မြန်မာ့ရုပ်ရှင်လောကနဲ့ပတ်သတ်ပြီး ရင်ထဲကစကားသံတွေအကြောင်းပြောလိုက်တဲ့ မခိုင်ကြီး
26 Mar 2019 1,639 Views
၂၀၁၈ အကယ်ဒမီဆုပေးပွဲအခမ်းအနားအပြီး မြန်မာ့ရှုပ်ရှင်တွေအပေါ် ပရိတ်သတ်တွေရဲ့ အထင်အမြင်သေးမှု လှိုင်းဂယက်က ပိုမိုပြင်းထန်လာပါပြီ။ မြန်မာ့ရုပ်ရှင်ကို ပရိတ်သတ်တွေတင် အထင်သေးနေတာမဟုတ်ပဲ အနုပညာသားအချင်းချင်းကပါ မကျေနပ် ထိုးနှက်သံတွေထွက်ပေါ်လာပါတယ်။
တစ်ချိန်က ရုပ်ရှင်သရုပ်ဆောင်အကယ်ဒမီလွင်မိုးကလဲ ရုပ်ရှင်လောကသားတွေ ပရိတ်သတ်အသံကို အလေးပေးနားထောင်သင့်ဖို့ကောင်းတယ်ဆိုပြီး ပြောဆိုထားတာတွေ့ရပါတယ်။ ယခု တစ်ဖန် အကယ်ဒမီ ထွန်းအိန္ဒြာဗိုလ်မှ သူ့ရဲ့ ရင်တွင်းခံစားချက်တွေကို ထုတ်ဖော်ပြောဆိုလာပါတယ်။
ထွန်းအိန္ဒြာဗိုလ်ရဲ့ ခင်ပွန်းဖြစ်သူ ကိုအောင်မင်းထွန်းဟာ မြန်မာ့ရုပ်ရှင်လောကနဲ့ ပတ်သတ်ပြီး အားမလိုအားမရတွေဖြစ်မိတဲ့အတွက် ချီပြီးတုတ်ပြီးပြောဖို့ စာစီနေတယ်လို့ မခိုင်ကြီးကပြောထားပါတယ်။ တကယ်တမ်းမှာတော့ မခိုင်ကြီးရင်ထဲမှာလဲ ပြောမိနေတာက ခင်ပွန်းသည်နဲ့ ထပ်တူကျနေပါတယ်၊ every sector မှာ generation gaps တွေများနေပြီဆိုပြီး ရေးသားထားပါတယ်။
သရုပ်ဆောင်မင်းသမီး ဆုပန်ထွာကမခိုင်ကြီးရဲ့ ပို့စ်အောက်မှာ “အဲ့ဒီကားကြည့်တုန်းက ပန်ပန်အရမ်းကြိုက်သော တကယ်ကောင်းသော ချစ်မပါရှင်၊ ညီမလေး ဆုရတာဝမ်းသာပေမယ့် အခုမှဇာတ်ဆောင်နဲ့ ဇာတ်ပို့မှားနေတာသိရတာ၊ ချစ်မကို အဲ့ကားကြည့်တုန်းက ကောင်းလိုက်တာဆိုပြီး လင်မယားနှစ်ယောက်ချီးကျူးမိနေတာမှတ်မိတယ်”လို့ရေးသားခဲ့ပါတယ်။ တစ်ဖန် မခိုင်က “အမ ရတာမရတာက အရေးမကြီးပါဘူးပန်ရေ ကမ္ဘာမှာဆုရထားတဲ့ကားကို မြန်မာကအသိအမှတ်မပြုကြဘူး” ဆိုပြီးပြန်လည်ရေးသားထားပါတယ်။
ကြည့်ရတာ အနုပညာရှင်တွေလဲ ရုပ်ရှင်လောကကြီးရဲ့ လုပ်ဆောင်ချက်တွေကို ကျေနပ်နေဟန်မပေါ်ပါဘူး။ သူတို့ရဲ့ ခံစားချက်တွေ တစ်စထက်တစ်စ ပိုပေါ်လာကြပြီဖြစ်ပါတယ်။ ရုပ်ရှင်ကို ပိုမို တိုးတက်စေချင်တဲ့ အနုပညာလောကသားတွေရဲ့ ခံစားချက်တွေက ပရိတ်သတ်တွေထက် မပိုရင်တောင် မလျော့ပါဘူး။ သူတို့မှာလဲ လုပ်ပိုင်ခွင့်မရှိတဲ့အတွက် မတတ်သာလို့ ငြိမ်ခံနေရတယ်ဆိုတာ သိသာထင်ရှားလာပါတော့တယ်။
(ပိုပိုလေး)