတော့ အချိုရည်ပဲ သောက်ကြပါတယ်။ အဲဒီနောက် သုံးဦးသား သဘောတူညီချက်နဲ့ နှစ်ယောက်တစ်ယောက် ကာမစပ်ယှက်ရန် သဘောတူခဲ့ကြပါတယ်။
 
အရင်ဦးဆုံး အမျိုးသားက သူ့ရဲ့ဇနီးနဲ့ လိင်ဆက်ဆံခဲ့ပါတယ်တယ်၊ အဲဒီနောက် ဇနီးဖြစ်သူက အိပ်သာသွားတဲ့အခါ အမျိုးသားက နောက်ထပ် အမျိုးသမီးနဲ့ လိင်ဆက်ဆံနေစဉ် ဇနီးဖြစ်သူက ဓါးကိုင်ကာ အခန်းထဲသို့ ပြေးဝင်လာပြီး အမျိုးသမီးကို ဓါးနဲ့ ထိုးခဲ့ရာမှ ငယ်သံပါအောင် အော်ဟစ်ခဲ့တယ်လို့ အမျိုးသားက ဖြောင့်ချက်ပေးခဲ့ပါတယ်။
 
 
အဲဒီနောက် အမျိုးသားက တစ်ဖက်အခန်းမှာနေတဲ့ သူ့ရဲ့အစ်ကိုကို အကြောင်းကြားပြီး ထွက်ပြေးသွားတဲ့ သူ့ရဲ့ဇနီးကို လိုက်ဖမ်းခိုင်ခဲ့ပါတယ်။ သူတို့လင်မယားဟာ အိမ်ထောင်သက် ၇ နှစ်ရှိပြီဖြစ်ပြီး ဓါးနဲ့ထိုးခံခဲ့ရတဲ့ အမျိုးသမီးဟာလည်း အိမ်ထောင်ရှိသူဖြစ်ကာ ကလေး ၄ ယောက်ရှိပြီး ခင်ပွန်းဖြစ်သူက အခြားမြို့က သစ်ထုတ်လုပ်ရေးစခန်းမှာ အလုပ်လုပ်ကိုင်နေကြောင်း ရဲအရာရှိ Stanley က ပြောကြားခဲ့ပါတယ်။
 

26 Mar 2019     1,553 Views




RELATED

Most Popular of Special or Others

Most Popular of NEWS