BEC-TERO TV

အနုပညာလောကသားတွေ ပရိတ်သတ်စကားကို နားထောင်ပေးဖို့လိုနေပြီလို့ပြောကြားလိုက်တဲ့ လွင်မိုး

26 Mar 2019     1,482 Views


တစ်ချိန်က ရုပ်ရှင်ဇာတ်ကားကြီးတွေရဲ့  အကယ်ဒမီများရှင် မင်းသားကြီးလွင်မိုးကတော့ ၂၀၁၈ အကယ်ဒမီဆုပေးပွဲကြီးနဲ့ ပတ်သတ်ပြီး သူ့ရဲ့ ထင်မြင်ချက်တွေကို ပြောကြားလာပါပြီ။ လွင်မိုးဟာ အနုပညာလောကသားတွေကို ပရိတ်သတ်အသံကို နားထောင်ဖို့၊ ပရိတ်သတ်ကို အလေးထားဖို့ အဓိကထားပြီးပြောကြားလိုက်ပါတယ်။

ပရိတ်သတ်တွေအနုပညာအပေါ် အထင်အမြင်သေးလာတာတွေ၊ ပေါကားဆိုပြီး ရှုံ့ချလာတာတွေဟာ အနုပညာလောကသားတွေမှာတာဝန်ရှိပါတယ်။ ဒါကို ဦးလွင်မိုးက လက်ရှိမှာ အနုပညာလောကသားတွေ လုပ်ဆောင်သင့်တဲ့ အကြောင်းအရာတွေကို မီးမောင်းထိုးပြလိုက်ပါပြီ။ ဦးလွင်မိုးပြောကြားထားတာတွေကတော့ “ပရိတ်သတ်တွေယုံကြည်မှုနည်းနေတာတော်တော်ကြာနေပြီ၊ ရှင်းရှင်းပြောမယ် နာမည် ထုတ်ပြောမယ်ဆိုရင်တော့ သူတို့က မုဒြာခေါ်သံတို့ ၊ ဥပါယ်တံမျဉ်တို့ကိုထောက်ပြနေပြီ။ နိုင်ငံတကာမှာ ဆုတွေရထားပြီးပြီ သူတို့ထောက်ပြနေပြီ သူတို့ကိုယ်တိုင်ကြိုက်တယ်လို့လဲပြောနေကြပြီ ဒီမုန့်ကစားကောင်းတယ် သူတို့လဲကြိုက်တယ်ပြောနေကြတာကို အဲ့မုန့်မစားနဲ့ ဒီမုန့်စားဆိုပြီး အတင်းသွားရောင်းလို့မှမရတာပဲ။ ” လို့ပရိတ်သတ်အမြင်ကို အခြေခံပြီးပြေကြားထားပါတယ်။

ဒီနှစ်အကယ်ဒမီဆုပေးပွဲမှာ စာအိတ်ဖွင့်ဖောက်ကြေငြာလိုက်ရတာနဲ့ ပတ်သတ်ပြီး ရလာဒ်ကို မကျေနပ်ပေမယ့် တစ်ဖက်က ခင်မင်ရင်းနှီးရတဲ့ အနုပညာညီအစ်ကိုမောင်နှမတွေဖြစ်နေပြီး တစ်ဖက်က အကဲဖြတ်အဖွဲ့ကလဲ ဆရာသမား တွေဖြစ်နေတဲ့အတွက် ပြောဖို့အားနာစရာတွေဖြစ်လာတယ်လို့ ဦးလွင်မိုးကပြောကြားထားပါတယ်။

“ပရိတ်သတ်ဆိုတာ ပညာရှင်အဆင့်လောက်ကိုရောက်တဲ့ ပရိတ်သတ်ကိုဖြစ်နေပြီ။ နားလည်နေကြပြီ ရုပ်ရှင်အကြောင်းကို အခု သူတို့တွေက ဆန့်ကျင်နေကြပြီ၊ ပေါကားတွေရပ်ဆိုပြီး ဆန့်ကျင်နေပြီးပြီ ဒါကို ဒီလိုကားတွေပဲပေးနေတယ်ဆိုတော့ မဟုတ်သေးဘူး” လို့ ပြောကြားထားပါတယ်။ တစ်ဖန် အကယ်ဒမီအမျိုးသားဇာတ်ဆောင်ဆုရရှိထားတဲ့ သူထူးစံကိုလဲ “မှော်ဝင်သမန်းကျားဆိုတာ ကိုယ်လဲမကြည့်ဖူးဘူး၊ သူထူးစံ ဒီကားမှာ တခြားဇာတ်ကွက်တွေက ပိုကောင်းချင်ကောင်းမယ်၊ ဒါကိုပြန်ပြလိုက်တဲ့ အိုက်တင်တွေက ပရိတ်သတ်ကျေနပ်အားရလောက်တဲ့ အိုက်တင်တွေမဟုတ်ဘူး။ အဲ့တာတွေအပေါ်မှာ ရှက်စရာကောင်းတယ်လို့မြင်ပါတယ်လို့” အားမလိုအားမရ ပြောသွားပါတယ်။

“ပရိတ်သတ်ကတော့ ကောင်းတာပဲရွေးပြီးကြိုက်သွားမှာပဲ၊ ပရိတ်သတ်က ဘာလို့ ဒီလိုတွေပြောနေရတာလဲဆိုတာ သူတို့အားမရလို့ပြောတာပေါ့ ၊ သူတို့ဖြစ်ချင်တာမဖြစ်လို့ပြောတာပေါ့” ဆိုပြီး ပရိတ်သတ်အသံကို အလေးထားဖို့ပြောကြားသွားပါတယ်။ အကဲဖြတ်ဒိုင်အဖြစ် မပါဝင်ဖြစ်တာကလဲ သူကောင်းမယ်ထင်တဲ့ ကာရိုက်တာမင်းသားတွေကို ရွေးချယ်ပေးခဲ့တယ်၊ ပရိတ်သတ်နဲ့ ထပ်တူကျမယ် ထင်လို့ရွေးချယ်ခဲ့ပေမယ့် အထက်ကပြန်ဖြုတ်ကျတဲ့အတွက် မပါဖြစ်တော့တာလို့ ပြောပါတယ်။ “အနုပညာအလုပ်မှာ ငါဟာ ပညာရှိပဲ ပညာတတ်ပဲဆိုပြီး ထိပ်တိုက်သွားပြီး ရင်ဆိုင်လို့မရဘူး၊ အရာအားလုံးကို ခြုံငုံပြီး ဈေးကွက်တစ်ခုလိုမြင်နိုင်ရမယ်၊ အကယ်ဒမီပေးပွဲဆိုတာ အနုပညာလောကသားတွေအတွက် မားကတ်တင်းတစ်ခုလိုပဲ” ဆိုပြီးပြောကြားသွားပါတယ်။

(ပိုပိုလေး)

Credit- Myanmar Celebrity


26 Mar 2019     1,482 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS